Archives

Fact Check: BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရပြီး သေဆုံးဆိုတဲ့သတင်းတု

BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရလို့ ‌‌ဆေးရုံတင်ထားရတယ်၊ သေဆုံးသွားတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  ဒီယူကျူ့ချန်နယ်ကပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ BGF ခေါင်း‌ဆောင် စောချစ်သူကို စစ်ကောင်စီက ဖမ်းဆီး သတ်ပစ်လိုက်ပြီဆိုပြီးတော့ မျှဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ “စောချစ်သူ လုပ်ကြံခံကပီဟေ့ BGF ခေါင်းဆောင် စောချစ်သူလုပ်ကြံခံရသဖြင့်  အရေးပေါ်ဆေးရုံတင်ထားကတဲ့ဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Myawaddy News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မှာ ဒီချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ ယူကျူ့မှာဖြန့်ဝေထားတာဟာ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “အာနာသိမ်းခိုင်းတဲ့ဆရာကြီးကိုဖမ်းချုတ်ပြီး  အမေ့များနေ့မှာ အမေစုကိုလွတ်ပေးလိုက်ပြီ တနိုင်ငံလုံးဝမ်းသာစရာသတင်းထူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးလိုက်ပြီလို့ဆိုထားပေမယ့် တကယ်တော့ ဒီဗွီဒီယိုတခုလုံးမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် တဲ့သတင်းကို လွတ်လပ်တဲ့ သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာ ယူကျူ့အသုံးပြုသူတဦးက စစ်တပ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြနေတဲ့ စစ်တပ်ထောက်တိုင်တွေဟာလည်း ရူးကြောင်ကြောင်လုပ်ရပ်ဖြစ်ကြောင်း၊ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြတာထက် နေပြည်တော်မှာ ဆန္ဒပြသင့်ကြောင်း၊ ယနေ့ဖြစ်ပျက်နေတဲ့ […]

Continue Reading

Fact Check: မန္တလေးအိုးဘိုထောင်ကို PDF သိမ်းပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို ပစ်သတ်ဆိုတဲ့ သတင်းတု

မန္တလေးအိုးဘိုထောင်ကို PDF သိမ်းပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို ပစ်သတ်လိုက်တယ်လို့ ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အကျဉ်းသား ၉၀၀၀ လွတ်ပြီ  မန္တလေးအိုးဘို‌ထောင် PDF သိမ်းပြီ အကျဉ်းထောင်အရာရှိကို ဖမ်းဆီးပြီးမီးရှို့သတ် မုဒိမ်းမှုလူသတ်မှုနဲ့ကျသူတွေကိုတစ်ခါတည်းပစ်သတ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ကန့်ဘလူ မလည်ကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ကြော စစ်ကြောင်း​ကြောင်းထိုးရာ လန်ကျ၊ ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၃ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းတု

ကုလသမဂ္ဂရဲ့ကြားဝင်မှု၊ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တောင်းဆိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အခြားသော ယူကျူ့ ဗွိဒီယိုတခုမှာတော့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က လွှတ်ပေးလိုက်ပြီလို့ဆိုထားတယ်။ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။   “မနက်ဖြန်မနက် UN တာဝန်ရှိသူတွေ လာမှာမို့  အမေစုကို ညတွင်းချင်း  လွှတ်ပေးလိုက်လို့ ကြိုနေကြပြီ အောင်ပွဲခံဖို့ မစောင့်နိုင်တော့ဘူးကွာ ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ပညာ‌ရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေသလား- မဟုတ်ပါ

ဧပြီလမှ စတင်ပြီး မြန်မာနိုင်ငံ ပညာ‌ရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေတယ်လို့ ဆိုပြီး ကြော်ငြာထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ အသက် ၁၈ နှစ်အထက်ကနေ အသက် ၅၅ နှစ်အထက်အထိ သင်တန်းတွေကို ဝင်ရောက်ကြည့်ရှူ့နိုင်တယ်ဆိုပြီးတော့လည်း ကြော်ငြာထားတာတွေ့ရတယ်။ အတုအယောင်ကြော်ငြာ တခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အစိုးရအကျိုးခံစားခွင့်များကို အသုံးချပါ၊ အခမဲ့အွန်လိုင်းသင်တန်းများကို စူးစမ်းလေ့လာပြီး နိုင်ငံအလိုက် အသိအမှတ်ပြုလက်မှတ်ကို ရယူလိုက်ပါ။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းကို မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနမှာလည်း ဖော်ပြချက်မရှိသလို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အောက်က ပညာရေးဝန်ကြီးဌာန မှာလည်းဖော်ပြချက် မရှိပါ။ ဒီလိုမျှဝေထားတဲ့ […]

Continue Reading

Fact Check: အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးဆိုတဲ့ သတင်းတု

အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ — အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  “အင်းစိန်ထောင်ကို မီးရှို့ပြီး  ရာဇဝတ်သား ၃၀၀၀ ထွက်ပြေး တစ်မြို့လုံး အန္တရာယ်ဥဩဆွဲသံတွေ ကြားနေရ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ ကို လုပ်ကြံရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေး လွတ်မြောက်သွားတယ်ဆိုတဲ့သတင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။  အခြားသော ဗွီဒီယိုပါအကြောင်းအရာတွေကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “BGF က […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ကျန်းမာရေး ကြောင့် တာဝန်မှ အနားပေး လိုက်တယ်ဆိုတဲ့ သတင်းတု

