Archives

Fact Check: ချင်းရွှေဟော်မြို့ကို မြန်မာစစ်တပ် ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းမှား

မြန်မာ-တရုတ်နယ်စပ်မြို့ ချင်းရွှေဟော်ကို မြန်မာစစ်တပ်က ပြန်လည်ချုပ်လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းသာဖြစ်တယ်။ ချင်းရွှေဟော်ကို မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “၁၁-၁၁-၂၀၂၃ ရက်နေ့ ချင်းရွှေဟော်တပ်မတော်မှပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ် ဖောင်းဆိပ်၊ဟိုပန်၊ပန်လုံ အကြီးတွေနဲ့ဝေဟင်မြေပြင် ပ.စ် ခ.တ် ပေးနေဆဲ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ချင်းရွှေဟော်ကို  MNDAA က ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်မှာပဲတိုက်ခိုက်သိမ်းယူလိုက်ပြီး လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်မြို့၊ မုံးကိုးမြို့၊ ဖောင်းဆိုင်မြို့၊ ကြူကုတ်(ပန်ဆိုင်း)မြို့၊ ကွမ်းလုံမြို့ တို့ကို MNDAA နဲ့မဟာမိတ်တပ်ဖွဲ့တွေက […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ခေါင်းဆောင်က အာဏာပြန်လွှဲပေးတဲ့ သတင်းမှား

တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာပြန်လွှဲပေးတယ်ဆိုတဲ့ ပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “စစ်‌ခွေးစစ်သုံပန့်(၁၅၀)ဦး KIA/PDF တပ်ဖမ်းမိ မအလ အရှုံးပေးပြီဟေ့၊ အာဏာပြန်အပ်ရပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရှုံးပေးပြီး အာဏာပြန်အပ်ပြီလို့ရေးထားပေမဲ့ တကယ်တမ်း ဒီအကြောင်းအရာ ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  တကယ်တမ်း ဗွီဒီယိုပါသတင်းတွေဟာ သတင်းမီဒီယာတွေမှာ မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်မျှ‌ဝေ နေခြင်းဖြစ်တယ်။ “ဖမ်းမိသည့် […]

Continue Reading

Fact Check: ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အရာရှိ ၅၉ ဦး ရာထူးမှ နုတ်ထွက်မှုသတင်းတု

ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အရာရှိ ၅၉ ဦး ရာထူးမှ နုတ်ထွက်မှုသတင်းတုပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။  အောက်ပါစခရင်ရှော့နဲ့စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။   “ဗိုလ်ချုပ်ကြီး ဦးရာပြည့်နဲ့ အရာရှိ (၅၉)ဦး ရာထူးမှ နုတ်ထွက်ကုန်ပြီ(ထူးပြီဟေ့) MWD သတင်းအတည်ပြု ကြေညာပြီ/ရှုံးမဲမဲဖြစ်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။ ဒီလိုပဲ အခုဗွီဒီယိုထဲမှာပါသလို စစ်တပ်ပိုင် MWD သတင်းဌာနကနေပြီးတော့ […]

Continue Reading

Fact Check: နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ စစ်ခေါင်းဆောင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဝန်ကြီးအပါအဝင် ၁၈ ဦးသေဆုံးဆိုတဲ့ သတင်းတု

နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ စစ်ခေါင်းဆောင်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ဝန်ကြီးအပါအဝင် ၁၈ ဦးသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ပို့စ်တခု ပျံ့နှံ့မှုအားကောင်းလျက်ရှိတာဟာ သတင်းတု တခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နေပြည်တော်မှမန္တလေးသွားသည့် စကစဝန်ကြီးချုပ်ကားတန်း တိုက်ခိုက် စကစဝန်ကြီးပါဝင် (၁၈) ဦး သေဆုံး” မူရင်းလင်ခ့် – Fb link | Archive link ထို့အတူ “နေပြည်တော်-ရန်ကုန်အမြန်လမ်းမှာ စစ်ဗိုလ်ချုပ် ၈ ဦး၏ ယာဉ်တန်းပစ်ခတ်ဖမ်းဆီး (အကုန် အဖမ်းခံရ)”ဆိုပြီးတော့လည်း ယူကျူ့ချန်နယ်တခုက ဗွီဒီယိုပို့စ်တခုကို မျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလိုရေးသားဖြန့်ဝေ နေတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို လေ့လာကြည့်ရင် ခေါင်းစဉ်လွဲတွေတပ်ပြီး သတင်းမီဒီယာအချို့မှာ ဖော်ပြ ခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိပါတယ်။ နေပြည်တော်-မန္တ‌လေးနဲ့ […]

