Archives

Fact Check: မန္တလေးမြို့‌ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး လူတွေအပြင်မထွက်ကြဖို့ တိုက်တွန်းတဲ့ သတင်းခေါင်းစဉ်တု

မန္တလေးမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ဗုံးမိုးရွာနေလို့ အပြင်မထွက်ကြဖို့ PDF-mdy ကတိုက်တွန်းလိုက် တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခုဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ “Breaking News မအလ ရှုံးပြီဝန်ခံလိုက်ပြီ မန္တလေးမြို့ကိုချကုန်ပြီဟေ့ လုံးဝ အပြင်မထွက်ရ PDF-mdy ကြေညာလိုက်ပြီ၊ ဗုံးမိုးရွာပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့(အထူးသဖြင့် ရန်ကုန်ခေတ်သစ် မီဒီယာက) သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပြီး  ရန်ကုန်ခေတ်သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။ အခုလည်း မန္တလေးမြို့မှာ တိုက်ပွဲတွေဖြစ်ပြီး […]

Continue Reading

Fact Check: အ‌ဝေးရောက်အစိုးရဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေ ဆီးချိုဆေး ကြော်ငြာပေးနေတာလား-မဟုတ်ပါ

ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)ဝန်ကြီးဟောင်းနဲ့ ၁၉၉၀ ရွေးကောက်ခံအမတ် ဒေါက်တာတင့်ဆွေက ဆီးချိုကုသဆေးလို့ဆိုထားတဲ့ Aptadiabet အမည်နဲ့ဆေးကို ကြော်ငြာနေပုံအဖြစ် ဖေ့စ်ဘွတ်မှာ ကြော်ငြာပို့တွေ ပျံ့နှံ့လျက်ရှိတယ်။  အတုအပပြုလုပ်ကြော်ငြာချက် သာဖြစ်ကြောင်း ဒေါက်တာတင့်ဆွေက ငြင်းဆိုပါတယ်။ နို့မှုန့်အမျိုးအစား Aptadiabet ဟာ ဆီးချိုကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အနောက်တိုင်းဆေးကိုမသုံးဘဲ အိမ်တွင်ဆီးချိုရောဂါကိုရပ်ပါ။ မကြာသေးမီက ဒေါက်တာတင့်ဆွေသည် AptaDiabet Diabete nut milk ကိုအသုံးပြုပြီး ရောဂါလုံးဝပျောက်ကင်းခဲ့သည်။ ကျွန်ုပ်တို့ AptaDiabet မှ ကတိပြုသည်- အနောက်တိုင်းဆေးများနှင့် အင်ဆူလင်ထိုးဆေးများ မသုံးပါနှင့် တိုးတက်မှုမရှိပါက ငွေပြန်အမ်းမည်။ တိုင်ပင်ဆွေးနွေးရန် သင့်ဖုန်းနံပါတ်ကို ဤနေရာတွင် ထားခဲ့ပါ။ https://www.aptadiabet.store/diabetesassociation” မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: လွိုင်ကော်တက္ကသိုလ် ဆရာ၊ဆရာမ တွေကို ပြန်လွှတ်ပေးဖို့ KNDF ကို NUG ကာကွယ်ရေးဝန်ကြီးဌာနတောင်းဆိုတဲ့ စာအတု 

လွိုင်ကော်တက္ကသိုလ် ဆရာ၊ဆရာမ တွေကို ပြန်လွှတ်ပေးဖို့ KNDF ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဌာန ထုတ်ပြန်တောင်းဆိုတဲ့ စာအတု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တော့ NUG ကာကွယ်‌ရေးဝန်ကြီးဌာနက ဒီလိုစာထုတ်ခဲ့ခြင်းမရှိတာတွေ့ရပါတယ်။ တူညီတဲ့ ရေးသား မျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက်  အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ဒီမှာကြည့်ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကရင်နီဒေသ မြို့တော် လွိုင်ကော်တက္ကသိုလ်နဲ့ ဒီလိုမျိုးထုတ်ပြန်ကြေညာချက် တစုံတရာမရှိပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ကရင်နီဒေသမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုတွေက “၁၁၁၁”စစ်ဆင်ရေးအဖြစ်  ပြည်နယ်မြို့တော် လွိုင်ကော် ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းနေရာမှာ မြို့ထဲက […]

