Archives

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့တဲ့နိုင်ငံတကာအမျိုးသမီး ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နံပါတ်(၁)ဆိုတဲ့ သတင်းတု

မြန်မာနှစ်သစ်ကူးနေ့ (ဧပြီ ၁၇ ရက်မနက် ၂ နာရီအချိန်အထိထုတ်ပြန်)မှာ COVID-19 အတည်ပြုလူနာ မတွေ့ရှိရဘဲ မင်္ဂလာရှိသော နှစ်သစ်ကူးဖြစ်ခဲ့ပေမဲ့ သင်္ကြန်ကာလအတွင်းမှာအတည်ပြုလူနာတွေ့ ရှိမှုများပြားခဲ့တာကြောင့် လက်ရှိအချိန်မှာ အတည်ပြုလူနာ ၈၅ ဉီးအထိရှိနေပါတယ်။  သို့သော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာဖြစ်ပွားနေတဲ့ ကူးစက်မှုနှုန်းနဲ့ အတည်ပြုလူနာအရေအတွက်ကို ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံဟာ ကူးစက်ခံရမှု နည်းပါးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေပါတယ်။ ဒီလိုအခြေအနေမှာ“ကိုရိုနာ ဖြစ်ပွားနေချိန်မှာ အကောင်းဆုံးပြည်သူလူထုကို တုန့်ပြန်‌နေတဲ့ နိုင်ငံတစ်ကာ အမျိုးသမီးတွေထဲမှာ အမေစုက နံပါတ် (၁) တဲ့”ဆိုပြီး “Mg Nge” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက “ပြည်တွင်း ပြည်ပ နေ့စဉ် သတင်းများ”အမည်နဲ့ဖေစ်ဘွတ်အုပ်စုထဲမှာ မျှဝေလာတာတွေ့ရပါတယ်။ Facebook Archive အချက်အလက်စိစစ်ချက် ပထမဉီးစွာ Google မှာ ဓာတ်ပုံပြောင်းပြန်ရှာနည်းအသုံးပြု ရှာဖွေကြည့်ရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။  ဧပြီ […]

Continue Reading

COVID-19 ကြောင့် အီကွေဒေါနိုင်ငံ ပျက်သုဉ်းပြီဆိုတဲ့သတင်းမှား

လူဉီးရေ ၁၈ သန်းကျော်ရှိပြီး တောင်အမေရိကမှာ လူဉီးရေအထူထပ်ဆုံးနဲ့ အကျယ်အဝန်းအားဖြင့် အသေးဆုံး နိုင်ငံငယ်ဖြစ်တဲ့ အီကွေဒေါနိုင်ငံဟာ ဧပြီ ၁၆ ရက်အထိ ရောဂါဖြစ်ပွားသူ ၇၈၅၈ ဦးရှိပြီးတော့ သေဆုံးသူ ၃၈၈ ဦးရှိဖြစ်တယ်လို့ worldmeter.info ကအချက်အလက်အရ သိရပါတယ်။ လူဉီးရေအချိုးအစားနဲ့ ယှဉ်ရင် ကူးစက်မှုနှုန်းမြင့်မားတဲ့ အီကွေဒေါနိုင်ငံရဲ့အခြေအနေဟာ လူမှုကွန်ယက်မှာ စိတ်ဝင်စားစရာတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ “Covid-19 တိုက်ပွဲမှာ ပထမဆုံး အရှုံးပေးလိုက်တဲ့ နိုင်ငံ ကတော့ အီကွေဒေါ ဖြစ်ပါတယ် …။ ဒေသစံတော်ချိန် ၃ နာရီ မှာ Fail down လို့ ကြေငြာလိုက်ပါပြီ။ ပြည်သူတွေ လမ်းပေါ်မှာ အတုံးအရုံးသေ နေကြပြီး ၊ ရောဂါကူးစက်မှုကို ဘယ်လိုမှ မထိမ်းချုပ်နိုင်တော့ ပါဘူး”ဆိုပြီး ပို့စ်တစ်ခုကို […]