Continue Reading

Fact Check: တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံးတဲ့ သတင်းတု

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲသတင်းတွေနဲ့အတူ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လဲကျသေ ဆုံးခဲ့တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။  အောက်ပါကတော့ ဒီလိုဆိုလိုထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုပို့စ်တခုရဲ့ စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။  “ရှမ်းမြောက်တွင် တင့်ကားကြီးနဲ့ အလင်းဝင်လာလို့ သိန်းတစ်သောင်းဆုချီးမြှင့်လိုက်ပြီ တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်‌‌ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုဟာ  DVB TV news သတင်းဌာနရဲ့ ယူကျူ့မှာတင်ဆက်ခဲ့တဲ့  နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီ သတင်းတွေကို ပြန်လည်ကူးယူဖြန့်ချိနေခြင်းဖြစ်တယ်။ မူလဗွီဒီယိုကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုထဲမှာ “မြို့ ၃ မြို့ ကျသွားပြီဟု စစ်ကောင်စီဝန်ခံ”၊ […]

Continue Reading

Fact Check: ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ကြိမ်ဆက်တိုက် ဖောက်ခွဲခံရဆိုတဲ့ သတင်း‌ခေါင်းစဉ်တု 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ကြိမ်ဆက်တိုက် ဖောက်ခွဲခံရမှုဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုပို့စ် တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ အောက်ပါကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်လေဆိပ်ဗုံးပေါက်ကွဲမှုအကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်း ဖော်ပြ ချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတွေကိုခေါင်းစဉ်လွဲတပ်ပြီး    ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။  အခု ဒီဗွီဒီယိုပါသတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် မှာတွေ့နိုင်ပါတယ်။ သတင်းတင်ဆက်မှုထဲမှာ “ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို လက်လွှတ်လိုက်ရပြီဟု စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဇော်မင်းထွန်း ဝန်ခံ”၊ “၁၀၂၇ စစ်ဆင်ရေး၏ […]

Continue Reading

Fact Check: နေပြည်တော်ကို သိမ်းပိုက်မှုနဲ့ စစ်ခေါင်းဆောင်တွေ အဖမ်းခံရမှုသတင်းတု 

နေပြည်တော်အပါအဝင် မြို့ကြီး ၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်နဲ့ အရာရှိကြီးတွေ ဖမ်းဆီးခံရဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နေပြည်တော်အပါအဝင် မြို့ကြီး(၅)မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်လိုက်ပြီဟေ့ မအလ၊စိုးဝင်းနဲ့ အရာရှိ(၉၀) အဖမ်းခံရ / ခေသစ် အတည်ပြုပြီ” အလားတူတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခု  ဒီဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို […]

Continue Reading

Fact Check: တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု

တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ပေး လိုက်တယ်လို့ထားတဲ့ သတင်းတုဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီထဲမှာပါပဲ အာဏာလွှဲပြောင်းပေးမယ်လို့လည်း စစ်ခေါင်းဆောင်ကပြောကြောင်းဖော်ပြပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နစက ဥက္ကဌ ကာချုပ်မင်းအောင်လှိုင် တနိုင်ငံလုံး စစ်ကောင်စီတပ်များကို လက်နက်ချခိုင်းပြီ မနိုင်တော့ မှန်းသိလို့ အာဏာခုချက်ချင်းလွှဲပေးမယ်ဟု ပြောပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် လွတ်လပ်တဲ့ မီဒီယာတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။  ခေါင်းစဉ်လွဲတပ်ဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာပါတဲ့ […]

Continue Reading

Fact Check:  ရဟတ်ယာဉ်တစီး MNDAA ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံးမှု သတင်းတု

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစီးကို  မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတုပို့စ် ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိ ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗုံးလာကျဲတဲ့ မအလ ပုဇင်း(၁)စင်းကို MNDAA ပစ်ချလိုက်ပြီဟေ့ စစ်ခွေး(၇၀၀)ကျော်သေဆုံး၊လေယာဉ်မှူး(၅)ဦးသေ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။  ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ […]

Continue Reading

Fact Check: KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြဝတီမြို့သိမ်းတိုက်ပွဲ စတင်တဲ့ သတင်းခေါင်းစဉ်တု

KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြို့သိမ်းတိုက်ပွဲစတင်တဲ့ သတင်းခေါင်းစဉ်တုပို့စ်တခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့  ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြဝတီမြို့ သိမ်းတိုက်ပွဲစပြီ။” တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မြဝတီမြို့မှာ တိုက်ပွဲဖြစ်တဲ့ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ သို့ပေမဲ့ ကော့ကရိတ်မြို့မှာတော့ KNU နဲ့ မဟာမိတ်တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်းတွေ့ရပြီး မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ကော့ကရိတ်မြို့တိုက်ပွဲနဲ့ ပတ်သတ်တဲ့ သတင်းဖော်ပြချက် တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ ဒီလိုပဲ တိုက်ပွဲတွေကြောင့် ယာယီပိတ်ထားရတဲ့ ကော့ကရိတ်-မြဝတီလမ်းပိုင်း ပုံမှန်အတိုင်း […]

Continue Reading