Archives

Fact Check: ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့ PDF တွေဖမ်းမိတဲ့ပုံလား- မဟုတ်ပါ

ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မန္တလေး PDF က ၄ ဦးကို အရှင်ဖမ်းမိတယ်လို့ဆိုပြီး ဓာတ်ပုံ ဓာတ်ပုံ တပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို   ဒီနေရာမှာလည်း တွေ့ရပါတယ်။ စစ်တပ်လိုလားတဲ့ဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ မြန်မာနေရှင်နယ်ပို့စ်နဲ့ ပြည်ချစ်သားစတဲ့ ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်တွေမှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။ “ပြင်ဦးလွင်မြို့အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့၏ ၄ဦး အရှင်ဖမ်းမိ ပြင်ဦးလွင်၊ ဧပြီ ၁၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးမြို့တွင်းသို့ ၁၄-၄-၂၀၂၄ ရက်နေ့ ည (၉ ၃၀)နှင့် (၁၀ ၃၀)ကြား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့မှ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြန်လည်လွတ်မြောက်မှုနဲ့ အာဏာပြန်လွှဲတဲ့ သတင်းတု

ပူပြင်းတဲ့ရာသီဥတုကို ရှောင်ရှားပေးတဲ့အကြောင်းပြချက်နဲ့ ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို သက်ဆိုင်ရာ ထောင်အသီးအသီးကနေ စစ်ကောင်စီက နေရာပြောင်းရွှေ့ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးလိုက်ပြီ၊ စစ်ခေါင်းဆောင်က အာဏာပြန်လွှဲပေးလိုက်ပြီစသည့်ဖြင့်  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှား ဗွီဒီယိုတွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ပျံ့နှံ့လာခဲ့ပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “မအလ ကိုဖြုတ်ချပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးဖို့ ၁၀၀% အတည်ပြုပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link ဒီအပြင် အလားတူတဲ့ ဖြန့်ဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ ရပါတယ်။ အချက်အလက်စိစစ်ချက် နေပြည်တော်အချုပ်ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို […]

Continue Reading

Fact Check: သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲလို့ အများအပြားသေဆုံးဆိုတဲ့ သတင်းတု

သင်္ကြန်အကြိုနေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲလို့ သွေးချောင်းစီးခဲ့တယ်လို့ဆိုပြီး ယူကျူ့မှာ မျှဝေထားတဲ့ ဗွီဒီယိုဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၃ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း တ သိန်းကျော်ရရှိထားတယ်။ “ရန်ကုန် သင်္ကြန်အကြိုနေ့ သွေးချာင်းစီးပြီ  မြို့တော်ခန်းမ မဏ္ဏပ် ဗုံးခွဲ့ခံရ ၊ ဘောမတွေ  (၅၀၀၀)စားတွေ အကုန်သေကြပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  အခုလို ရန်ကုန်မှာ သင်္ကြန်အကြိုနေ့ ဗုံးပေါက်ကွဲလို့ လူအများအပြား ထိခိုက်သေဆုံးတယ်လို့ ဆိုတဲ့ အကြောင်း အရာကို […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသေဆုံးမှု သတင်း ခေါင်းစဉ်တု

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသေဆုံးသွားပြီ ဆိုထားတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့နေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ပျော်လို့ရပြီ ပျော်လို့ရပြီ 😁 ဝန်ကြီးချုပ် လီရှန်လွန်းနှင့် နိုင်ငံခြားရေး ၀န်ကြီး George Yeo တို့သည် မြန်မာနိုင်ငံ ယာယီ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်း၏ ဈာပနအခမ်းအနား၌ စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ ဘလာဂျီ ဆာဒါဆီဗန် မှ […]

Continue Reading

Fact Check:  အမေရိကန်တိုက်ဖွန်းမုန်တိုင်း၊အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုနဲ့ တရုတ်က အဆောက်အဦး ဖြိုချမှုတွေကို ထိုင်ဝမ်ငလျင်အဖြစ်မျှဝေနေ

၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်ကထိုင်ဝမ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်လို့ဆိုထားပြီး ပေါက်ကွဲမှုတခုနဲ့အတူ အဆောက်အဦး တလုံးပြီးတလုံးပြိုကျခဲ့တဲ့မြင်ကွင်း၊ မိုးကြိုးလျှပ်စီးကြောင်းနဲ့အတူ လေပြင်းတိုက်နေတဲ့ မြင်ကွင်း၊ ပေါက်ကွဲမှု တခုအပြီး မီးခိုးလုံးတွေထကာ လူတွေ ပြေးလွှာနေကြတဲ့ မြင်ကွင်းတွေပေါင်းစပ်ထားတဲ့ ဗွီဒီယိုတခုကို ဖေ့စ်ဘွတ်မှာ ပျံနှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ တကယ်တော့ မသက်ဆိုင်တဲ့ ဖြစ်စဉ်အသီးသီးက မြင်ကွင်းတွေကို ပေါင်းစပ်ပြီး မျှဝေထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၅ ရက်မှာ စတင်ပျံ့နှံ့ခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၇ သိန်းကျော်ရရှိထားပြီး မျှဝေမှုပေါင်း ၆၀၀၀ နီးပါးရှိထားတယ်။ အလားတူတဲ့ ပြောဆိုမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ပြီးခဲ့သည့်ဧပြီလသုံးရက်နေ့ကထိုင်ဝမ်မှာငလျှင်လှုပ်တာကိုသံဝေဂယူကာအသိတရားတွေရသင့်ကြပေပြီ။ဘယ်နိူင်ငံ၊ဘယ်လူမျိုးတွေဖြစ်ဖြစ်စိတ်မကောင်းဖြစ်မိတာကတော့အမှန်ပါ။” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check:  ဧပြီ ၁၄ နဲ့ ၁၅ ရက်မှာ မုန်တိုင်းကြီးဝင်မယ်ဆိုတဲ့ သတင်းမှား