Continue Reading

တရားဟောဆရာ စောဒေးဗစ်လားအမှုကို ရုပ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအတည်ပြုလူနာ အများဆုံး ရှိနေတဲ့ နေရာတစ်ခုဖြစ်နေရာမှာ ခရစ်ယာန်ဘာသာရေးအခမ်းအနားတစ်ခုကြောင့် လူနာအရေအတွက် များပြားလာခဲ့ပါတယ်။  ဒီလိုအခြေအနေမျိုးမှာ “၁၄.၄.၂၀၂၀ ရက်နေ့က မရမ်းကုန်းမြို့မရဲစခန်းမှာ အမှုအမှတ်(ပ)(၅၈၃/၂၀၂၀)ဖြင့် အမှုဖွင့်အရေးယူထားသော စောဒေးဗစ်(ခ) ဒေးဗစ်လားကို နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်၏ ညှိုနှိုင်းဖြန်ဖြေမှု အရအမှုပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။သောက်မျိုးအတွက်ဆို ဥပဒေအပေါ်ရောက်နေတာ ဘယ်သူတွေလဲ။ဒေးဗစ်လားကို မြန်မာပြည်ခေါ်လာတာ ဦးဗန်။တရားစွဲတာက ရန်ကုန်တိုင်းအစိုးရ။ အမှုပိတ် ခိုင်းတာက မွှေမွှေ ကျွန်တော် သဘောကတော့ ကွီးဖြိုးဘက်ကပဲ။တရားစွဲသင့်တယ်။မှန်တယ်။”ဆိုပြီးတော့ “Ko Mar Ga” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူနဲ့ “အန်ကယ်မာမီ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက ဧပြီ ၁၅ ရက်ညနေပိုင်းမှာ လူမှုကွန်ယက်မှာမျှဝေခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဘာသာရေးခေါင်းဆောင်နဲ့ အခြားလူ ၄ဉီးကို […]

Continue Reading

အသက် ၁၀ စက္ကန့်အောင့်ထားနိုင်ရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိမသိရှိနိုင်ပါ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီး ဒီဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၁၇၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း ဧပြီ ၁၅ ရက် မနက် ၁၀ နာရီခွဲအချိန်အထိ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၇၄ ဉီးရှိလာပြီး လူနာ ၄ ဉီးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူမှုကွန်ယက်မှာ ကိုယ်တိုင်ကုသနိုင်တဲ့နည်းလမ်း၊ ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ နည်းလမ်း တွေအဖြစ် လူမှုကွန်ယက်မှာ ပြန်လည်မျှဝေကြတာတွေရေပန်းစားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစမ်းသပ်နိုင်တဲ့ နည်းလမ်းအဖြစ် အသက်ရှူလေ့ကျင့်ခန်းနဲ့ စမ်းကြည့်နိုင်တယ်ဆိုတဲ့  ဗွီဒီယိုတစ်ခုမျှဝေကို မျှဝေလာတာအောက် ပါ တိုင်းတွေ့ရှိပါတယ်။ Fb link Archive link အချက်အလက်စိစစ်ကြည့်ကြရအောင်ပါ။ အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာ ရေပန်းစားနေတဲ့ ကောလဟာလတွေကို […]

Continue Reading

ဆားနဲ့ပလုပ်ကျင်း၊ ကြက်သွန်ဖြူစား၊ ရေနွေးငွေ့ရှုရင် covid-19 ကို ၉၉ ရာခိုင်နှုန်း ပျောက်ကင်းတယ်ဆိုတဲ့ သတင်းမှား

သင်္ကြန်ရုံး ပိတ်ရက်ကာလအတွင်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ ရုတ်တရက် မြင့်တက်လာနေပြီး ဧပြီ ၁၄ ရက် တစ်ရက်ထဲမှာပဲ အတည်ပြုလူနာ၂၁ ဉီးထပ်မံတွေ့ရှိခဲ့ရပြီးနောက် အတည် ပြုလူနာ၆၂ ဉီးရှိနဲ့ သေဆုံးသူ ၄ ဉီး၊ ပြန်လည်သက်သာသူ ၂ ဉီးရှိထားပါတယ်။ ဒီလိုအချိန်မှာ “အကယ်၍ မိမိ၌ Covid – 19 မိမိမှာ ဖြစ်ခဲ့လျှင် အိမ်တွင်း၌အလွယ်ကူဆုံးနဲ့ ၊  ငွေကုန်သက်သာ ဆုံးနည်းလမ်းများ”ဆိုပြီးတော့ “Phyu” အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူက “သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ် အုပ်စုမှာ မျှဝေထားပါတယ်။ Fb link Archive link မျှဝေထားတဲ့လင့်ခ်ကိုဖွင့်ကြည့်လိုက်မယ်ဆိုရင် “လည်ချောင်း စူးရှ့ရှ့ နာချင်လာရင် ဆားရေနွေးနဲ့ ခေါင်းမော့ပြီး ပလုပ်ကျင်း လည်ချောင်းဆေးပါ၊ တစ်နေ့လျှင် […]

