Archives

Fact Check: ရခိုင်မှာ သေဆုံးခဲ့တဲ့ သင်္ဘောပေါ်ပါလာတဲ့ တပ်မိသားစုဝင်တွေရဲ့ ‌နောက်ဆုံးမြင်ကွင်းပုံလား- မဟုတ်ပါ

ရခိုင်မှာ ရခိုင့်တပ်တော်(AA)က စစ်သင်္ဘောကို တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ တပ်မိသားစုဝင်တွေရဲ့ နောက်ဆုံး ဓာတ်ပုံနဲ့ ရေနစ်သေဆုံးနေတဲ့ မြင်ကွင်းဓာတ်ပုံ ၂ ပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားတခုဖြစ်ပြီး ဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။    ဖေဖော်ဝါရီလ ၈ ရက်က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း AA တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၃ စင်း နစ်မြုပ်ခဲ့ပြီး စစ်တပ်ဘက်က ရာဂဏန်းသေဆုံးမှုအပြီးမှာ ဒီလိုဖြန့်ချိလာတာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။  “ရေယဥ်ပေါ်ပါသွားတဲ့ တပ်မိသားစု မြင်ကွင်း နောက်ဆုံးပုံလေးပါ ငါ ကမ္ဘာမကြေဘူနော်  လက်နက်ကိုင်တဲ့လူအချင်းချင်းtaတာတောငါတို့လက်ခံတယ် မဟုတ်လား လက်နက်မပါတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေနဲ့ မှီခိုသူတွေ သူတို့မှာ […]

Continue Reading

Fact Check: သရုပ်ဆောင်တွေရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြောကြားချက် တွေလား- မဟုတ်ပါ

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်ပြီး ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ထောက်ခံပြောကြား ချက်၊ ကန့်ကွက်ချက်တွေအဖြစ် ဗွီဒီယိုတွေယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိ နေခြင်းသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ထုတ်ပြန်ကြေညာခဲ့အပြီးမှာ သတင်းတုသတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေလာ နေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိတယ်။ ဗွီဒီယိုခေါင်းစဉ်မှာ “မြင့်မြတ်လည်း ဒဲ့ပြောပြီလေ”လို့ ရေးသားလျှက် ဗွီဒီယိုထဲက ရုပ်ကတ်ထဲမှာတော့“မဖြစ်မနေ စစ်မှု့ထမ်းရမယ့် […]

Continue Reading

Fact Check: စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြုပြီး သတင်းတုသတင်းမှားများ ဖြန့်ဝေလာ

ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက လူတိုင်းစစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို‌ ကြေညာလာ တာကို အကြောင်းပြုပြီး သတင်းတုသတင်းမှားတွေ ဖြန့်ဝေလာတာတွေ့ရပါတယ်။   စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုတာအပါအဝင် စစ်မှုမထမ်းဘဲ ပြည်ပပြေးရင် ပစ်သတ်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားတယ်၊ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရန်ကုန်မှာ လူမိုက်တွေက ဓားနဲ့လိုက်ခုတ်တယ်စသည်ဖြင့် ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်မှုမထမ်းမနေရအမိန့်စာထုတ်ပြီးပြီးချင်း ရန်ကုန်နဲ့မန္တလေးမှာ လူငယ်တွေကို ဖမ်းဆီးနေ ပြည်ပပြေးရင် ပစ်သတ်ရန်အမိန့်ထုတ်” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီတခုမှာတော့ “စစ်မှုထမ်းရန် လူငယ်တွေလိုက်ဖမ်းနေချိန် ရန်ကုန်လူမိုက်များကစစ်ခွေးတွေကို […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ပြန်လည်ပယ်ဖျက်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမီဒီယာတွေကဖော်ပြချက်တွေကို ပြန်လည်ကူးယူ ဖော်ပြပြီး နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီဗွီဒီယိုကို တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိတယ်။ “စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ပယ်ချခံရ စစ်ကောင်စီဖျက်သိမ်းလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြားအမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) […]

Continue Reading

Fact Check: ကောလင်းကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့တဲ့ ဓာတ်ပုံလား-မဟုတ်ပါ 

ကောလင်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ပုံအဖြစ် ကောလင်းမြို့အဝင်ဆိုင်းဘုတ်နောက်ခံနဲ့ စစ်ကောင်စီ တပ်သားတဦးကို ရိုက်ကူးထားဟန်နဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)သိမ်းပိုက်ထားတဲ့ မြို့ကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်နေစဉ်မှာပဲ အခုလို ဖြန့်ချိလာ တာပါ။ ပြုပြင်ပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတပုံဖြစ်တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ဖြန့်ဝေနေထားတဲ့ စာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “စစ်သတင်းတော့ မိမိစိတ်မဝင်စား သို့သော် ကောလင်း Patriot စစ်ကြောင်းဝင်ထားပြီ ဖြစ် ဧည့်စာရင်းစစ်ခြင်းများလုပ်ဆောင် Pdf စပ်ဆက်လူ ၁၀၀ ကျော်ဖမ်းဆီးမိထားသည်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံဟာ Photoshop နဲ့ပြုပြင်လုပ်ကြံထားတဲ့ […]

