Archives

Fact Check: ၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတဲ့အသံဖိုင်ပေါက်ကြားမှုလို့ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မလေးရှားလွှတ်တော်အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းဆိုချက်သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “2024 ကို ဒေါ်စုမတွေ့စေရဘူးဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အသံဖိုင်ပေါက်ကြားလာ” ဗွီဒီယိုထဲမှာလည်း “ဒေါ်စု ၂၀၂၄ မတိုင်ခင်သေဖို့ စစ်တပ်ရဲ့စီမံကိန်းပေါက်ကြား”စသည်ဖြင့်ရေးသားထားရာ ဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့  Gold Media 1M  အမည်နဲ့ ယူကျု့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ ကဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာတွေကို ခေါင်းစဉ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတွေ တပ်ပြီး […]

Continue Reading

Fact Check: အိန္ဒိယက ဘာသာရေးပွဲတော်ကို အစ္စရေးက စစ်ဘေးရှောင်တွေ အဖြစ်ဖော်ပြနေခြင်းဖြစ်တယ်

လမ်းမတခုထက်မှာ တိုးဝှေ့နေတယ်လို့ ထင်ရတဲ့ လူအုပ်စုကြီးပါတဲ့မြင်ကွင်း ဗွီဒီယိုတခုကို လက်ရှိ အစ္စရေးနဲ့ ဟားမတ်စ်ကြားစစ်ပွဲကြောင့် လူတွေတိမ်းရှောင်ရမှုအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယက ဘာသာရေး ပွဲတော် တခုဖြစ်တဲ့ Rath Yatra ဆိုတဲ့ ဘာသာရေးပွဲတော်တခုက မြင်ကွင်းဖြစ်တယ်။ “တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ အစ္စရေးနဲ့ ဟားမတ်စ် တို့ကြား စစ်ပွဲကြောင့် ထွက်ပြေးရသူတွေဆိုတဲ့ အထောက်အထားတစုံတရာမတွေ့ရဘဲ အိန္ဒိယက ဘာသာရေးပွဲတော်တခုအဖြစ်သာတွေ့ရပါတယ်။ Fact Crescendo ရဲ့ အိန္ဒိယနိုင်ငံက အချက်အလက်စိစစ်သူတွေကလည်း ဒီဗွီဒီယိုဟာ […]

Continue Reading

Fact Check: ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းမှု သတင်း‌ခေါင်း စဉ်တု

ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာဖြန့်ဝေ နေတာတွေ့ရပြီး သတင်းမှားတခုသာဖြစ်တယ်။ ကျပ် ၅၀ တန်၊ ကျပ် ၁၀၀ တန်ဖျက်သိမ်းကြောင်းသတင်းဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ တုန့်ပြန်ချက်သတင်းကို သတင်းခေါင်း စဉ်တုတပ် ထားခြင်းဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၅၀ကျပ်တန်နဲ့ ၁၀၀ကျပ်တန် ဖျက်လိုက်တဲ့ မင်းအောင်လှိုင် ဘာကြံနေလဲ။ အတိတ်နမိတ်တွေ မကောင်းတော့။” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ Global Media 1M အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading

Fact Check: လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်း တွေက ကားနဲ့ဆွဲယူနေပုံလား- မဟုတ်ပါ

လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူနေပုံလို့ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ ဒီဗွီဒီယိဟာ လက်ရှိပဋိပက္ခမတိုင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုတခု ဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဂါဇာအနီးက အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို Google မှာပုံရှာနည်းနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းနဲ့ ရှာကြည့်ရာမှာ ဒီဓာတ်ပုံဟာ စက်တင်ဘာလကတည်းက သတင်းဖော်ပြချက်တခုမှာတွေ့ရပါတယ်။ စက်တင်ဘာ ၁၅ ရက်က အစ္စရေး တောင်ပိုင်းမှာ F-16 တိုက်လေယာဉ် ၂ စီးကို ကားနဲ့သယ်နေတဲ့ ဗွီဒီယိုဖိုင်ဖြစ်တယ်။ ဒီဗွီဒီယိုဟာ အိက်(စ်)(X)လို့အမည်ပြောင်းထားတဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ၈၈ ခေါင်းဆောင်ကိုမင်းကိုနိုင် တွေ့ဆုံဆွေးနွေးမှု သတင်းတု

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ တံခါး ပိတ်ဆွေးနွေးနေကြပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ဓာတ်ပုံတွေနဲ့အတူ “မအလနှင့်မင်းကိုနိုင်တို့တံခါးပိတ်ဆွေးနွေးနေပြီ”ဆိုပြီးတော့ သူတို့ဆွေးနွေးမှုအဖြစ် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာဖော်ပြထားပေမဲ့ ဗွီဒီယိုထဲမှာ စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးမှုအကြောင်း မပါဝင်ပါဘူး။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ဩဂုတ် ၅ ရက်က ကိုမင်းကိုနိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ […]

