Archives

Fact Check: ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး မြန်မာရေတပ်က ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေသယောင်ဖော်ပြနေတဲ့ သတင်းမှား

COVID-19 ကူးစက်မဖြစ်စေဖို့အတွက် တပ်မတော်(ရေ)က ဘင်္ဂလား-မြန်မာနယ်စပ်မှာ ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေ သယောင် ဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေတဲ့ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “နောက်ဆုံးတော့လည်း တပ်မတော်ကပဲ အမုန်းခံလိုက်ပါပြီ လက်ခံဖို့ချပြထားသော ဘင်္ဂါလီများအား Covid 19 သံသယဖြင့် ပြည်ထဲမဝင်ရန် တပ်မတော်မှ ဖိဖိစီးစီး တားဆီးကာ Navy စစ်သင်္ဘောများမှ တားဆီးပစ်ခတ်မှုစတင်ပါပြီ တိုင်းပြည်ချစ်သူမှန်ရင် နားလည်ကြပါ မြန်မာပြည်သားများ အန္တရာယ်အတွက်သာ ဦးစားပေးပါမည် ဘင်ဂါလီ မဝင်ရ ပိုးမပြန့်စေရ်”စသည်ဖြင့် ရေးသားထားပြီး “Win Htein Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ Link Archive link စက်တင်ဘာလထဲမှာ လူမှုကွန်ယက်အသုံးပြုသူထောင်နဲ့ချီပြီး မျှဝေထားတဲ့ အလားတူပို့စ်ကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တပ်မတော်ရဲ့ […]

Continue Reading

မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ထောက်ပံ့ကြေး ငွေပေးနေတယ်ဆိုတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာမကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ အခုတစ်ခါမှာလည်း မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လှအန်ဆန်းနဲ့ အခြားအလှူရှင်တစ်ဦးနဲ့ပေါင်းပြီး မြန်မာငွေကျပ်သိန်းပေါင်း (၅၀၀၀၀)သိန်း ပူးပေါင်းပြီး အကူအညီ”ဆိုပြီး “နေ ဟိန်း” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူ က “နိုင်ငံတကာ ထီပေါက်သူ သူဌေးကြီးများ အလှူ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ တစ်သိန်းခွဲရှိခဲ့ပါတယ်။ Fb link Archive link ဒီလို အွန်လိုင်းကနေ ငွေကြေးထောက်ပံ့နေတယ်၊ အောက်မှာပါတဲ့လင့်ခ်ကို နှိပ်ပြီး “join group”ကိုနှိပ်ပေးပါ၊ အခြားသော group တွေကို ရှယ်ပေးပါ၊ ပြီးရင် ဖုန်းနံပါတ်တွေ ရေးခဲပါဆိုတဲ့ပို့စ်တွေဟာ သတင်းမှားတွေဖြစ်တာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ဒီလိုမျှဝေထားတာတွေဟာ မဟုတ်မှန်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်ကနေ အောက်ပါအတိုင်းရှင်းလင်းရေးသားထားပါတယ်။ […]

Continue Reading

နှစ် (၁၀၀) တိုင်းမှာ တစ်ကြိမ် ကမ္ဘာကြီးမှာ ကမ္ဘာ့ရောဂါကပ်ကြီးတစ်ခုဖြစ်တယ်ဆို တာဟုတ်ပါလား

နှစ် (၁၀၀) တိုင်းမှာ တစ်ကြိမ် ကမ္ဘာကြီးမှာ ကမ္ဘာ့ရောဂါကပ်ကြီးဖြစ်ပြီး လူအသေအပျောက်များတတ်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “အနှစ် (၁၀၀) လျှင် တစ်ကြိမ် ကမ္ဘာကြီးက လူသန့်ရှင်းရေးလုပ်တဲ့ချိန် ရောက်ပြီလား” စသည်ဖြင့်အစချီပြီး ၁၈၂၀ ခုနှစ်၊ ၁၉၂၀ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်ဆိုပြီးတော့ လူတွေအတုန်းအရှုံးသေတဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံတစ်ချို့နဲ့ ကမ္ဘာပေါ်မှာ လူဦးရေလျော့ချဖို့အတွက် နှစ် ၁၀၀ တိုင်းမှာကပ်ရောဂါဖြစ်တယ်ဆိုပြီး အောက်ပါအတိုင်းရေးသားထားပါတယ်။ Fb link Archive link လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေခဲ့တဲ့ အလားတူပို့စ်မျိုးကို ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်း တွေ့ရပါတယ်။ တကယ်ပဲ နှစ် ၁၀၀ တိုင်းမှာ ဒီလိုကပ်ရောဂါဖြစ်ခဲ့တာလား။ ဒီလိုဖြစ်ပျက်ခဲ့ခြင်းဟုတ် မဟုတ် ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ကိုဗစ်ပြန်ဖြစ်တာ အနောက်တံခါးမလုံလို့ဖြစ်တာလို့ ဒေါက်တာဇော်ဝေစိုးပြောခဲ့သလား

