Archives

Fact Check: KFC က ကြက်ကြော် အလကားပေးနေတယ်ဆိုတဲ့ လိမ်လည်လှည့်စားထား တဲ့ စာမျက်နှာ

KFC က ဖေ့စ်ဘွတ်ပို့စ်ကို မျှဝေတဲ့သူတိုင်းကို ကြက်ကြော်တွေ အလကားပေးနေပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ KFC နာမည်နဲ့ အမှတ်တံဆိပ်အသုံးပြုပြီး လိမ်လည်လှည့်စားထားခြင်းသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ၁၉ နာရီအတွင်း ဒီပို့စ်ကို မျှဝေမှုပေါင်း ၆၀၀၀ ရှိပါတယ်။  “ဒီနှစ် ဒီဇင်ဘာလအတွက် KFC မှာ ထူးထူးခြားခြား လုပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်တွေက ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ KFC မှာ လူတိုင်းကို ကြက်တစ်ပုံး (အခမဲ့) ကျွေးချင်တယ်။ ဒီပို့စ်ကို မျှဝေသူတိုင်းနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ကြက် ၁၂ ကောင်ပါတဲ့ ပုံးတစ်ပုံးကို ပို့ပေးပါမယ်။ (​နောက်​​နေ့ပို့​ပေးပါတယ်​)” မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: NUG ကိုတရုတ်က လေယာဉ် ၃၃ စီးထောက်ပံ့မှုနဲ့ လေယာဉ်တွေ လက်ခံရရှိနေမှုသတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို တရုတ်က လေယာဉ် ၃၃ ကူညီမှု၊ မြန်မာစစ်တပ်ဘက်က လေယာဉ် တွေနဲ့ CDM  ပြုလုပ်လာမှုဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ သတင်းမှားတွေသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “NUG ကို လေယဉ် (၃၃)စီး ကူညီမယ်ဟု တရုတ်အစိုးရ ကြေငြာ”စသည်ဖြင့် ဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်မှာ ရေးသားထားသလို ဗွီဒီယိုခေါင်းစီးစာသားမှာလည်း “6 December 2023,တရုတ်အစိုးရက NUG ကို မြန်မာအစိုးရတဲ့။ မင်းအောင်လှိုင်သွေးတိုးနိုင်။ လေယဥ်၃၃စီးရပီ”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Yotube link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို ဒီယူကျူ့ချန်နယ်ရဲ့  ဒီနေရာနဲ့ဒီနေရာမှာလည်းပါတယ်။ NUG ဆီကို လေတပ်က လေယာဉ်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတာကြောင့် လေယာဉ် ၁၁ […]

Continue Reading

Fact Check: လက်ရှိပဋိပက္ခအတွင်း KNDF ဒုတိယစစ်ဦးချုပ်မာဝီ ဒဏ်ရာရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF)ဒုတိယစစ်ဦးစီးချုပ်မာဝီ မြန်မာစစ်တပ် က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု လူမှုကွန်ယက် မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ထို့အပြင် ၁၇ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ စစ်ဝတ်စုံဝတ်အမျိုးသားတဦး ခြေထောက်မှာ ဒဏ်ရာရရှိထားပြီး သွေးထွက်နေတာကို အခြားသော လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းဝန်းပြုစုနေပါတယ်။  အလားတူတဲ့ ရေးသား မျှဝေမှုကို တယ်လီဂရမ်ရဲ့ ဒီနေရာနဲ့ ဒီနေရာ၊ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ဖြန့်ဝေထားတာတွေ့ရပြီး KNDF ဒုစစ်ဦးစီးချုပ်ဟာ ဒီဇင်ဘာ ၁ ရက်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လ်ကနက်ကြီး ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။ “ကယားမှာ ချီးယားနော် အကြမ်းဖက်သမား မာဝီ ဆိုတဲ့ကောင်ကို တပ်မတော်က ဗျင်းထည့်လိုက်တာ… […]

Continue Reading

Fact Check: NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်မှာ အဖမ်းခံရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်မှာ အဖမ်းခံရတဲ့ ဗွီဒီယိုလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာမှာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ တကယ်တော့ ဒေါ်ဇင်မာအောင် ဂျပန်မှာ ဂျပန်ရောက်မြန်မာတွေနဲ့ မြန်မာအရေးဆွေးနွေးပွဲအပြီး ပြန်လည်ထွက်ခွာသွားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အခမ်းအနားတခုကနေ လုံခြုံရေး တာဝန်ယူထားတဲ့သူတွေနဲ့  ဝိုင်းရံပြီး ဒေါ်ဇင်မာအောင် ထွက်ခွာသွားတဲ့ ဗွီဒီယိုနဲ့အတူ ဒီလိုရေးသားမျှဝေထားတာဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းပါတယ်။ “NUG အကြမ်းဖက်အဖွဲ ခေါင်းဆောင်တဦးဖြစ်တဲ့ (ဇင်မာအောင်ဆိုသူအမျိုးသမီး ) ဂျပန်မှာ စကားပြောပွဲလုပ်နေစဉ် ဂျပန်လျှိုဝှက်ရဲတပ်ဖွဲက ဝင်ရောက်ဖမ်းဆီးပြီး ဂျပန်နိူင်ငံကနေ နှင်ထုတ်လိုက်တယ်လိုသိရပါတယ်။😮😮😮 မှိုင်းဝေ https://t.me/hminewai/42467 https://t.me/hminewai/42467” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် NUG […]