Continue Reading

အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့သတင်းမှား

ဧပြီ ၁၃ ရက်အထိ အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူဉီးရေ ၅၂၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၀၀၀၀ ကျော်ရှိလာပြီး ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရင်ဆိုင်နေရပါတယ်။ ဧပြီ ၁၃  တစ်ရက်ထဲမှာပဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၂၈ ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့ ပို့စ်တစ်ခုကို “ဟာသရပ်ကွက် (၂)” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “Shwe Yote Min Mu”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ “အမေရိကန် ပြည်ထောင်စုတွင် ပြည်သူများအား တမာရွက်ခြောက်များ လိုက်လံဝေငှနေတာဖြစ်ပါတယ်။ မြန်မာပြည်က ဆေးနည်း ကမ္ဘာကျော်ခဲ့ပါပြီ။မောင်လေး တမာရွက်စားပေးရတယ်ဆိုတဲ့ အသံပိုင်ရှင်အမကြီးကိုလဲ  နိုဘယ်ဆုပေးဖို့ လိုက်ရှာနေတယ်လို့ သတင်းရပါတယ်”ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။  Fb link Archive link […]

Continue Reading

ပရုတ်ဆီကို ရေနွေးနဲ့ဖျော်ပြီး ထွက်လာတဲ့အငွေ့ကို ရှုခြင်းက COVID-19 ကို ကုသနိုင်တယ်ဆိုတဲ့ သတင်းမှား

ဧပြီ ၁၂ ရက်အထိ ကမ္ဘာတစ်လွှာမှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအတည်ပြုလူနာ ၁ ဒဿမ ၆ သန်းကျော်ရှိပြီး သေဆုံးသူအရေအတွက် တစ်သိန်းကျော်ရှိပြီဖြစ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ် ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ သင်္ကြန်ရုံး ပိတ်ရက် ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည် ပြုလူနာ ရုတ်တရက်မြင့်တက်လာနေပြီး ဧပြီ ၁၃ ရက်မနက်အစောပိုင်းအထိ အတည်ပြုလူနာ ၄၁ ဉီးရှိလာပြီး သေဆုံးသူ ၄ ဉီးရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုရိုနာဗိုင်းရပ်စ်ကို ပျောက်ကင်းစေတဲ့နည်းလမ်းတွေဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေနေတာတွေရှိပါတယ်။ “လွယ်ကူ သက်သာပြီး virus ပိုးသေစေနိုင်သောနည်းလမ်း”ဆိုပြီးတော့ ၂ မိနစ်နဲ့ ၅၂ စက္ကန့်အရှည်ရှိတဲ့ ဒီဗွီဒီယိုကို “Own Creator”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီ ၃ ရက်က မျှဝေထားရာ လူမှုကွန်ယက်သုံးစွဲသူ […]