ကိုဗစ်နိုင်တင်းပြန်ဖြစ်တာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ် အနောက်တံခါးမလုံလို့ဖြစ်တဲ့ အကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခ၊ ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်ဝေစိုးကပြောကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ခုလိုဖြစ်ကုန်တာ အနောက်တံခါး မလုံလို့  ဖြစ်ကုန်တာ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်၊ ရခိုင်ကနေ ရန်ကုန် အကုန်ကူးစက်ကုန်ကုန်တာပါဟု ဒေါက်တာဇော်ဝေစိုးကရှင်းလင်းပြောကြားခဲ့။ ခုလိုမဖြစ်ခင်ထဲက တနိုင်ငံလုံးက အနောက်တံခါးကို LOCK DOWNချဖို့ ဝိုင်းအော်နေတာ  ပိတ်မှမပိတ်တာဗျာ၊ ခုလိုဖြစ်တော့ကျွန်တော့်မှာ တာဝန်ရှိပါတယ်လို့  ဘယ်သူကမှ ဝန်မခံတော့ဘူး”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ‌ဒေါက်တာဇော်ဝေစိုးက ဒီလိုပြောတယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာမှာ ဖော်ပြချက်တစ်စုံတရာ မတွေ့ရပါ ဘူး။ ဒေါက်တာဇော်ဝေစိုးရဲ့ အင်တာဗျူးဖြေဆိုထားတာတွေမှာလည်း မတွေံရပါဘူး။ ဒါ့ကြောင့် ဒေါက်တာဇော်ဝေစိုးကို […]

Continue Reading

Fact Check: ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ တပ်မတော်သားတွေကို ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုတဲ့ စာအတု

ရခိုင်ပြည်နယ်အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးဆောင်ရွက်နေသော မြန်မာတပ်မတော်အားချီးကျူးဂုဏ်ပြုခြင်း နှင့် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းဆိုတဲ့ သမ္မတရုံးတံဆိပ်နဲ့ ရုံးစာတစ်စောင်ဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ “ရခိုင်ပြည်နယ်က NLDပါတီက ကိုယ်စားလှယ်တွေ၊ NLDပါတီဝင်တွေ၊ NLDထောက်ခံသူတွေကို ဘယ်လိုခေါ်ရမလဲ။ နောက်ဆုံးမင်းတို့လည်း ရခိုင်လူမျိုးကို သတ်တဲ့ပူးပေါင်းတရားခံဖြစ်လိမ့်မယ်”လို့ ရခိုင်ဘာသာနဲ့ ရေးသားထားတဲ့စာအညွှန်းနဲ့အတူ ဒီစာကိုတင်ထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်သုံးသပ်ချက် ပထမဦးဆုံးအနေနဲ့ဒီစာကို နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံ့ရုံးတို့ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ဝဘက်ဆိုဒ်တို့မှာ ဒီစာကိုတင်ထားတာမတွေ့ရပါဘူး။စာရဲ့ အပေါ်မှာ နိုင်ငံတော်သမ္မတရုံးအမှတ်တံဆိပ်ပါဝင်ပြီ အောက်က လက်မှတ်ထိုးသူနေရာမှာတော့ သမ္မတဦးဝင်းမြင့်လက်မှတ်နဲ့ အမည်မဟုတ်ပဲ နိုင်ငံတော်အတိုင်ပင်ခံ့ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။တကယ်ဒီရုံနှစ်ခုက မတူပါဘူး။ပြီးခဲ့တဲ့ ဧပြီလကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေကို ချီူကျူးဂုဏ်ပြုကြောင်း စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ဒီစာနှစ်ခု မတူညီကြောင်း အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ဒီစာက အတုဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ […]

Continue Reading

Fact Check: မုံရွာက ပြည်ခိုင်ဖြိုးပါတီထောက်ခံပွဲအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံသတင်းမှား