Continue Reading

Fact Check: NUG ကို နိုင်ငံ ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းမှား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို နိုင်ငံပေါင်း ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းပါတယ်။ “1 ရက်နေ့ ဒီဇင်ဘာလ (မအလ ပေါက်ကွဲနေ) နိုင်ငံ ၄၀ ကျော် NUG ကို အစိုးရဟု သတ်မှတ် စစ်တပ်ကို အရက်စက်ဆုံး အကြမ်းက်ဟု စတင်ကြေညာ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ချိနေတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ အခုရက်ပိုင်းမှာ ယူကျူ့နဲ့ဖေ့စ်ဘွတ် စာမျက်နှာ တွေက ပြန်လည် ဖြန့်ဝေလာပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်။ မီဒီယာအချို့က သတင်းတွေ ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲတပ်မျှဝေထားတဲ့ ဗွီဒီယိုတွေသာဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ဒီလိုပြောဆို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ အလားတူရေးသား မျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Local News Tv”ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတွေတပ်ပြီး ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ခလရ(၁၂၅)တပ်ရင်းမှူးက အလံဖြူ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်းဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူသွားပြီး ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ သတင်းမှားတွေ ဖေ့စ်ဘွတ်နဲ့ ယူကျု့ အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့နေတဲ့ ပို့စ်တခုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင် အနားယူပြီဟု MRTV  ကြေညာ တပ်အလုံးစုံ ရပ်တန့်လိုက်ပြီ ဗိုလ်ချုပ် စိုးဝင်း အာဏာယူပြီ”  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌ဖော်ပြပြီး လိုအပ်သလို သတင်းခေါင်းစဉ်ကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ “မင်းအောင်လှိုင် အနားယူပြီဟု MRTV  ကြေညာ တပ်အလုံးစုံ ရပ်တန့်လိုက်ပြီ ဗိုလ်ချုပ် စိုးဝင်း အာဏာယူပြီ” လို့ ဗွီဒီယိုအစမှာရေးသားထားပေမဲ့ […]

Continue Reading

Fact Check: ဗဟိုဘဏ်ဗုံးဖောက်ခံရပြီး ပိုက်ဆံ သန်း ၁၀၀ မီးလောင်သွားတဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယို

စစ်ကောင်စီလက်အောက်က မြန်မာနိုင်ငံဗဟိုဘဏ် ဗုံးဖောက်ခံရမှုနဲ့ အတူ လက်ကျန် သန်း(၁၀၀) မီးထဲပါသွား တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေထားတာ သတင်းမှား တခုသာ ဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ် ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ညက ဗဟိုဘဏ် ဗုံးဖောက်ခံရမှုနဲ့ အတူ လက်ကျန် သန်း(၁၀၀) မီးထဲပါသွား” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ကြည့်မယ်ဆိုရင် မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေတပ်ပြီ ပြန်လည်ဖြန့်ဝေ နေတာတွေ့ရပါတယ်။  အခု ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ယူကျူ့မှာယနေ့ ဖြန့်ဝေခဲ့တဲ့ “Khit […]

Continue Reading

Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုပစ်သတ်ခံရမှုသတင်းတု

အဏာသိမ်းစစ်‌ခေါင်းဆောင် မိသားစုဝင် ၃ ဦးပစ်သတ်ခံရတယ်လို့ဆိုပြီး ယူကျု့အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင် မိသားစု(၃)ဦးပစ်သတ်ခံရ အခုပဲ ရန်ကုန်ခေတ်သစ်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက်  “Share Local Media” ယူကျု့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ဒီလို ဖြန့်ချိရာမှာ လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက် တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာ တွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ “နိုဝင်ဘာ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး စမယ်လို့ မြောက်ပိုင်းသုံးဖွဲ့ […]

Continue Reading

Fact Check: အင်ဒိုနီးရှားမှာ NUG နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန်လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှား

အင်ဒိုနီးရှားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန် လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှားပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မအလရှုံးပြီဟေ့ ဝန်ခံလိုက်ပြီ NUG နဲ့အပစ်ရပ်ဖို့ အင်ဒိုနီးရှားမှာဆွေးနွေး မအလ အာဏာပြန်လွှဲဖို့သဘောတူပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်ရှိပါဘူး။  အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ် တုတပ်ပြီး ပြန်လည်ဖြန့်ချိပါတယ်။ ထို့အပြင် ပြည်တွင်း သတင်းလုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ် သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို […]

Continue Reading