ဧပြီ ၁၄ ရက်နဲ့ ၁၅ ရက်မှာ မြန်မာနိုင်ငံကို ဆိုက်ကလုန်းမုန်တိုင်းကြီးဝင်ရောက်လာမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ‌ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှာ ဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၃ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒသမ ၄ သိန်းကျော်ရရှိ ထားတယ်။ “နေ့လည် ၁ နာရီမုန်တိုင်းသတင်းထူး ဧပြီ ၁၄ – ၁၅ မှာ ဝင်လာမယ့် နေ့လည် ၁ နာရီမုန်တိုင်းသတင်းထူး ဧပြီ ၁၄ – ၁၅ မှာ ဝင်လာမယ့် ဆိုက်လုံးမုန်တိုင်းကြီး စုစုစံ အရေးပေါ်” မူရင်းလင်ခ့် […]

Continue Reading

Fact Check: ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းမှုကို CRPH က ဆန့်ကျင်ဆိုတဲ့ သတင်းမှား

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖျက်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ မွတ်ဆလင် အသိုင်းအဝိုင်းက တောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ဦးစည်သူမောင်က ဆန့်ကျင်ခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတွေ ဖြစ်တာတွေ့ရတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလိုဆိုလိုထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “လောက်စည်သူမောင် မွတ်စလင်မဲနဲ့ အမတ်တက်လုပ်တဲ့ မွတ်စလင် စည်သူမောင်က မွတ်စလင်တွေကို ဖိနှိပ်ဖို့သက်သက် ပြဌာန်းထားတဲ့ ၁၉၈၂နိုင်ငံသားဥပဒေဖျက်သိမ်းရေးကို အခုလုပ်လို့မရဘူးဆိုပြီး NUCCညီလာခံမှာ CRPHကိုယ်စား ဦးဆောင်ပြီး ကန့်ကွက်သတဲ့။ ၁၉၈၂နိုင်ငံသားဥပဒေထက် အများကြီးပိုကြီးတဲ့ ထိပ်ခေါင်ဥပဒေ ၂၀၀၈ဖွဲ့စည်းပုံကို လူထုဆန္ဒမခံယူပဲ ဖျက်ရဲခဲ့တဲ့ NUG ဇင်မာအောင်နဲ့ CRPHတို့ကလည်း၊ မွတ်စလင်တွေကို နိုင်ငံမဲ့ဖြစ်အောင်လုပ်ခဲ့တဲ့ ၁၉၈၂နိုင်ငံသားဥပဒေကျတော့ လူထုဆန္ဒခံယူပြီးမှ ဖျက်နိုင်မယ်တဲ့။ သူတို့အကြံက ရှင်းရှင်းလေးပါ။  ၁၉၈၂နိုင်ငံသားဥပဒေ ဖျက်လို့မရအောင်၊ […]

Continue Reading

Fact Check: ပြည်သူထံအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချဆိုတဲ့ သတင်း‌တု

ပြည်သူထံ ချက်ချင်းအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချလိုက်တယ်၊ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဆက်တိုက်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဒီယူကျူ့ချန်နယ်ကပဲ အလားတူတဲ့ ဖြန့်ဝေမှုကို ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ “လူထုကို ချက်ချင်းအာဏာပြန်ပေးဖို့အမိန့်ချ ကုလအထူးရဲ့လုပ်ပိုင်ခွင့်ထုတ်သုံးပြီ၊ ချက်ချင်းအာဏာလွှဲခိုင်းလို့ ဗိုလ်ချုပ်တွေ ကယောင်ကရမ်းဖြစ်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ တပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check: နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရအပြီး ဖြန့်ဝေလာတဲ့ချဲ့ကားထားတဲ့ သတင်းတွေဖြစ်တယ်

ဧပြီ ၄ ရက်မနက်ပိုင်းက နေပြည်တော်ကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အပြီးမှာ ဒီသတင်းရဲ့ နောက်ဆက်တွဲ ချဲ့ကားထားတဲ့ သတင်းတွေနဲ့ သတင်းမှားတွေ ယူကျူ့မှာ ဆက်တိုက်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို နောက်ထပ်ယူကျု့ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ “နေပြည်တော် အေလာလေဆိပ်နဲ့စစ်ရုံးချုပ် ဗုံးကြဲမှု  ရုရှားထုတ်တိုက်လေယာဉ် (၁၃)စီးပျက်ဆီးပြီး ဒုတပ်ချုပ်စိုးဝင်းနဲ့အရာရှိ (၂၂)ဦးပွဲချင်းပြီးသေ ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ် ပြောဆိုချက်တခုမှာတော့ နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် အကြောက်လွန်ကာ စစ်ခေါင်းဆောင်တွေက လူငယ်တွေအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီး စစ်မှုထမ်းဥပဒေကိုလည်း ဖျက်သိမ်း လိုက်တယ်လို့ ဆိုထားပါတယ်။ […]

Continue Reading

Fact Check: တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ် ဆိုတဲ့ သတင်းတု

တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၉၀၀၀၀ ကျော်ရရှိထား တယ်။ အလားတူတဲ့ ဗွီဒီယိုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “တရုတ်ဝန်ကြီးရဲ့ ကြားဝင်မှုအောင်မြင်  (၅)ရက်နေ့ ‌ဒေါ်အောင်ဆန်းစုကြည်လွတ်ဖို့အတည်ပြု မင်းအောင်လှိုင် ကိုယ်တိုင်လည်းပြောထားပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ […]

Continue Reading