Archives

Fact Check: ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်းသေဆုံးကြောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်း ထုတ်ပြန်တဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်းသေဆုံးကြောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ရှင်းလင်းပြောကြားမှု ဗွီဒီယိုဆိုပြီး ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရတယ်။  နိုဝင်ဘာ ၁၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၆ နာရီအတွင်း  ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော်ရရှိ ထား တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “အကျဉ်းထောင်ထဲမှာ အမေစု သေဆုံးမှု ၁၀၀%သေချာပီ ဗိုလ်ချုပ်‌ဇော်မင်းထွန်း အမှန်တိုင်းရှင်းပြီ တနိုင်ငံလုံးချက်ချင်းနားထောင်ကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌‌ဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာ တွေကို သတင်းခေါင်းစဉ်တုတပ်ကာဖြန့်ချိပါတယ်။ ဒါမှမဟုတ်လည်း လုပ်ကြံ သတင်းတု၊ သတင်းမှားတွေလည်း […]

Continue Reading

Fact Check: တရုတ်က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု 

တရုတ်က မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီး တရုတ်သမ္မတအမိန့်နဲ့ နေပြည်တော်ကို တရုတ်စစ်သားတွေ ရောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။   “စစ်ခေါင်းဆောင် ရန်သူဝိုင်းခံရပြီ တရုတ်က ဖမ်းဆီးဖို့ အမိန့်ထုတ် တရုတ်သမ္မတ အမိန့်နဲ့ နေပြည်တော် ကို တရုတ်စစ်သားများ ရောက်ရှိ သဘောတီူမှု ချိုး‌‌ဖောက်တယ်ဆိုပြီး တရုတ်သမ္မတက မင်းအောင်လှိုင်ကို ဒေါသထွက်နေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေနဲ့ လူမှုကွန်ယက်မှာ‌ဖော်ပြခဲ့တဲ့ အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်‌‌ဖော်ရာမှာ  သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုထဲပါအကြောင်းအရာတွေ […]

Continue Reading

Fact Check: ဗိုလ်နဂါးရဲ့ BRNA က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိဆိုတဲ့ သတင်းမှား 

ဗိုလ်နဂါးရဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BRNA)က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာဟာ ချဲ့ကားရေးသားထားတဲ့ သတင်းမှားတခုသာ ဖြစ်တယ်။ တကယ်တမ်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့ BRNA တပ်ဖွဲ့က ပုလဲမြို့ကို အလုံးစုံ ထိန်းချုပ်ခါနီးမှာပဲ ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက် ဖြစ်တယ်။  “ဗိုလ်နဂါးလက်စွမ်းပြနေပြီ ပုလဲမြို့သိမ်းတိုက်ပွဲ တပ်သား ၅၀၀၀ လောက် ဖမ်းခံရပြီ  AA ကလည်း ဝင်တိုက်နေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khitthit”အမည်နဲ့ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တပ်ကာ ဗွီဒီယိုကို ဖြန့်ချိပါတယ်။ […]

Continue Reading

Fact Check: ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးတဲ့ သတင်းတု 

ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေဘုရားလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးမှုဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါ တယ်။ သတင်းတုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ် ချက်ဖြစ်တယ်။  “မြို့လယ်ကောင်မှာ အသေဆိုးနဲ့သေပြီ၊ရုပ်သံ ဝဋ်လည်ပြီ ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ Mi-27 ရဟတ်ယာဉ်ပြုတ်ကျလို့ ဆူးလေလမ်းမပေါ်မှာ ပွဲချင်းပြီးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေဘုရားလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးမှု”ဆိုတဲ့ အကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တမ်းမှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ တကယ်တမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်က ပြန်လာတဲ့ စစ်တပ်ရဟတ်ယာဉ် ငဖဲမြို့နယ်ဘက်မှာ […]

Continue Reading

Fact Check: NUG ကို စစ်ရေးအကူအညီတွေပေးမယ်လို့ ဒေါ်နယ်ထရမ့် ဖုန်းဆက်ပြော တဲ့ သတင်းတု

မြန်မာနိုင်ငံကို စစ်ရေးအကူအညီတွေ ပေးဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)သမ္မတကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ဖုန်းဆက်ပြီးပြောတယ်လို့ ဆိုထားတဲ့  ဗွီဒီယို ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာတွေ့ရပါတယ်။  စစ်ခေါင်း‌ဆောင်ကို ရာထူးက ဆင်းပေးဖို့ ၅ ရက်အချိန်ပေးလိုက်တယ်လို့ ဆိုပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း  “ဒေါ်နယ်ထရမ့်လုပ်ရပ်ကြောင့် ထိတ်လန့်ကုန်ပြီ NUG သမ္မတထံဖုန်းဆက်ပြီး စစ်ရေးကူညီပေးမယ်တဲ့ မအလကို (၅)ရက်ပဲအချိန်ပေးမယ်တဲ့ဗျို့” (မူလအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် နိုဝင်ဘာ ၇ ရက် အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရ သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်၊ ပြင်သစ်၊ […]

