Archives

Fact Check: ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သူ့သား ကြေညာဆိုတဲ့ သတင်းတု

ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သားဖြစ်သူ ကင်အဲရစ်ကြေညာဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၄ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၁ သိန်းရရှိထားတယ်။  “အကျဉ်းထောင်ထဲမှာ အမေစု အသက်မရှိတော့ဘူးဟု သားဖြစ်သူကိုယ်တိုင် အတည်ပြုကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Daily Burmese Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ အခုလည်း ဗွီဒီယိုထဲမှာ‌ဖော်ပြခဲ့တဲ့အကြောင်းအရာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သားဖြစ်သူ […]

Continue Reading

Fact Check: ခရစ္စမတ်ကျင်းပနေတုန်း NUG သမ္မတ အဖမ်းခံရတဲ့ သတင်းတု

ခရစ္စမတ်ပွဲကျင်းပနေတုန်း NUG သမ္မတ ဒူးဝါးလရှီလ အဖမ်းခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုယူကျူ့ချန်နယ် တခုက ဖြန့်ဝေနေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၅ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “25/12/2024 Christmas ပွဲကျင်းပနေတုန်း NUGယာယီသမ္မတကြီးအဖမ်းခံရ အရေးပေါ်ဖဖြန့်ပေးကြပါဗျို့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။(ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။) အခုလည်း ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check:  ‌ဖေ့စ်ဘွတ်နာမည်ကြီး ဖြူဖြူထွေး အသတ်ခံရတဲ့ သတင်းတု 

စစ်တပ်ကိုထောက်ခံတဲ့ ‌ဖေ့စ်ဘွတ်နာမည်ကြီး ဖြူဖြူထွေး အသတ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို Local Celegram အမည်နဲ့ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။  ဒီဇင်ဘာ ၂၄ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “စစ်တပ်ထောက်ခံ အကြီးစားဘောမ ဆယ်လီ”ဖြူဖြူထွေး” အသတ်ခံရပြီ စိတ်ခိုင်ခိုင်ထားပြီးမှနားထောင်ကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒါပေမဲ့ “Local Celegram”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ […]

Continue Reading

Fact Check:  NLD ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးကို စစ်တပ်က ညတွင်းချင်း သေဒဏ်ပေးတဲ့ သတင်းတု

စစ်တပ်က NLD ‌ခေါင်းဆောင် ၃ ဦးကိုဖမ်းပြီး ညတွင်းချင်း သေဒဏ်ပေးလိုက်ပြီလို့ဆိုလိုထားတဲ့  ဗွီဒီယိုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၂၂ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “စစ်တပ်ကNLD ခေါင်းဆောင်(၃)ဦးဖမ်းပြီး  ညက သေဒဏ်ပေးလိုက်ပြီတဲ့ဗျာ/လွန်သွားပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit thit channel”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check: မက်လင်ချဉ်က အသည်း‌ရောဂါတွေကို ပျောက်ကင်းတယ်ဆိုတဲ့ အထောက်အထားမရှိပါ

မက်လင်ချဉ်က အသည်းရောင်အသားဝါ ဘီပိုးနဲ့ အသည်းရောင်အသားဝါ စီပိုးတို့ကို ပျောက်ကင်းစေတယ် လို့ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြော်ငြာရောင်းချလျှက်ရှိတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်ပြီး မက်လင်ချဉ်က အသည်းရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။  ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “အသည်းရောဂါ၊ဘီပိုး၊စီပိုးသမား၊အသည်းအဆီဖုံး အသည်းခြောက်သူများအတွက် ညနေပိုင်းသောက်ရန်အကောင်းဆုံးကတော့မက်လင်ချဉ်‌ ဖျော်ရည်ပါ။ အသည်းရောဂါအတွက်တင်မကဘဲ အဆီကျမြန်စေသောကြောင့် ပိန်ချင်သူများအတွက် အထူးသင့်လျော်ပါသည်။ အသည်းရောဂါအတွက်မက်လင်ချဉ် ဖျော်ရည်မသောက်ခင် ပိုးအရင်စစ်ကြည့်ပါ။ သောက်ပြီး ၃ရက်ပြည့်တဲ့နေ့မှာ ပိုးအရေအတွက်သိသိသာသာကျဆင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ အသည်းအတွက် မက်လင်ချဉ်က မန်ကျည်းမှည့်ထက်‌‌တောင် ပိုပြီးအစွမ်းထက်ပါတယ်။ မက်လင်ချဉ်မှာပါဝင်တဲ့အထူးစွမ်းတဲ့ ဂုဏ်သတ္တိလေးတွေက အသည်းရောဂါဝေဒနာရှင်များနှင့် ကိုယ်တွင်းကအဆီပိုကျချင်သူများအတွက် ဘုရင်တစ်ပါးဖြစ်နေပါတယ်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ […]

