Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းတု
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ နေပြည်တော် အချုပ်ထောင်ကနေ စစ်တပ်ရဟတ်ယာဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပို့လိုက်ပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ထိပ်ပိုင်းခေါင်းဆောင် ၄၀ ဦး လွှတ်ပေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော၊ ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ် ၅၄ ပြန်ရောက်ပြီဆိုတဲ့ ဗွီဒီယိုတွေကို “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ် လတ်တလော ဆက်တိုက်ဖြန့်ဝေလာတာတွေ့ရပါတယ်။ သတင်းတုတွေသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ အလားတူ ရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “နေပြည်တော်အချုပ်ထောင်ကနေ စစ်တပ်ရဟတ်ယာဉ်နဲ့ အမေစုကို ပြန်ပို့ပြီလို့ဗိုလ်ချုပ်ဇော်မင်းထွန်းပြော” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ […]
Continue Reading