Continue Reading

Fact Check: ‌သေခါနီးဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု

သူမရဲ့နောက်ဆုံးနေ့ရက်တွေ ရောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်က လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရှိထားတယ်။  “သေခါနီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာသက်ပန်လွတ်ငြိမ်းခွင့်ပေးတော့မည်ဟု  တရုတ်ပြန် မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် ထောင်က ပြန်လွှတ်တော့မယ်ဆိုပြီး အလားတူတဲ့ရေးသား မျှဝေမှုကို အခြားသော ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ကြည်ရှု့မှုပေါင်း ၄၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: တနာရီမိုင် ၅၀၀ နှုန်းနဲ့ တိုက်ခတ်ပြီး လူသန်းချီသေဆုံးနိုင်တဲ့ မုန်းတိုင်း ဝင်ရောက်မယ်ဆိုတဲ့ သတင်းတု

တနာရီ မိုင် ၅၀၀ နဲ့တိုက်ခတ်တဲ့ မုန်းတိုင်းဝင်ရောက်ပြီး တနိုင်ငံလုံး မြို့တွေ အကုန်ရေမြုပ်ပြီး လူသန်းချီ သေဆုံးနိုင်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်း ဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တနိုင်ငံလုံး သေဖို့ကြုံလာရပြီ  မုန်တိုင်ကြီး တစ်နာရီမိုင်-၅၀၀ (၂၄)နာရီအတွင်းဝင်တိုက်မယ်၊ အမြန်ပြေးကြပါ မြို့တွေအကုန်ရေမြှုပ်ပြီး လူ သန်းချီသေမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီခန့်မှန်းချက်မျိုး မိုးလေဝသကျွမ်းကျင်သူတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းမြစ်တွေမှာ ‌‌ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြခဲ့တဲ့အကြောင်းအရာဟာ သန်လွင်ခက် သတင်းဌာနက‌ ဖော်ပြခဲ့တဲ့ “နိုင်ငံတဝှမ်း မိုးရွာသွန်းမှုတွေ ရှိနိုင်”ဆိုတဲ့ သတင်းကို ပြန်လည်‌ဖော်ပြထား ခြင်းဖြစ်တယ်။  နိုဝင်ဘာ ၉ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့ သတင်းတု

စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရတယ်။  နိုဝင်ဘာ ၇ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်း ကျော်ရရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မင်းအောင်လှိုင် တရုတ်ပြည်ရောက်နေချိန် အာဏာရှင်ဟောင်းဦးသန်းရွှေနဲ့ အမေစု တွေ့ပြီ အာမခံချက်နဲ့ လွှတ်ပေးလိုက်ပြီ/ထူးပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ သတင်းဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံတဲ့ သတင်းဖြစ်စေ […]

Continue Reading

Fact Check: အမ်းမှာ AA က စစ်ကောင်စီရဟတ်ယာဉ်ပစ်ချခဲ့တဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

ရခိုင်ပြည်နယ် အမ်းမြို့မှာ ရခိုင်တပ်တော်(AA)က စစ်ရဟတ်ယာဉ်တစီး ပစ်ချမှုဆိုတဲ့ ဗွီဒီယိုဖိုင် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါ တယ်။ AA ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာပဲ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်မှုဖြစ်စဉ်မှာ ရဟတ်ယာဉ် တစီးပစ်ချခဲ့တယ်ဆိုပြီးတော့ သတင်းထွက်ပေါ်အပြီးမှာ အခုလို ပျံ့နှံ့လာတာဖြစ်တယ်။   တကယ်တမ်းမှာ ဒီဗွီဒီယိုဟာ ပင်လည်ဘူးမြို့မှာ စစ်ရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရစဉ်က ဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ကင်ခံလိုက် ရပီး ၊ ရခိုင်ပြည် အမ်းမြို့ လို့ပြောပါတယ် ကွက်တိပဲ ဘယ်နှစ်ဦးလဲ များမယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတချို့ကို ဓာတ်ပုံအဖြစ်ပြောင်းလဲပြီး Google […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်၊ အာဏာပြန်လွှဲမယ်ဆိုတဲ့ သတင်းတု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နုတ်ထွက်မယ်လို့ ကြေညာလိုက်၊ အာဏာပြန်လွဲလိုက် ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ “Local celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့  ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။NLD ကို လွှတ်တော်ခေါ်ခွင့်ပေးလိုက်ပြီ၊ ၃၈ နာရီအတွင်း အာဏာပြန်လွှဲမယ်၊ ဒေါ်သက်သက်ခိုင်ကို သမ္မတအဖြစ်ခန့်အပ်ပြီး မင်းအောင်လှိုင် နုတ်တွက်တော့မယ်ဆိုတဲ အလားတူဖြန့်ဝေမှုတွေကို ့ ဒီနေရာနဲ့ ဒီနေရာမှာ ဒီချန်နယ်က ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေ(MOI, […]

Continue Reading