သင်္ဃန်းကျွန်းကတည်းခိုခန်းမှာ လာတည်းတဲ့ စုံတွဲ ၂၀ Lock downကြောင့် ပိတ်မိပြီး အိမ်ထောင်ကျတယ်ဆိုတဲ့ သတင်းအမှား

သင်္ဃန်းကျွန်းကတည်းခိုခန်းတစ်ခုမှာ ကိုဗစ် Positiveလူနာတွေ့တာကြောင့် ခေတ္တလာတည်းတဲ့ စုံတွဲ ၂၀ပါ တည်းခိုခန်းကို Lock downရာမှာပိတ်မိသွားတာကြောင့် အိမ်ထောင်ကျသွားပြီလို့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ပြန်နှံ့နေတာတွေ့ရပါတယ်။ “Covid ဖူးစာ”လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီပို့စ်မှာ “သင်္ဃန်းကျွန်းက တည်းခိုခန်းမှာ ခေတ္တ လာတည်းတဲ့ စုံတွဲ ၂၀ တော့ ကိုဗစ်ကျေးဇူးကြောင့် ထောင်ကျပြီ ။ (အိမ်ထောင်)အကြောင်းက တည်းခိုခန်းမှာ P လူနာတွေ့၊ တည်းခိုခန်းကို L.D ချ ။ အိမ်က လူကြီးတွေက အိမ်ပြန် မလာလို့ လိုက်ရှာကြရာမှ တည်းခိုခန်း L.D တွင် မိနေကြောင်း သိရသည့် အတွက် …”လို့ ရေးထားတာတွေ့ရပါတယ်။ ဒီနေရာ  ဒီနေရာ  ဒီနေရာ တွေမှာ ပြန်လည်မျှဝေတာတွေလည်း တွေ့ရပါတယ်။ FB […]

Continue Reading

ကိုဗစ်နိုင်တင်း Positiveဖြစ်ရင် အိမ်မှာပဲ ကုသသင့်ပါသလား

ကိုဗစ်နိုင်တင်း Positiveဖြစ်နေပြီး အနံ့ပျောက်တာလောက်ဆိုရင် အိမ်မှာပဲနေပြီး ကုတာက ဆေးရုံသွားကုတာထက် ပိုအဆင်ပြေနိုင်တယ်ဆိုတဲ့ပို့စ်တစ်ခုက လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ “ဒေါက်တာ‌ဒေါ်မိုးမိုးသီရေးတဲ့ အနံ့ပျောက်ကြလို့ ဘာလုပ်ရမလဲမေးရင် ကိုယ့်ဖာသာ Home Qကြမယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ရေသားထားတဲ့ ပို့စ်မှာ “သူငယ်ချင်းတစ်ယောက် အနံ့ပျောက်နေတယ်ဆိုလို့ ရေးဖြစ်ပါတယ်။ အများစုက ဆေးရုံရောက်ရင် တော်တော်နဲ့ပြန်မဆင်းရမှာရယ်၊ အိမ်ကိုဝတ်ဖြူစင်ကြယ်တွေ လာပိတ်မှာရယ်၊ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေမခံချင်တာရယ်တွေနဲ့ မသွားကြဘဲ ကုချင်နေကြပါတယ်။ ဆရာဝန်တွေကိုယ်တိုင်က P သမားကို ဆေးရုံမတင်ဖို့ Home Q ထားဖို့ ဝိုင်းပြောနေချိန်၊ ကိုယ်ကလဲ ထောက်ခံတဲ့ဖက်ကဖြစ်ပါတယ်။ အနံ့ပျောက်မယ် ဖျားမယ် Positive သမားနဲ့ Contact နီးနီးစပ်စပ်ရှိခဲ့မယ် (၅ မိနစ်အထက်)ဆိုရင် ကိုယ်ဟာကိုယ် ၁၄ ရက် Q ပါ။”ဆိုပြီး အိမ်မှာနေသင့်တဲ့ပုံစံတချို့ကို ဆက်လက်ရေးသားထားပါတယ်။ […]

Continue Reading

Civitနဲ့ Vitamin-Cအပါအဝင် နွားနို့၊ ကြက်ဥစတဲ့ဖြည့်စွက်အစာတွေက ကိုဗစ်နိုင်တင်းကို သက်သာစေသလား

