Archives

Fact Check: ၆ လသက်တမ်းမတိုးတော့ဘဲ ရာသက်ပန် အနားယူတော့မယ်လို့ စစ်ခေါင်း‌ဆောင် ကြေညာတဲ့ သတင်းတု 

ဇန်နဝါရီ ၃၁ ရက်မှာ အနားယူတော့မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ လာမယ့် ဇန်ဝါရီ ၃၁ ရက်မှာ ၆ သက်တမ်းကုန်ပြီး အနားယူတော့မယ်လို့ ကြေညာတာကြောင့် တကမ္ဘာလုံးက ကခုန်နေကြပြီလို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုထားပါတယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဖြန့်ဝေအပြီး ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၃၀၀၀၀ ကျော်ရှိတယ်။ “လာမယ့် ၃၁ ရက်နေ့ ၆ လတိုးသက်တမ်းကုန်ပြီဖြစ်လို့ ပလ္လင်ပေါ်က ဆင်းတော့မယ်တဲ့ ရာသက်ပန် အနားယူတော့မည်ဟု မအလ ကြေညာ တကမ္ဘာလုံး ကခုန်နေကြကုန်ပြီ” မူရင်းလင်ခ့် – […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ) က သေဒဏ် ချမှတ်လိုက်တယ်၊ ကုလသမဂ္ဂက ဖမ်းဖို့ အမိန့်ပေးလိုက်တယ်စသည့်ဖြင့် ပြောဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။  “(၅)ရက်နေ့ အရေးပေါ်သတင်း အကြမ်းဖက် မင်းအောင်လှိုင်ကို ICJ မှ သေဒဏ်ချမှတ်လိုက်ပြီဟေ့  တနိုင်ငံလုံး ကခုန်ကြ/ခေတ်သစ် အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်အလားတူတဲ့ ဗွီဒီယိုတခုမှာတော့ “မင်းအောင်လှိုင်ကို ဖမ်းမိန့်ထုတ်လိုက်ပြီ တပတ်အတွင်းဖမ်းပေးဖို့ R2P ကို ကုလအမိန့်ပေး  ရန်ကုန်ခေတ်သစ် ကြေညာပြီ/ ထူးပြီဟေ့”စသည်ဖြင့် ပြောဆိုထားပါတယ်။ ဒီနေရာမှာ ကြည့်ပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာစစ်ခေါင်းဆောင်ကို ICJ က […]

Continue Reading

Fact Check: လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်က နေအိမ် ကို ပြန်ရောက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “(၄)ရက်နေ့ လွတ်လပ်ရေးနေ့အောင်ပြီ အမေစုလွတ်ငြိမ်းခွင့်ရပြီဟေ့ ခြံအမှတ်(၅၄)နေအိမ်ကို ပြန်ပို့ပေးလိုက်ပြီ ရန်ကုန်ခေတ်သစ် တရားဝင်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဇန်နဝါရီ ၄ ရက်မှာ စစ်ခေါင်းဆောင်က အကျဉ်းသား ၉၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားအချို့ပါဝင်လာပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ သို့သော်လည်း ‌ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် လျော့‌ပေါ့ပေးတဲ့ ကြေညာချက်သို့မဟုတ် […]

Continue Reading

Fact Check: KIA ပစ်ချခဲ့တဲ့ ထောက်ပို့လေယာဉ်ပေါ်ပါ စစ်တပ်က အရာရှိ ၂၀၀ သေဆုံးဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

