Archives

Fact Check: စစ်ခေါင်းဆောင်ကို ကျားဖြန့်အမှုနဲ့ တရုတ်ဖမ်းဆီးလိုက်ပြီဆိုတဲ့  သတင်းတု 

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျားဖြန့်အမှုနဲ့ တရုတ်ဖမ်းဆီးလိုက်ပြီဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူးတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးတဲ့ အကြောင်အရာတွေကို လိုအပ်သလို ပြန်လည်ပြောဆိုပြီး ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ Fact Crescendo Myanmar ရဲ့  အချက်အလက်စိစစ်မှု တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးတဲ့ သတင်းတု

ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်ကူးခဲ့တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာ ဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီကရွေးကောက်ပွဲအတွက် မင်းသားလေးဦးနဲ့ […]

Continue Reading

Fact Check: နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရလို့ စစ်ခေါင်းဆောင်သေဆုံးတဲ့ သတင်းတု 

နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူးတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း […]

Continue Reading

Fact Check: ငွေကြေးလိမ်လည်မှုနဲ့ နေပြည်တော်ကို အမေရိကန် စစ်တပ် ဝိုင်းထားပြီး ဗုံးကြဲလေယာဉ်တွေလည်း ဝင်လာပြီဆိုတဲ့ သတင်းတု 

ငွေကြေးလိမ်လည်မှုနဲ့ နေပြည်တော်ကို အမေရိကန်စစ်တပ် ဝိုင်းထားပြီး ဗုံကြဲလေယာဉ်တွေလည်း ဝင်လာပြီ ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အောက်တိုဘာ ၂၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၈၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။   “နေပြည်တော်ကို အမေရိကန် စစ်တပ် ဝိုင်းထားပြီ ဗုံးကြဲလေယာဉ်တွေ အစီးလိုက် ဝင်လာ အမေရိကန်က ကြားဖြန့်အမှုဆိုပြီး နေပြည်တော်ကို တင်းကြပ် နိုင်ငံတကာ အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်ရေး ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က […]

Continue Reading

Fact Check: မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှု သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှုဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ လတ်တလော အဖြစ်အပျက်မဟုတ်ဘဲ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “မင်္ဂလာဒုံလေဆိပ် အမှောင်ကျပြီ မင်္ဂလာဒုံလေဆိပ် ၁၀၇မမနဲ့ တိုက်ခိုက်ခံရပြီး စစ်ခွေး အသေအပျောက်များနေ၊ လေဆိပ်ကို အမှောင်ချထား” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Tht Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့က ဖော်ပြချက် သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။  အခုလည်း  အမှန်တကယ်မှာ ၂၀၁၃ ခုနှစ်က သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေထားသလို ချဲ့ကား ရေးသားထားခြင်းဖြစ်တာလည်းတွေ့ရတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမည်ဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဒေါ်နယ်ထရမ့်နဲ့ အမေစု တွေ့ဆုံမည် အာဆီယံ အစည်းအဝေး ဒေါ်စု တက်ရမည်၊ မင်းအောင်လှိုင်ကို  ဖုန်းဆက်ပြီး ဒေါ်နယ်ထရမ့် ဖိအားပေး”  Original link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံမှာ အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်မယ်၊ ဒေါ်နယ်ထရမ့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမယ်စသည်ဖြင့် ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: ရခိုင်ပြည်ကို အမေရိကန် စစ်သင်္ဘောတွေဝင်လာပြီဆိုတဲ့ သတင်းမှား

ရခိုင်ပြည်နယ်ကို အမေရိကန်စစ်သင်္ဘောတွေ ဝင်လာပြီဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ရခိုင်ပြည် ကို US စစ်တပ်ဝင်လာပြီ ရခိုင်ပြည်ကို အမေရိကန် စစ်သင်္ဘော ဝင်လာပြီး မကြာဘူး တရုတ်သဘာဝဓာတ်ငွေ့လုပ်ငန်း ပေါက်ကွဲလို့ လန့်ကုန်ပြီ”  Original link | Archive link အလားတူတဲ့ ရေးသားမျှဝေမှုတွေကို “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဖြန့်ဝေထားတာ ဒီနေရာမှာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားဖြန့်ဝေတာတွေ ပြုလုပ်တဲ့ နေရာဖြစ်တယ်။  ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း သေဆုံးမှု သတင်းတု

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ စစ်ခေါင်းဆောင်ကို အာဏာဖိဆန်လို့ လုပ်ကြံခံရပြီး သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အမေစု ကို ခိုး လွှတ်ပေးဖို့ လုပ်တဲ့ ဒုတပ်ချုပ် စိုးဝင်း ရာထူးကနေဖြုတ်ချခံရပြီး သေဆုံးခဲ့ရလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြချက် သတင်းတွေကို ပုံဖျက်ပြောဆိုပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ‌စော်ကားတဲ့ ဒေါ်သက်သက်ခိုင် မီးရှို့အသတ်ခံရဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ‌စော်ကားတဲ့ ဒေါ်သက်သက်ခိုင် မီးရှို့အသတ်ခံရတယ်လို့ ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတွေ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှု‌ပေါင်း ၃. ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အမေစု ကို စော်ကားတဲ့ သက်သက်ခံ မနေ့ည ၁ နာရီမှာ ရွှေနန်းတော် ဆိုင်နဲ့အတူ မီးရှို့အသတ်ခံရမှုကြီး” Original link | Archive link အချက်အလက်စိစစ်ချက် “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ ဒီချန်နယ်ဟာ သတင်းတချို့ကို ပုံဖျက် ပြောဆိုတာ၊ ချဲ့ကားပြောဆိုတာအပြင် လုပ်ကြံပြောဆိုမှုတွေလည်း ဖြန့်ဝေနေတာတွေ့ရတယ်။  […]

Continue Reading

Fact Check: အာဆီယံအထူးသံတမန်နဲ့ တွေ့အပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းတု

အာဆီယံအထူးသံတမန် နေပြည်တော်လာအပြီးမှာ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီးတော့ ယူကျူ့မှာ ပြောဆိုမျှဝေနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အာဆီယံအထူးသံနဲ့တွေ့ဆုံဆွေးနွေးပြီး  ဒေါ်စု ကိုဒီနေ့ပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီလို့ မအလ ဒဲ့ကြေညာပြီ” Original link | Archive link ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပဲ လွတ်လာပြီဆိုပြီး ဒီချန်နယ်ကပဲ ထပ်မံ ဖြန့်ချိထားသေးတယ်။ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် “Local Celegram”ဟာ မီဒီယာတချို့မှာ‌‌ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားပြောဆိုတာတွေလည်း ပြုလုပ်ပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး မကြာခဏ Fact Crescendo Myanmar က အချက်အလက်စိစစ်‌ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ […]

Continue Reading