Continue Reading

Fact Check: ရန်ကုန်မြို့နယ် ၃ ခုနဲ့ လေတပ်စခန်း PDF သိမ်းပိုက်မှု စစ်ခန့်သမ္မတ ဦးမြင့်ဆွေသေဆုံးတဲ့ သတင်းတု

ရန်ကုန်မြို့နယ် ၃ ခုနဲ့ လေတပ်စခန်း PDF သိမ်းပိုက်လိုက်ပြီး ဒီတိုက်ပွဲတွေအတွင်းမှာ စစ်တပ်ခန့် ယာယီသမ္မတဦးမြင့်ဆွေလည်း သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  မူရင်းလင်ခ့် – Youtube | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်မြို့နယ် ၃ ခုကို PDF က သိမ်းပိုက်မှု၊ လေတပ်စခန်းကို သိမ်းပိုက်မှုနဲ့ ယာယီသမ္မတဦးမြင့်ဆွေ သေဆုံးမှုတို့အကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မျိုးမရှိပါဘူး။  ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာဟာရန်ကုန်က ဗုံးပေါက်ကွဲမှုတွေအကြောင်းတွေပဲဖြစ်ပါတယ်။ ဒီသတင်းဟာလည်း အောက်တိုဘာ ၃ ရက်က ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “သာကေတ သန်လျင်ရေတပ်ဝင်းနှင့် မင်္ဂလာဒုံ လေတပ်အနီးတွင် ပေါက်ကွဲသံ တချို့ ထွက် ပေါ် ခဲ့ပြီး […]

Continue Reading

Fact Check: တပ်မ ၄၄ ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲ့တက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တပ်မ(၄၄)ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲတက်သိမ်းလိုက်”  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ထို့အပြင် တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါး  ဦးဆောင်တပ်ဖွဲ့က သိမ်းပိုက်လို့ အခုဗွီဒီယိုထဲမှာရေးသားထားပေမဲ့ ဗိုလ်နဂါးအကြောင်း ဖြစ်စေ ဗိုလ်နဂါးနဲ့ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ BNRA တပ်ဖွဲ့အကြောင်းဖြစ်စေမပါဝင်ပါဘူး။ စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းက တော်လှန်ရေးအင်အားစုအချို့ပေါင်းစည်းထားတဲ့ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ BNRA ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အဓိကလုပ်ရှားနေတာတွေ့ရပြီး တပ်မ ၄၄ ဌာနချုပ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာတည်ရှိပါတယ်။  တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ပေါင်းစု နေပြည်တော်ချီတက်လို့ စစ်ခေါင်းဆောင် ထွက်ပြေးတဲ့ သတင်းတု

KNU၊ KIA၊ TNLA၊ AAနဲ့ PDF တွေ စုပေါင်းပြီး နေပြည်တော်ကို ချီတက်လာလို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထွက်ပြေးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ ဒီအဖွဲ့တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုခိုက်မှုတွေ လုပ်နေတဲ့အဖွဲ့ တွေဖြစ်ပြီး NUG ဟာ နေပြည်တော်ကို ချီတက်တိုက်ခိုက်ဖို့ ကြွေးကြော်ထားပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်အချို့ကို […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုတဲ့ သတင်းတု

သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေခဲ့ရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်း စဉ်လွဲတပ် ဗွီဒီယိုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “Khit Thit အတည်ပြုကြေညာလိုက်ပြီ သိန်းစိန်နဲ့သန်းရွှေအဖမ်းခံရ အမြန်ဆုံးဝင်ကြည့်ကြပါ(စစ်အုပ်စု ၂ ခြမ်းကွဲကုန်ပြီ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်ပြီး သတင်းတွေထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်အဖမ်းခံရ တဲ့အကြောင်း သို့မဟုတ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအဖမ်းခံရတဲ့အကြောင်း မပါဝင်ပါဘူး။   တကယ်တမ်း ဗွီဒီယိုထဲမှာ “ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်၏ ရေယာဥ်အုပ်စုက […]

Continue Reading

Fact Check: နေပြည်တော်မှာ ၃ ရက်အတွင်းသိမ်းပိုက်မယ်လို့ NUG ကြေညာတဲ့ သတင်းခေါင်းစဉ်တု

နေပြည်တော်ကို ၃ ရက်အတွင်း သိမ်းပိုက်မယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ကြေညာလိုက် တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ကြည့်ရှူ့မှုများပြားလျှက်ရှိပါတယ်။  တကယ်တော့ စစ်တပ်ကြီးစိုးမှု မကြာခင်အဆုံးသတ်တော့မယ်လို့ NUG တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်ကို ခေါင်းစဉ်တုဖြန့်ချိ နေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ “Burma Hot News”အမည်နဲ့ ယူကျူ့ချန်နယ်က စက်တင်ဘာ ၂၈ ရက်စွဲနဲ့ ဖြန့်ဝေထားတာ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုထဲမှာ “(၂၈) ရက် NUG D-Day ကြေညာလိုက်ပြီ နေပြည်တော်ကို ၃ ရက်အတွင်း သိမ်းမည်”စသည်ဖြင့် ရေးသားထားရာ ဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၆၃၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Burma […]

Continue Reading