စစ်တပ်ထောက်ပို့လေယာဉ်ကို KIA က ပစ်ချလိုက်တာမှာ လိုက်ပါလာတဲ့ အရာရှိ ၂၀၀ လုံးသေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ ရဟတ်ယာဉ်ပစ်ချမှု သတင်းဟာ မှန်ပေမဲ့ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တပ်ထားခြင်းဖြစ်တယ်။    ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါ ပြောဆိုချက်ကောက်နုတ်ချက်နဲ့ စခရင်ရှော့ကို အောက်မှာကြည့်ပါ။ “အရာရှိစစ်ခွေး(၂၀၀)လိုက်ပါတဲ့‌ထောက်ပို့လေယာဉ်ပျံ KIA ပစ်ချလိုက်ပြီဟေ့ သကေုန်ပြီ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဇန်နဝါရီ ၃ ရက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က စစ်တပ်ထောက်ပို့ရေး ရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ကြောင်း မီဒီယာတွေမှာ သတင်း‌‌ဖော်ပြခဲ့ကြပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။   ဝိုင်းမော်မြို့နယ်မှာ MI-17 စစ်ဘက်သုံးရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ပြီး ဒီရဟတ်ယာဉ်ပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂပိတ်ပင် ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂက ပိတ်ပင် လိုက်ပြီဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပြီး သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  သတင်းမီဒီယာအချို့က ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး မသက်ဆိုင်တဲ့ ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ အလားတူ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အာဆီယံနဲ့ UN အရေးယူမှုကြမ်းပြီဗျို့ မအလ လေယာဉ်ဆင့်ခွင့်ပိတ်သိမ်း Khit Thit အတည်ပြုကြေညာ လိုက်ပြီ‌ဗျို့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိနေ တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး နေအိမ်မှာ လုပ်ကြံခံရမှုဆိုတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှား

ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး နေအိမ်မှာ လုပ်ကြံခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဒီဇင်ဘာ ၃၁ ရက်က ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ တကယ်တော့ ဦးကိုကိုကြီးဦး‌ဆောင်တဲ့ ပါတီ စစ်ကောင်စီလက်အောက်ခံ ‌ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ချပေးတဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ လက်ရှိအချိန်အထိ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း တသိန်းကျော်ရှိတယ်။ “ပြည်သူ့ ဦးဆောင်ပါတီဥက္ကဌ  ဦးကိုကိုကြီး ညကအိမ်မှာ လုပ်ကြံခံရ (ရုပ်/သံ)  ရန်ကုန်ခေတ်သစ်ကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ယူကျူ့ ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေဟာ တိုက်ပွဲသတင်းတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းတဦးဖြစ်တဲ့ […]

Continue Reading

အွန်လိုင်းလိမ်လည်မှုနဲ့ ခေါင်းစဉ်တုတပ်တပ် ဗွီဒီယိုတွေ ထပ်တလဲလဲ ဖြန့်ချိမှုနဲ့ ၂၀၂၃

၂၀၂၃ ခုနှစ်ကုန်ပြီ ၂၀၁၄ ခုနှစ်ကို ချဉ်းနင်းဝင်ရောက်လာချိန်မှာ တနှစ်တာအတွင်း သတင်းတု၊ သတင်းမှား ဖြန့်ချိမှု ပုံစံတွေကို ပြန်လည်သုံးသပ်တဲ့အခါ အွန်လိုင်းလိမ်လည်မှုနဲ့ နိုင်ငံရေးသတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုတွေနေရာယူခဲ့တာကို Fact Crescendo Myanmar ရဲ့ စောင့်ကြည့်လေလာမှုတွေနဲ့ အချက်အလက် စိစစ်ချက်တွေအရ တွေ့ရပါတယ်။ လွယ်လွယ်ကူကူနဲ့ အွန်လိုင်းကချေးပေးနေဆိုတဲ့ငွေလိမ်နည်း၊ ငွေတုရောင်းဝယ်ရေးဆိုတဲ့ ငွေလိမ်နည်း တွေက အစ နိုင်ငံခြားငွေကြေးရောင်းဝယ်ဖောက်ကားသူအဖြစ်အယောင်ဆောင်တာ၊ ချဲ့ကားထားတဲ့ ပစ္စည်းကြော်ငြာ တွေ အလယ် အွန်လိုင်းမှာ ငွေလိမ်နည်းတွေဟာ နောက်ဆုံးမှာ ရှမ်းမြောက်မှာ စစ်ပွဲဖြစ်ရတဲ့အထိ အကြောင်း အရာတွေထဲက တချက် ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးကဏ္ဏမှာတော့ သတင်းမီဒီယာတွေက သတင်းတွေကို နိုင်ငံရေးသတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေတဲ့ ဗွီဒီယိုတွေ၊ ဖေ့စ်ဘွတ်မှာ စစ်တပ်ဝါဒဖြန့်ချိရေး ယန္တယားကဖြန့်ဝေတဲ့ ခိုးဆိုး၊လုနှိုက်၊ ရက်စက်မှုမှန်သမျှ PDF  ဆိုတဲ့ […]

