Archives

Fact Check: ငလျင်ဘေးအကူအညီပေးတဲ့ ယာဉ်တွေကို PDF တွေက တိုက်ခိုက်တယ်လို့ သတင်းမှားတွေ စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားက ဆက်တိုက်ဖြန့်ချိ

ငလျင်ဘေးအကူအညီပေးနေတဲ့ သူတွေကို ပစ်မှတ်ထားပြီး PDF တွေက တိုက်ခိုက်နေတယ်လို့ဆိုပြီး စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားတခုဖြစ်တဲ့ “မှိုင်းဝေ”အမည်နဲ့ တယ်လီဂရမ်အသုံးပြုသူက ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။    မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့မယ်လို့ ခန့်မှန်းရပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက PDF တွေအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ၂ ပတ်ကြာ ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပြီးနောက် အခုလို ဖြန့်ဝေမှုတွေထွက်ပေါ်လာတာဖြစ်တယ်။ တယ်လီဂရမ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာကြည့်ပါ။  “မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားတဲ့ ယာဥ်တန်း မြင်းမူနားမှာ အကြမ်းဖက် pdfများမှ ချောင်းမြောင်းတိုက်ခိုက်  မှိုင်းဝေ” […]

Continue Reading

Fact Check: မြန်မာစစ်‌ခေါင်းဆောင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေ တယ်လို့ AA စစ်ဦးချုပ်ပြောတဲ့ သတင်းတု

မြန်မာစစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံနဲ့အတူ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အကြမ်းဖက်သမား မင်းအောင်လှိုင် နဲ့ အပေါင်းပါတွေကို ၂၀၂၆ အစလောက်မှာ ဖမ်းစီးပြီး ရုံးတင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ် ဟုတ်ကဲ့ ကျနော်တို့ ဖမ်းစီးရမိရင်တော့  ICC ကို လွဲပြောင်းမပေးပါဘူး ကိုယ့်လက်ကိုယ့်ခြေနဲ့  ပြည်သူရှေ့မှာ ပြတ်ပြတ်သားသားအရေးယူပါမယ်” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ရက္ခိုင့်တပ်တော်(Arakan Army)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ x အကောင့်ကို […]

Continue Reading

Fact Check: နစကဖျက်သိမ်းဖို့ သဘောတူလိုက်ပြီး သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရဖွဲ့မည်ဆိုတဲ့ သတင်းတု

နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ(နစက)ဖျက်သိမ်းဖို့ သဘောတူလိုက်ပြီး သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရဖွဲ့မယ်လို့ဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  “နစက ဖျက်သိမ်းရန် သဘောတူပြီ ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရ ဖွဲ့မည် ကြားဖြတ် သတင်းကြီး နေပြည်တော်မှာ ပျံ့နှံ့” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar  ရဲ့ […]

Continue Reading

Fact Check: ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ရောင်းဖို့ကြိုးစားတဲ့ ဦးအောင်ဆန်းဦး ပစ်သတ်ခံရလို့ သေဆုံးတဲ့ သတင်းတု

ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ရောင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကို ဦးအောင်ဆန်းဦးကို ပစ်ခတ်ခံရလို့ သေဆုံးသွားပြီလို့ဆိုထားတဲ့  ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ခြံအမှတ်(၅၄)နေအိမ်ရောင်းတဲ့ အောင်ဆန်းဦး ပစ်သတ်ခံရပြီး သေဆုံး စစ်တပ်က လုပ်ကြံပြီး PDF တွေကိုထိုးချ/ လောဘကြီး လို့  သေရပြီဟာ။ အမေစုကိုပဲသနားတယ်။” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံးတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံးတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထား ခြင်းဖြစ်တယ်။  မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်တာဖြစ်စေ ဒီလို အကျဉ်းထောင် မီးလောင်လို့  အကျဉ်းသား ၉၀ သေဆုံးတယ်ဆိုတာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ သတင်းခေါင်း စဉ် တုတပ်ဗွီဒီယိုတွေ ဒါမှမဟုတ် လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး […]

Continue Reading

Fact Check: ဝန်ထမ်းတွေကို စစ်တပ်က လစာ ၂ ဆတိုးပေးဆိုတဲ့ သတင်းမှား

ဧပြီ ၁ ရက်ကစပြီး ဝန်ထမ်းတွေကို စစ်တပ်က လစာ ၂ ဆတိုးပေးလိုက်ပြီလို့ ဆိုတဲ့ အမိန့်ကြေညာချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၁၉ ရက်စွဲနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်တယ်ဆိုတဲ့ ဒီထုတ်ပြန်ချက်ထဲမှာ ခေတ်ကာလနဲ့ မကိုက်ညီတော့တာကြောင့် လစာနှုန်းထားတွေ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့လည်း ဖော်ပြထားတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဒီလစာတိုး ထုတ်ပြန်ကြေညာချက်ကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ‌ဖော်ပြချက်မတွေ့ရပါ။ စစ်တပ်ထိန်းချုပ်မှုအောက်က ပြန်ကြားရေးဌာနနဲ့ မြဝတီသတင်းတွေမှာလည်း ဒီလို […]