Continue Reading

အဆိုတော် မျိုးကြီး ( CASE -037 ) ကိုဗစ်ရောဂါ ကူးစက်ခံရဆိုတဲ့သတင်းမှား

သင်္ကြန်ကာလရုံးပိတ်ရက်တွေအတွင်းမှာ အသွားအလာကန့်သတ်မှုအချို့ပြုလုပ်ပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေစဉ်မှာပဲ ဧပြီ ၁၃ ရက် မနက် ၁ နာရီဝန်းကျင်အထိ အတည်ပြု လူနာ ၄၁ ဉီးရှိလာပြီဖြစ်ပါတယ်။  ရက်ပိုင်းအတွင်းမှာ COVID-19 အတည်ပြုလူနာ ရုတ်တရက်များပြားလာနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအတည်ပြုလူနာစာရင်းက လူနာတွေနဲ့ ပတ်သက်တဲ့သတင်းတွေလည်း ရေပန်းစားနေပါတယ်။  ဒီလိုအချိန်မှာပဲ “IC ရဲ့ ဝါရင့်အဆိုတော် တစ်ဦးဖြစ်တဲ့ အဆိုတော် မျိုးကြီး ဟာ Case- 037 အဖြစ် ရောဂါ ကူးစက်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ကူးစက်မှု ရာဇဝင်အရ ဆုတောင်းဝတ်ပြုပွဲဆင်နွဲရာကနေ ကူးစက်လာတာဖြစ်တယ်လို့ သိရပါတယ်”ဆိုပြီးတော့ celemyanmar၊ realthadin စတဲ့အမည်နဲ့ ဝက်ဆိုဒ်တွေက ရေးသားတဲ့ သတင်းဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ အောက်ပါပို့စ်တွေကတော့ပြန်လည် မျှဝေမှုတစ်ချို့ ပဲဖြစ်ပါတယ်။ Fb […]

Continue Reading

ရန်ကုန်အထူးကုဆေးရုံကြီးရဲ့ ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းမှား

ဧပြီ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၈ ယောက်ရှိပြီး အထူးကြပ်မက် ကုသဆောင်(ICU)မှာ လူနာတစ်ဉီးပဲရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သို့ပေမဲ့ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ကူးနိုင်တယ်မှန်းသိပေမယ့် ဆံပင်ကိုရိတ်ပြီး ရှေ့တန်းထွက်တဲ့ သူရဲကောင်းတွေပါသနားပါတယ်.. သူတို့ဆံပင်လေးတွေကို နှမြောမှာပဲနော်..လေးစားမိပါတယ်”လို့ “KAUNG MA LAY” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာ့သတင်းထူး”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ဒီသတင်းကို မျှဝေခဲ့ရာ နာရီပိုင်းအတွင်း လူ တစ်ထောင်နီးပါက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ “KAUNG MA LAY”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ ဒီသတင်းကိုပဲ “Win Kyaw” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “သီတဂူဆရာတော်ကြီးကို […]

Continue Reading

၁၅ မိနစ်တိုင်းရေသောက်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ သတင်းမှား

COVID-19 ကိုကာကွယ်နိုင်ဖို့ ၁၅ မိနစ်တစ်ခါ ရေသောက်ဖို့အကြံပေးနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “COVID-19 ဖြစ်ပွားမှုကိုကုသနေသော ဂျပန်ဆရာဝန်များက အလွန်ထူးကဲသော အကြံပြုချက်။ လူတိုင်းသည် သင်၏ပါးစပ်နှင့်လည်ချောင်းကို စိုစွတ်စေပြိး ခြောက်သွေ့ခြင်းမရှိစေရ။ အနည်းဆုံး ၁၅ မိနစ်တိုင်းရေ အနည်းငယ်သောက်ပါ။ အဘယ်ကြောင့်?… ဗိုင်းရပ်စ်ပိုးသည် သင်၏ပါးစပ်ထဲသို့… သောက်ရေ သို့မဟုတ် အခြားသောအရည်ထဲကို ဝင်ရောက်လျှင်ပင် သင်၏အစာပြွန်နှင့် အစာအိမ်ထဲသို့၎င်းတို့ကိုဆေးကြောပါလိမ့်မည်။ တစ်ချိန်တည်းမှာ ဗိုက်ပြည့်နေတဲ့ အစာအိမ် ACID ကဗိုင်းရပ်စ်အားလုံးကိုသတ်ပစ်လိမ့်မယ်။အကယ်၍ သင်သည်ရေ အလုံအလောက် ပုံမှန်မသောက်ပါက… ဗိုင်းရပ်စ်သည်သင်၏ လေပြွန်နှင့် အဆုတ်ထဲသို့ ဝင်ရောက်နိုင်သည်။ အရမ်းအန္တရာယ်များတယ် ကျေးဇူးပြုပြီး ဒီအကြောင်းလူတိုင်းကို သတိပေး ဝေမျှပေးပါ”ဆိုပြီး ရေးသားထားပါတယ်။ Fb link Fb link Fb link Fb […]

Continue Reading