Continue Reading

Fact Check: SSPP နဲ့ RCSS က စစ်ကောင်စီကို စစ်ကြေညာတဲ့ သတင်းတု

ရှမ်းလက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS က စစ်ကောင်စီကို စစ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ ဒီအပြင် RCSS က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တယ်လို့ လည်းပါရှိပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံပါ စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။  “အရေးပေါ်သတင်း အကြမ်းဆုံးလက်နက်ကိုင် ၂ ဖွဲ့ RCSS နဲ့ SSPP အခုပဲ နေပြည်တော်ကို စစ်ကြေညာ NCA အကုန်ဖျက်သိမ်းကြောင်း RCSS ကြေညာ” မူရင်းလင်ခ့် – Youtube links | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ သမ္မတဟောင်း လေယာဉ်ပျက်ကျလို့ သေဆုံးမှု သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန် လေယာဉ်ပျက်ကျသေဆုံးခဲ့တယ် လို့ဆိုထားတဲ့ ယူကျူ့ ပို့စ်တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံပါ စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။  “သိန်းစိန် မအလ ပါတဲ့လေယာဉ် ပေါက်ကွဲမီးလောင်ပြာကျ ဝဠ်ကြေး အလောင်းတောင်ပြန်မရဘူး” မူရင်းလင်ခ့် – Youtube links | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေထားတဲ့ “နိုင်ငံတကာ သတင်းစုံ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တွေ ဒါမှမဟုတ် သတင်းခေါင်းစဉ်တုတွေ တပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ၈ မိနစ်‌ကျော်ရှည်လျားတဲ့ အခုလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်လိုက်ပါလာတဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်းပါတဲ့ […]

Continue Reading

Fact Check: သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မလွှတ်ရင် UN စစ်ကြေညာမယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်‌ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမိန့်ချလိုက်ပြီး လွှတ်မပေးရင် ကုလသမဂ္ဂက စစ်ကြေညာမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုက ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အမေစုနဲ့သမ္မတကြီးကို ၄၈ နာရီအတွင်းချက်ချင်းလွှတ်ရမည် လုံခြုံရေးကောင်စီ(R2P) တစ်ပြိုင်နက်ဆုံဖြတ်လိုက်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အလားတူပို့စ်ကို ယူကျူ့ဗွီဒီယိုရဲ့ ဒီနေရာမှာလည်းတွေ့နိုင်ပါတယ်။  အချက်အလက်စိစစ်ချက် အခုလိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် ဒါမှမဟုတ် သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  ဖေဖော်ဝါရီ ၅ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်လို့ တခါးပိတ်ဆွေးနွေး […]

Continue Reading

Fact Check: အမေရိကန် ဇာတ်ကြမ်းရုပ်ရှင်မင်းသားနဲ့ နိုင်ငံရေးသမား အာနိုး ဟိုတယ် အခန်းမငှားလို့ လမ်းပေါ်မှာအိပ်ခဲ့ရသလား-မဟုတ်ပါ

အမေရိကန်နာမည်ကြီး ဇာတ်ကြမ်းရုပ်ရှင်မင်းသားနဲ့ မြို့တော်ဝန်တဦးလည်းဖြစ်ခဲ့တဲ့ အာနိုးရှဝါစနေကာ(Arnold Schwarzenegger)ဟာ ဟိုတယ်မှာ အခန်းငှားလို့မရတဲ့အတွက် လမ်းဘေးမှာပဲ အိပ်ခဲ့ရတယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ အာနိုးဟာ မြို့တော်ဝန်ဖြစ်ခဲ့စဉ်က သူ့ကို ချီးမွှမ်းထောပနာပြုခဲ့ပြီး ဟိုတယ်ရှေ့မှာ သူ့ရုပ်ထု ထုလုပ်ထားရှိခဲ့တဲ့ ဟိုတယ်ဟာ သူ့အတွက် ဘယ်အချိန်မဆိုလာလို့ရတဲ့ အခန်းတခုထားပေးထားမယ်လို့ ပြောခဲ့ပေမဲ့ မြို့တော်ဝန်အဖြစ်ကနေ နုတ်ထွက်ခဲ့ပြီးနောက် အဲဒီဟိုတယ်ကို ရောက်သွားချိန်မှာတော့ သူ့အတွက် အခန်းမရှိတော့ဘူးလို့ ပြောလွှတ်ခဲ့တာကြောင့် ဟိုတယ်ရှေ့က သူ့ရုပ်တုရှေ့မှာပဲ အိပ်ခဲ့ရတယ်လို့ဆိုပြီး   အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူ ထားခြင်းဖြစ်တယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “နာမည်ကြီးမင်းသားကြီး Arnold Schwarzenegger က သူ့ရဲ့ နာမည်ကြီးကြေးရုပ်အောက်မှာ လမ်းပေါ်မှာ အိပ်ပျော်နေတဲ့ပုံကို တင်ခဲ့ပြီး […]

Continue Reading

Fact Check: AA က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ရခိုင့်တပ်(AA)က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးခဲ့ပြီး ရဟတ်ယာဉ်မှုး တဦးပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေ ထားရာမှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ ဖေဖော်ဝါရီ ၄ ရက်စွဲနဲ့ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၁ ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂သိန်း‌ကျော်ရရှိထားပါတယ်။ “FN-6 ရခိုင့်တပ်(AA)ထုတ်သုံးပြီ MI-17 ရုရှားထုတ် ရခိုင့်တပ် AA ပစ်ချလိုက်ပြီ ဗိုလ်မှူးကြီး(၁၈)ဦးသေဆုံး၊ ရဟတ်ယာဉ်မှူး အစဖျောက်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ […]

Continue Reading