Continue Reading

Fact Check: ရူပဗေဒကို အန်တုမယ့် UFO တိုက်လေယာဉ် အီလွန်မက် ထုတ်လုပ်လိုက်ပြီလား-မဟုတ်ပါ

ရူပဗေဒကို အံတုနိုင်တဲ့ UFO တိုက်လေယာဉ်ကို SpaceX နဲ့ Telsa တို့ရဲ့ နောက်ကွယ်က သူဌေးကြီး အီလွန်မက် (Elon Musk)က ထုတ်လုပ်လိုက်ပြီလို့ ဆိုထားတဲ့ ပို့စ် ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ တကယ်တော့  သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၁၇ ရက်က ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့နဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “Elon Musk သည် ရူပဗေဒကို အံတုနိုင်သော UFO တိုက်လေယာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။ SpaceX နှင့် Tesla တို့၏နောက်ကွယ်မှ ဘီလီယံနာသူဌေးကြီး Elon Musk သည် ယနေ့ အံ့မခန်းသော ထုတ်ဖော်ပြသမှုတစ်ခုတွင် “သမားရိုးကျ ရူပဗေဒကို အံတုနိုင်သော ပထမဆုံး UFO တိုက်လေယာဉ်” […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေတဲ့နေရာကို PDF ဝင်စီးပြီး ကယ်ထုတ်တဲ့ သတင်းတု

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ထားတဲ့ နေရာကို သိရှိပြီးနောက် PDF တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၈ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “မနေ့ညက ဖရဲသီး သတင်းပေးလို့ စစ်ကောင်စီ အမေစုကို ဖွက်ထားတဲ့နေရာ PDF တွေ  အင်အားအလုံးရင်းနဲ့ ဝင်စီးပြီး ကယ်တင်နိုင်ခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ “MCM”အမည်နဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ရုရှားကို ထွက်‌ပြေးပြီဆိုတဲ့ သတင်းတု

ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ဒီဇင်ဘာ ၁၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ “၁၃ရက်နေ့ စစ်အရာရှိတွေပြေးကုန်ပြီ (၇၂)နာရီအတွင်း တပ်ချုပ်ကိုဖမ်းရန် ကုလထုတ်တဲ့အမိန့်ကြောင့် မအလ ရရှားတန်းပြေးပြီး/မဲလုံးအတည်ပြု” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုထားပေမဲ့ ဒီအကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို ရန်ကုန်က နှင်ထုတ်မယ်ဆိုတဲ့ သတင်းတု

တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို စစ်ကောင်စီ ရန်ကုန်က နှင်ထုတ်မယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ ဒီဇင်ဘာ ၁၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “ထွန်းမြတ်နိုင်က ဆွေးနွေးဖို့ လက်မခံလို့ ရန်ကုန်က ရခိုင်လူမျိုး မှန်သမျှ နှင်ထုတ်ဖို့ အမိန့်ချလို့လန့်ကုန်ပြီ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link ၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာတော့ ရခိုင်တွေကို သတ်ဖို့လုပ်နေပြီလို့ဆိုထားပါတယ်။ အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတွေ ဒါမှမဟုတ် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီယူကျူ့ချန်နယ်နဲ့ […]

Continue Reading

Fact Check: စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို AA သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို အာရက္ခတပ်တော်(AA)က သေဒဏ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၇ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “ဗိုလ်ချုပ် သူရိန်ထွန်း AA သေဒဏ်ပေး အသက်သွေးကြွေး ပြန်ဆပ်တာလို့ AA ကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ချန်နယ်ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေ အထူးသဖြင့် စာသားနဲ့ သတင်းတင်ဆက်မှုတွေကို ဗွီဒီယိုပုံစံပြောင်းလဲပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ […]

Continue Reading