Continue Reading

Fact Check: ဝက်လက်စခန်းသိမ်းတိုက်ပွဲ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးဖမ်းမိဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှား

ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဝင်သိမ်းခဲ့ရာမှာ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှားဖြစ်တယ်။  အလားတူရေးသား မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Burma Television”ယူကျူ့ချန်နယ်နဲ့ “News-for-today” ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းဟာ ရန်ကုန်ခေတ်သစ်မီဒီယာက နိုဝင်ဘာ ၂၁ ရက်ကဖော်ပြခဲ့တဲ့ “ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက် […]

Continue Reading

Fact Check: ကလေးလေဆိပ်ကို PDF နဲ့ CDF စီးနင်းမှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဆိုတဲ့ သတင်းခေါင်းစဉ်မှား

ကလေးမြို့လေဆိပ်ကို PDF နဲ့ CDF စီးနင်းတိုက်ခိုက်မှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီး ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ယခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ထို့အပြင် ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုပါသတင်းဟာ The 74 Media က နိုဝင်ဘာ ၂၁ ရက်မှာ ဖော်ပြခဲ့တဲ့ “ကလေးမြို့ လေဆိပ် ဒရုန်းနှင့်ဗုံးချတိုက်ခိုက်ခံရပြီး လေယာဉ် […]

Continue Reading

Fact Check: မင်းပြား၊မြောက်ဦး၊ ရသေ့တောင်နဲ့ ပေါက်တောကို AA သိမ်းပိုက်လိုက်ပြီ လား-မဟုတ်ပါ

ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့တွေကို ရက္ခိုင့်တပ်တော်(Arakan Army-AA)က သိမ်းပိုက် လိုက်ပြီလို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေ နိုင်တဲ့ သတင်းမှားဖြစ်တယ်။ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေ အကြား ထိတွေ့ တိုက်ပွဲ တွေရှိပေမဲ့  မြို့တွေကို သိမ်းပိုက်လိုက်တယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ AA ဘက်က အတည်အလင်းကြေညာ တာမျိုးလည်း မရှိပါဘူး။ အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၁၃ ရက် မင်းပြားမြို့၊ ရသေ့တောင်မြို့ သိမ်းပိုက်လိုက်ပြီဟေ့ စစ်ခွေး(၁၂၀)သေဆုံး၊ ရခိုင်တပ်( AA)ချပါပြီ” တူညီတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ ထို့အပြင် အလားတူရေးသားဖြန့်ဝေမှုဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: နေပြည်တော်က တပ်ရင်းလိုက် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်မှု သတင်းခေါင်းစဉ်တု

နေပြည်တော်က တပ်ရင်းလိုက်ညတွင်းချင်းထွက်ပြေးတိမ်းရှောင်မှုဖြစ်ပွားခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီသတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက အတည်ပြုကြေညာတယ်လို့လည်း ဆိုထားပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နေပြည်တော် အထိုင်တပ်မ၊တပ်ရင်းတစ်ခုလုံး ညက မိသားစုလိုက်တပြိုင်နက်ထွက်ပြေးကုန်ပြီဟေ့ အခုပဲ ရန်ကုန်ခေတ်သစ် အတည်ပြုကြေညာလိုက်ပြီ” အလားတူစွာ နေပြည်တော်က အရာရှိဒါဇင်များစွာ မိသားစုလိုက်ထွက်ပြေးမှုဆိုပြီး ဒီယူကျု့ချန်နယ်ကပဲ ဖြန့်ဝေထားတာကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ […]