Continue Reading

Fact Check: လောက်ကိုင်က တရုတ်သံရုံးကို ဗုံးကြဲခံရမှု သံရုံးဥက္ကဌနဲ့ တရုတ်နိုင်ငံသား ၈၀ ကျော်သေဆုံးဆိုတဲ့ သတင်းတု

ကိုးကန့်ဒေသလောက်ကိုင်မြို့က တရုတ်သံရုံးကို ဗုံးကြဲခံရမှုမှာ သံရုံးဥက္ကဌနဲ့ တရုတ်နိုင်ငံသား ၈၀ ကျော် သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ဒီပို့စ်ကို ရိုက်ကူးထားတဲ့ စခရင့်ရှော့ကို အောက်မှာကြည့်ပါ။ ဗွီဒီယိုဖြန့်ဝေပြီး ၃ နာရီအတွင်း ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။ “လောက်ကိုင်တရုတ်သံရုံးကို ဗုံးကြဲမိပြီဟေ့ သံရုံးဥက္ကဌနဲ တရုတ်နိုင်ငံသား (၈၀) ကျော်သေကုန်ပြီ တာဝန်ယူရမယ်လို့တရုတ်အမိန့်ထုတ် /ရှုပ်ကုန်ပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ကိုးကန့်ဒေသ မြို့တော်လောက်ကိုင်မှာ တရုတ်သံရုံးဖွင့်လှစ်ထားတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ ရန်ကုန်မှာပဲ အခြေစိုက်ပြီး မန္တ‌လေးမှာတော့ ကောင်စစ်ဝန်ရုံးရှိပါတယ်။ တရုတ်သံရုံးဝက်ဘ်ဆိုဒ်ကို ဒီမှာကြည့်ပါ။  လောက်ကိုင်မှာ တရုတ်သံရုံးဖွင့်လှစ်မှုဖြစ်စေ၊ […]

Continue Reading

Fact Check: ရန်ကုန်မှာ စက်သုံးဆီဆိုင်တဆိုင် တန်းစီစနစ်နဲ့ရောင်းချစဉ် ဗုံးခွဲတိုက်ခိုက် ခံရပြီး အများအပြားသေဆုံးတဲ့ သတင်းတု

ရန်ကုန်မြို့မှာ တန်းစီစနစ်နဲ့ ရောင်းနေတဲ့ ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြည်သူအများအပြားသေဆုံးတယ်လို့ဆို တဲ့ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ရုပ်ကတ်ပါစာသားကိုလည်း ကြည့်ပါ။ “(၂၆)ရက် အရေးပေါ်သတင်း ရန်ကုန်မြို့တွင်တန်းစီစနစ်ဖြင့် ရောင်းနေတဲ့ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရ ပြည်သူအများအပြားသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တန်းစီနေစဉ် ဆီဆိုင်တဆိုင် ဗုံးခွဲတိုက်ခိုက်ခံရလို့ အများအပြားသေဆုံးတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်း အမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကိုပဲ ပြန်လည် ကူးယူဖော်ပြပြီး […]

Continue Reading

Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု

ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ ရန်ကုန်လေဆိပ်မှာ လေယာဉ်‌ပေါ်အတက် မိုင်းခွဲခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ် တယ်။ အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၅ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု အကြိမ်အရေ အတွက် တသိန်း ခုနှစ်သောင်းဝန်းကျင်ရှိထားပြီဖြစ်တယ်။ “ရန်ကုန် လေဆိပ် ပွတ်လောရိုက်ကုန်ပြီ ပြည်ပပြေးဖို့ လုပ်နေကြတဲ့ ဗိုလ်ချုပ်မိသားစုများ လေယဉ်ပေါ်အတက် မိုင်းခွဲခံရ”(မူရင်းအ‌ရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အ‌ကြောင်း အရာတွေနဲ့ […]

Continue Reading