COVID-19 ကူးစက်ပျံ့နှံ့မှုမြင့်တက်နေခြင်းနဲ့အတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီတွေဟာ မဲဆွယ်စည်းရုံးမှုကို ကျန်းမာရေးစည်းကမ်းတွေနဲ့အညီဆောင်ရွက်ချိန် လည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအင်္ကျီဝတ်လူအုပ်ကြီးက အလံဝှေ့ယမ်းနေပုံကို “ယနေ့ မုံရွာ မြင်ကွင်း လေးစားပီလေ” ဆိုပြီးတော့ “‎Myo Ko‎”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မုံရွာ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ် အုပ်စုမှာ စက်တင်ဘာ ၈ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၂ ရာကျော်ရှိပါတယ်။ Fb link Archive link ဒီပို့စ်ရဲ့အောက်မှာ မှတ်ချက်တွေဖတ်ကြည့်မယ်ဆိုရင် မုံရွာမှာ ဖြစ်ပျက်ခဲ့ခြင်းမရှိဘူးလို့လည်း မှတ်ချက်ပေး ထားတာမျိုးတွေ တွေ့ရသလို မယုံကြည်သူတွေလည်းရှိပါတယ်။ ဒီပုံထဲမှာပါတဲ့ သူတွေမှာ COVID-19 ကာလအတွင်းစည်းရုံးရေးဓာတ်ပုံတွေလိုမျိုး ပါးစပ်နဲ့ နှာခေါင်းစည်းမပါဝင်တာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံမှာ gettyimages ဆိုပြီးတော့ […]

Continue Reading

မြန်မာနိုင်ငံကခိုးဝင်လာသူတွေကို ထိုင်းစစ်တပ်ပစ်မိန့်ပေးထားတယ်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံသည် Covid-19ရောဂါကူးစက်မှုမထိန်းချုပ်နိုင်တာကြောင့် မြန်မာဘက်မှထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသူ မှန်သမျှ ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း ပို့စ်တစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်ကို “မြန်မာနိုင်ငံသည် ရောဂါ ကူးစက်မှု မထိန်းချုပ်နိုင်ကြောင်း ဒါကြောင့် ခိုးဝင်လာသူ မှန်သမျှ ပစ်မိန့်ပေးလိုက်ပြီ”လို့ခေါင်းစဉ်တပ်ထားပြီး မြန်မာနိုင်ငံတွင် ကိုးဗစ်ရောဂါပိုးတွေ့လူဦးရေ စံချိန်တင်မြင့်တတ် လာပြီးနောက် မြန်မာနိုင်ငံနှင့် အနီးဆုံးနယ်စပ်အိမ်နီးချင်းထိုင်းနိင်ငံသည် အထူးကြောက်ရွံ့ပြီးထိုင်း မြန်မာ နယ်စပ်ဂိတ်ပေါက်အားလုံးမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်လာသူမှန်သမျှ ပစ်ခွင့်ရှိသည်ဟု ထိုင်းအစိုးရက စစ်တပ်အား အာဏာပေးလိုက်သည် …”လို့ Shwe Thadinဆိုတဲ့ ဝဘ်ဆိုက်မှာ ရေးသားထားတွေ့ရကာ ဖေ့စ်ဘွတ်ခ်အကောက်တွေကနေ ဖေ့စ်ဘွတ်ခ်ဂရုတွေထဲ မျှဝေကြတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ မျှဝေနေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ပထမဦးဆုံး ဒီပို့စ်မှာပါဝင်နေတဲ့ ဓာတ်ပုံတွေကို […]

Continue Reading

ရဲ ၈ ယောက်ကို သတ်ခဲ့တဲ့အမှုနဲ့အဖမ်းခံရသူကို COVID-19 ကူးစက်ခံရတယ်လို့ ဇနီးကို လိမ်ညာပြီး မယားငယ်နဲ့ ပေါင်းသင်းလို့အဖမ်းခံရသူအဖြစ်ဖော်ပြနေ