Continue Reading

Fact Check: လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ထံ အလင်းဝင်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး သတင်းဟောင်းတပုဒ်ကို ချဲ့ကားရေးသားထားခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယာဉ်ပါယူပြီး လေတပ်အရာရှိ(၅)ဦး ထွက်ပြေးပြီး NUGထံ အလင်းဝင် မင်းအောင်လှိုင် ကို ပြန်သတ်မည်ဟုပြော” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဒီရက်ပိုင်းထဲမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံလေတပ်က အရာရှိတွေ NUG ဆီကို ထွက်ပြေးခိုလှုံလာ တယ်ဆိုတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ လုပ်ကြံရေးသားချက်တွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို […]

Continue Reading

Fact Check: ဆော်ဒီခရီးစဉ်မှာ ဇန်လန်းစကီး ဒူးထောက်ခဲ့တဲ့ ဗွီဒီယိုဟာ AI အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်

ဆော်ဒီအာရေးဗီးယားနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်မှာ လေဆိပ်မှာလာကြိုတဲ့ ဆော်ဒီတာဝန်ရှိသူတွေကို ယူကရိန်း သမ္မတ ဇန်လန်းစကီးက လက်ဆွဲနှုတ်ဆက်ပြီးနောက် ဒူးထောက်လိုက်တဲ့ ဗွီဒီယိုတခု လူမှုကွန်ယက်မှာပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး ဗွီဒီယိုဟာ AI ဆော့ဖ်ဝဲတခုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ဒီလိုခေါင်းဆောင်မျိုးအောက်မှာနေရရင် ငတ်ပြီးသေရင်တောင် ကျေနပ်နေမှာ🥰 မိမိနိုင်ငံကိုရောင်းမစားဘူး” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် အဓိက ကျတဲ့ စကားလုံး တချို့ အသုံးပြုပြီး ရှာဖွေရာမှာ အခုပြောဆိုချက်တွေမှာ ပျံ့နှံ့နေသလို ယူကရိန်း သမ္မတရဲ့ […]

Continue Reading

Fact Check: ရန်ကုန်မြို့ ဝင်စီးခံရပြီး ရန်ကုန်မြို့လယ်မှာ သေကုန်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ဝင်စီးခံလိုက်ရပြီး ရန်ကုန်မြို့လယ်မှာ သေကုန်ပြီလို့ဆိုလိုထားတဲ့ ဗွီဒီယို Local Celegram အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နှုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီမှာလည်း တွေ့ရတယ်။ ဆူးလေဘုရားလမ်းမှာ မီးလောင်‌ပေါက်ကွဲမှုကြီးတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားထားပါတယ်။ “ရန်ကုန် မြို့လယ်မှာ သေကုန်ပြီ လုံးဝ အပြင်မထွက်ကြပါနဲ့ ရန်ကုန်မြို့ ဝင်စီး ခံလိုက်ရပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီအကြောင်းကို  သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖြစ်စေ၊ တခြားယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေ ကြိုဆိုနေတဲ့ ဗွီဒီယိုလား – မဟုတ်ပါ

 သမ္မတ ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေက ကြိုဆိုနေပုံလို့ဆိုလိုပြီး ဗွီဒီယိုပို့စ်တခု မတ်လ ပထမပတ် အတွင်းက လူမှု ကွန်ယက်မှာပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှု တခုဖြစ်တယ်။  တကယ်တော့ ကျဆုံးသွားတဲ့  ယူကရိန်းစစ်သားတယောက်ရဲ့ စျာပနအခမ်းအနား တခုက ဗွီဒီယိုဖြစ်တယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ဇန်လန်းစကီးကြား အိမ်ဖြူတော်မှာ အခြေအတင်ဖြစ်ပြီးနောက် ဒီဗွီဒီယိုဟာ သမ္မတဇန်လန်းစကီးကို ကြိုဆိုပုံအဖြစ် ပျံ့နှံ့လာခဲ့တာပါ။  အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ယူကရိန်းသမ္မတအား ယူကရိန်းပြည်သူများ ဦးညွတ်ကြိုဆို” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းကို […]

Continue Reading