Fact Check: အစိုးရနဲ့ တပ်မတော်ဆွေးနွေးမှုအပြီး စစ်ရေးပြင်နေပုံလား- မဟုတ်ပါ
အစိုးရနဲ့တပ်မတော်ဆွေးနွေးမှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော်ဘက်က စစ်ရေးလုပ်ရှားမှုအဖြစ် စစ်ကားတွေတန်းစီနေတဲ့ပုံနဲ့ စစ်သားတွေ မြေနီလမ်းတစ်ခုမှာ ရပ်နေပုံတို့ကို လူမှုကွန်ယက်မှာ မျှဝေလျက်ရှိ တာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာ တွေ့ရပါတယ်။ “နိုင်ငံရေးဆွေးနွေးချင်ရင် တတိယအကြိမ်လွှတ်တော် ခေါ်ဆိုထားမှုကို ရပ်ဆိုင်းပေးရမယ်လို့ တပ်မတော်ရဲ့ တောင်းဆိုချက်ကို NLD အစိုးရက ငြင်းဆန်အပြီး နာရီပိုင်းအတွင်း ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်များပါ။ မဲအငြင်းပွားမှုပြဿနာများကို မဖြေရှင်းပဲ တတိယအကြိမ် လွှတ်တော်ခေါ်မယ်ဆိုရင် တပ်မတော်ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ့် အနေအထားကို တွေ့ရပါတယ်။”စသည်ဖြင့် ရေးသားလျှက် “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ “လမ်းပေါ်ရောက်ကုန်ပီး”လို့ရေးသားလျှက် “မဉ္ဇူသက်ထား”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | […]
Continue Reading