ရဲ ၈ ယောက်ကို သတ်ခဲ့တဲ့အမှုအပါအဝင် အခြားသောရာဇဝတ်မှုတွေကျူးလွန်လို့အဖမ်းခံရသူကို COVID-19 ကူးစက်ခံရတယ်လို့ ဇနီးကို လိမ်ညာပြီး မယားငယ်နဲ့ ပေါင်းသင်းလို့အဖမ်းခံရသူအဖြစ်ဖော်ပြနေတဲ့ သတင်းမှားတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ “ကိုဗစ်ပိုးကူးနေတယ်လို့ ဇနီးကိုလိမ်ညာပြီး မယားငယ်နဲ့သွားနှပ်နေတဲ့အမျိုးသား”လို့ပြီး မျှဝေထားတဲ့ screenshot ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ ပို့စ်ကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။  စက်တင်ဘာ ၂၆ ရက်က myanmarnews.cooxf.com အမည်နဲ့ဝက်ဆိုဒ်မှာဖော်ပြခဲ့တဲ့ပို့စ်ကို အခုလိုပြန်လည်မျှ ဝေနေကြတာဖြစ်ပါတယ်။ ပို့စ်မှာ “ကိုဗစ်ပိုးကူးနေတယ်လို့ ဇနီးကိုလိမ်ညာပြီး မယားငယ်နဲ့သွားနှပ်နေ တဲ့အမျိုး သား” ခေါင်းစဉ်တပ်ပြီး ၂ လကြာအောင်ပျောက်ဆုံးနေပြီးနောက် မယားငယ်အိမ်မှာ ပြန်တွေ့ခဲ့ရတဲ့ အိန္ဒိယက အမျိုးသားတစ်ဦး အဖြစ်ရေးသားမျှဝေထားပြီး ရဲတပ်ဖွဲ့က ဒီအမျိုးသားကို စည်းမျဉ်းချိုးဖောက်မှုတွေနဲ့ အရေးယူမယ်လို့ […]

Continue Reading

နာမည်ကျော် ဒီဇိုင်နာ Kirjeda Rodriguez နောက်ဆုံးစကားအဖြစ်မျှဝေနေတဲ့ ပို့စ်အကြောင်း

နာမည်ကျော် ဒီဇိုင်နာ တဦးဖြစ်တဲ့ Kirjeda Rodriguez ရဲ့နောက်ဆုံးစကားအများအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။ “နာမည်ကျော် ဒီဇိုင်နာတဦးဖြစ်တဲ့ Kirjeda Rodriguez ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာပါပြီ … မကွယ် လွန်မီ နောက်ဆုံး ရေးသားခဲ့စာလေး ကြိုက်လွန်းလို့ ရှယ်ပါရစေ”စသည်ဖြင့်ရေးသားပြီး ဘယ်လောက်ချမ်း သာပါစေနောက်ဆုံးတော့လည်း ထားခဲ့ရတယ်၊ ရှာဖွေသမျှ အသုံးအပြုနိုင်တော့ဘူးလို့ အဓိပ္ပာယ်ရတဲ့ စာသားတွေနဲ့အတူ မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။  Fb link Archive link ဒီသတင်းကို ဒီနေရာ၊ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ နာမည်ကျော် ဒီဇိုင်နာ Kirjeda Rodriguez ဟာဘယ်သူပါလဲ။ သူ ဒီလိုပြောခဲ့သလားဆိုတာ စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် “Kirjeda Rodriguez” […]

Continue Reading

Fact Check: အီတလီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဒေါက်တာ ၂ယောက် အချစ်ဇာတ်လမ်းလား-မဟုတ်ပါ

၂၀၁၉ ဒီဇင်ဘာလလောက်ကတည်းက တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင်း ဖြစ်ပေါ် လျက်ရှိတဲ့ COVID-19  ကပ်ရောဂါဟာ ကမ္ဘာတစ်လွှားမှာ စက်တင်ဘာ၂၆ ရက်နေ့အထိ လူ  ၃၃ သန်းဝန်း ကျင်အထိကူးစက်ပျံ့နှံ့ခဲ့ပြီးဖြစ်ကာ ကူးစက်ခံရသူတွေထဲမှာ လူ  ၉ သိန်း ၉ သောင်းထက်မနည်း သေဆုံးခဲ့ ရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စက်တင်ဘာ ၂၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာ ၁ သောင်းဝန်းကျင်နဲ့ သေဆုံး ၁၉၈ ဦးရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကြောင့်ပဲ “မျက်ရည်ခိုင်မှကြည့်ပါ”ဆိုပြီးတော့ “အီတလီနိုင်ငံက ရင်နင့်ဖွယ် အချစ်ဇာတ်လမ်း  သူတို့ ၂ ဦးလုံးက ဆရာဝန်တွေပါ ချစ်သူက Covid ပိုးကူးစက်ခံထားရလို့ Isolated အထားခံနေရတာကို ကြည့်ပြီး သူပါတစ်ခါတည်း အကူးစက်ခံရင်းနဲ့ အချစ်စစ်အချစ်မှန်ကို […]

Continue Reading