Continue Reading

Fact Check: လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ကို ကရင်နီလွတ်မြောက်ရေး တပ်တွေက သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းမှား

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ကို ကရင်နီလွတ်မြောက်ရေး တပ်တွေက သတ်ဖြတ်လိုက်တယ်ဆိုတဲ့ ပို့စ် တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ကျွန်မ သိလိုက်ပါပြီ .. အိပ်မက်တွေကလည်း မကောင်းဘူး .. ကျွန်မတို့ရဲ့ ပါမောက္ခချုပ် Dr. အောင်ခင်မြင့် ဆုံးသွားပါပြီ။ ကယားအဖွဲ့က ရက်ရက်စက်စက် သတ်လိုက်တာပါ။ (Online မှာ ပျံ့နေတဲ့ ပုံတွေပါ) ဆရာရဲ့ မိသားစုတွေထိ ရောက်အောင်သွားပြီး ကောင်းမှုလုပ်ပေးပါ့မယ်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ကရင်နီဒေသမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုတွေက “၁၁၁၁”စစ်ဆင်ရေးအဖြစ်  […]

Continue Reading

Fact Check: ပဲခူးက စစ်တပ်ထောက်ခံပွဲ ဗုံး ၅လုံးပေါက်ပြီး အများအပြား သေဆုံးမှု သတင်းခေါင်းစဉ်တု

ပဲခူးက စစ်တပ်ထောက်ခံပွဲ ဗုံး ၅ လုံးပေါက်လို့ အများပြားသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုဟာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ပဲခူးမှာ တပ်ထောက်ခံပွဲပြုလုပ်နေတုန်း ရုတ်တရက် ဗုံး(၅)လုံးပေါက်ကွဲပြီး ငါးထောင်စားတွေ အစုလိုက်အပြုံလိုက်မသာပေါ်ကုန်ပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါသတင်းဟာ နိုဝင်ဘာ ၁၆ ရက်က မြေလတ်အသံသတင်းဌာနမှာ ဖော်ပြခဲ့တဲ့  ပဲခူးမှာ တပ်ထောက်ခံပွဲလုပ်အပြီး အထက ၁ ကျောင်းအနီးမှာ ဗုံးတွေ့တယ်ဆိုကာ လူစုလူဝေးဖြစ်ခဲ့တဲ့အကြောင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ သတင်းတခုလုံးမှာ ဗုံးပေါက်ကွဲမှုအကြောင်း၊ သေဆုံမှအကြောင်းလည်း မပါဝင်ပါဘူး။ ထို့အပြင် ဗုံလန့်မှုဖြစ်ပွားတာဟာ စစ်တပ်ထောက်ခံပွဲအပြီးမှာဖြစ်ပြီး စစ်တပ်ထောက်ခံပွဲ လုပ်နေစဉ်မဟုတ်သလို လူထိခိုက်မှုရှိတယ်ဆိုတဲ့ အကြောင်းလည်း သတင်းမှာဖော်ပြချက်မပါရှိပါဘူး။ ဒီလို‌ဗုံးလန့်မှုသတင်းကြောင့် […]

Continue Reading

Fact Check: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီက ဒု-ကာချုပ်စိုးဝင်အာဏာသိမ်းမှု သတင်းတု

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကနေ ဒုတိယအာဏာသိမ်း စစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အာဏာသိမ်းလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ဒု-ကာချုပ်စိုးဝင်းက တပ်ချုပ်နေရာသိမ်းလိုက်ပြီ မအလ တပ်ချုပ်ရာထူးမှ နုတ်ထွက်လိုက်ရပြီ ဆန္ဒပြ ဆန့်ကျင်ကုန်ပြီဟေ့/နေပြည်တော်မှာ ပွဲဆူကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar က ဒီလိုယူကျူ့ချန်နယ်တွေနဲ့ […]

Continue Reading