ဒုတိယစစ်ခေါင်းဆောင်ကို ကျန်းမာရေးကြောင့် တာဝန်မှ အနားပေးလိုက်တယ်ဆိုတဲ့ ပို့စ်ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ တကယ်တမ်း ဒီလိုထုတ်ပြန်ချက်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  “… အခုတော့ သိပ်ကိုသေချာသွားခဲ့ပြီ … ဟိုနေ့က လူလုံးထွက်ပြတဲ့ မော်လမြိုင် ကဆေးရုံဆိုတာကလဲ သူမဖြစ်ခင် ကပုံတွေပါ.. Eleven Media Group သူတို့ကိုဘောမနေတဲ့ Media ကနေ ကူးပြီးပုံဟောင်းတွေကိုဖြန့်ထားတာပါ… လက်ရှိသတင်းတွေအရ မရှု့မလှ ခံနေရတုံးပါ အခုတော့ ရှင်းသွားပါပြီ.. ဘိုင် သရေကြိုးကိုးကွင်း ရေ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ်နဲ့ စစ်တပ်ပိုင်မြဝတီသတင်းဌာနတွေမှာ […]

Continue Reading

Fact Check: အလောင်းတော်ကဿဖ ဂူနံရံရှိ ရွှေတွေကို PDF အဖွဲ့က ခွာယူသွားတယ် ဆိုတဲ့ သတင်းမှား

မုံရွာမြို့နယ် အလောင်းတော်ကဿဖ လှိုဏ်ဂူတော်အား pdf များဖျက်ဆီးပြီး ဂူနံရံရှိ ရွှေများအားခွာယူသွား တယ်လို့ဆိုထားတဲ့ ပြောဆိုချက်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေချက်တခုသာဖြစ်ပြီး ရွှေခွာယူသွားတယ်ဆိုတာမဟုတ်ကြောင်း အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ PDF အဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ ပေါက်ဖော်အမည်နဲ့ ဝက်ဘ်ဆိုဒ် ကလည်း တရုတ်ဘာသာနဲ့ ရေးသာဖြန့်ဝေထားတာလည်းတွေ့ရတယ်။ “(မုံရွာမြို့နယ် အလောင်းတော်ကဿဖ လှိုဏ်ဂူတော်အား pdf များဖျက်ဆီးပြီး ဂူနံရံရှိ ရွှေများအားခွာယူသွား 😪)” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းဟာ မမှန်ကန်ကြောင်းနဲ့ ဒေသခံပြည်သူတွေဆိုရင် ဒီဖြစ်ရပ် […]

Continue Reading

Fact Check: တိုယိုတာ ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်နေတဲ့ ဗွီဒီယိုဟာ မြန်မာနိုင်ငံက မဟုတ်ပါ

တိုယိုတာ အမှတ်တံဆိပ်ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်စင်ကနေ ဒုံးကျည်တွေ ပစ်လွှတ်နေတဲ့ ဗွီဒီယိုကို မြန်မာနိုင်ငံက တော်လှန်ရေးတပ်တွေ နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေမှုလို့ ဆိုလို မျှဝေထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယို ၂၀၁၆ ခုနှစ်လောက်ကတည်း အခြားသော ဘာသာစကားအသုံးပြုသူတွေပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၅ ရက်က စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၆ သန်းဝန်းကျင် ရရှိထားတယ်။ မှတ်ချက်ပေးထားတာတွေကို လေ့လာကြည့်ရာမှာလည်း မြန်မာပြည်က တော်လှန်ရေးအဖွဲ့တွေရဲ့ တကယ်ပဲ စမ်းသပ်ပစ်ခတ်နေတဲ့ ဗွီဒီယိုလာဆိုပြီးတော့ ဝေးဝါးနေသလို နားလည်မှုလွဲစေနိုင်တာတွေ့ရတယ်။ “နေပြည်တော်အတွက်အထူး😘👊👊” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: ရေဘီးလူခေါင်းဆောင် လုပ်ကြံခံရပြီး သေဆုံးမှု သတင်းမှား

ရေးမြိုနယ်မှာ အဓိကလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ ခေါင်းဆောင် လုပ်ကြံခံရလို့ သေဆုံးတဲ့ ဓာတ်ပုံအဖြစ်  ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာနဲ့ စစ်တပ်ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်ရဲ့ ဒီနေရာမှာ တွေ့ရပါတယ်။  “ရေးဘီလူး(ခ) လှိုင်းဝင်း လုပ်ကြံခံရ  ရေးမြိုနယ်တွင်အဓိကလှုပ်ရှားနေသည့် အင်အား ၂၀၀ ခန့်ရှိ ရေးဘီလူးအဖွဲ ခေါင်းဆောင်သည် ယမန်နေ့က အမညျမသျိ လူသုံးဦး၏ လက်ချက်ဖြင့်သေဆုံးသွားကြောင်းသိရသည်။ စခန်းဒုခေါင်းဆောင်နှင့် လွန်ခဲ့သည့်တစ်ပတ်က အလှူငွေကိစ္စ စကားများကြရာက ယခုကဲသို လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း တပ်ဖွဲဝင်များ က ဆိုသည်။ ၎င်းသေဆုံးခြင်းကို လျှိဝှက်ထားချင်သည့်အတွက် သတင်းကိုဖုံးဖိရန် အစပိုင်းက ကြိုးစားသော်လဲ ၎၏ အလောင်းပုံ […]

Continue Reading