Fact Check: စစ်တွေ၊ပုသိမ်နဲ့ ပဲခူး AA သိမ်းပိုက်မှု သတင်းတု

False နိုင်ငံရေး | Politics

အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ် စစ်တွေ၊ ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ ပဲခူးတိုင်း ပဲခူးမြို့တို့ကို သိမ်းပိုက်လိုက်တယ်လို့ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။။ 

ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ 

“စစ်တွေမြို့ AA သိမ်းပြီဟေ့ မင်းအောင်လှိုင်က တောင်းပန်နေတဲ့ကြားက AA ကတော့ အပြတ်ရှင်းနေပြီ ၊ မြို့တော်စစ်တွေ အပြီးသတ်သိမ်းပိုက်”

Original link | Archive link

ပုသိမ်မြို့သိမ်းပိုက်လိုက်ပြီဆိုတဲ့ ပြောဆိုချက်ကို ဒီနေရာနဲ့ ပဲခူးမြို့ကို သိမ်းပိုက်လိုက်ပြီး ဆိုတဲ့ ပြောဆိုချက်ကို ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ ဒီလို AA က စစ်တွေ၊ ပုသိမ်နဲ့ ပဲခူးမြို့တွေကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ တစုံတရာဖော်ပြချက်မတွေ့ရပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့နာမည်နဲ့ အမှတ်တံဆိပ်ကို တုပထားသလို သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ လုပ်ကြံရေးသား ပြောဆိုမှုတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် စစ်တွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာဖော်ပြချက်ကို ကြည့်မယ်ဆိုရင် AA ဟာ စစ်တွေမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် မြန်မာစစ်တပ်ကို ဖိအားပေးနေတာ တွေ့ရပြီး မြို့နဲ့အနီးဆုံးကို ပိတ်ဆို့တိုက်ခိုက်နေတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ ဒါပေမဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ စစ်ဆိုင်ထားတဲ့ နေရာတွေမှာတော့ ထိုးစစ်ရပ်တန့်နေတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေနဲ့ လုပ်ကြံ ရေးသားဖြန့်ဝေမှုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ တကယ်တမ်းမှာ AA ဟာ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းထဲအထိ မြန်မာစစ်တပ်ကို စစ်ရေးအရ စစ်ဆိုင်ထားပေမဲ့ ဒီမြို့တွေကို သိမ်းပိုက်နိုင်ခြင်းမရှိ‌သေးပါဘူး။ ဒီလိုပဲ ရခိုင်ပြည်နယ် စစ်တွေမြို့ကိုလည်း ဝိုင်းဝန်းပိတ်ဆို့ ထိုက်ခိုက်နေဆဲ အနေအထားဖြစ်တာတွေ သတင်းဖော်ပြချက်တွေမှာ တွေ့ရတယ်။ 

Result Stamp

Title: Fact Check: စစ်တွေ၊ပုသိမ်နဲ့ ပဲခူး AA သိမ်းပိုက်မှု သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *