Fact Check: ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီ ဆိုတဲ့ သတင်းတု
ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှု့မှု အကြိမ်ပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။ “ဇန်နဝါရီလ(၁)ရက်နေ့ သတင်းထူး!! ပြင်ဦးလွင်နဲ့လားရှို့းမှာ လက်နက်ချလိုက်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ Latest News အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တုတပ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ “ပြင်ဦးလွင်နဲ့ လားရှိုးမှာ လက်နက်ချလိုက်ပြီ”လို့ရေးသားပြီး ဗွီဒီယိုကို ဖြန့်ချိထားပေမယ့် တကယ်တမ်း ဗွီဒီယိုပါ […]
Continue Reading