Civiteနဲ့ Vitamin-Cအပါtဝင် နွားနို့၊ ကြက်ဥစတဲ့ လူကိုအာဟာရဖြစ်စေတဲ့ ဖြည့်စွက်အစာတွေက ကိုဗစ်နိုင်တင်းကို သက်သာပြီး ပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ကိုဗစ်လက္ခဏာတွေပြလာရင် မိမိလုပ်ရမှာက ရောဂါအခံ ဆီးချိူ သွေးချိူသွေးတိုးရှိလား အရင်စစ်ရပါမယ် (အိမ်မှာပဲ စက်ဖြင့် စစ်ဆေးပါ လူ အထိတွေ့နည်းနိုင်သလောက် နည်းအောင်ဂရုစိုက်ပါ) ရောဂါအခံရှိလျှင် ဆေးရုံတန်းသွားပါ။ ရောဂါအခံမရှိရင်  *ကြက်ဥ တနေ့2လုံးစားရန်၊* Civit bbi 100 ကို ၂လုံးသောက်ပါ၊*ရေနွေးနဲ့ဆားရည် ပါးလုပ်ကျင်းပါ၊ *ရေနွေးကြမ်း အဖန်ရည်သောက်ပါ ဂျင်းနဲ့ထန်းညက် ပြုတ်ထားတာသောက်ပါ၊ *အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ၊ *နေပူနေရင် မနက်နေကို မိနစ် ၂၀လောက်လှူံပါ၊ *နေခင်းဘက်လည်း ထမင်းစားပါ အသီး၊အရွက်တွေစားပါ ကြက်သားငါးစားပါ၊*ပီးရင် ရေနွေးနဲ့သံပုရာရည် ဖျော်သောက်ပါ သံပုရာသီးကို နှစ်ပီးများများထည့်သောက်ပါ၊ *နေ့ခင်း ၂နာရီလောက်အနည်းဆုံး […]

Continue Reading

Music Zoneကို လာခဲ့ပြီး သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာမယ်ဆိုတာ ဟုတ်ပါသလား

COVID-19 ပြန်လည်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းအတွင်း စံချိန်ကူးစပ်ပျံ့နှံ့မှုအများဆုံးကို ဖြစ်ပေါ်စေတဲ့ သင်္ဃန်းကျွန်မြိုနယ်ရှိ Music Zone KTVကို သွားလာခဲ့ပြီး သက်ဆိုင်ကျန်းမာရေးဌာနဆီ သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာဖွေဖော်ထုတ်သွားမယ်ဆိုတဲ့ သတင်းဟာ ဖေ့စ်ဘွတ်လူမှုကွန်ယက်တွင် ပြန့်နှံ့နေတာတွေ့ရပါတယ်။ “Music Zoneကို လာခဲ့ပြီး သတင်းမပို့သူများ CCTVမှတ်တမ်းဖြင့် ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ”လို့ရေးသားထားတဲ့ ပို့စ်ကို Kyaw Swar Myintအမည်ရှိတဲ့ ဖေ့စ်ဘွတ်အသုံးပြုတစ်ဦးကတင်ထားပြီး ဒီပို့စ်ကိုပဲ ပြန်လည်မျှဝေသူပေါင်း ငါးထောင့် ငါးရာကျော်ရှိခဲ့ပါတယ်။ FB Link Achive Link အချက်အလက်စိစစ်ချက် သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်ပြီး မြိုံနယ်အတွင်း ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု အခြေနေသတင်းတွေကို ၎င်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပုံမှန်တင်ပေးနေသူ ဒေါက်တာကျော်စွာဦးရဲ့ ဖေ့စ်ဘွတ်ခ်အကောက်မှာတော့ အထက်ပါသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာရေးသားထားတာမတွေ့ရပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး Factcrescendo Myanmarက […]

Continue Reading

ရန်ကုန်မြို့တော်ဝန်နှင့်မိသားစုကို အဂတိကော်မရှင်ကစစ်ဆေးနေဆိုတဲ့ သတင်းအမှား

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးနဲ့ မိသားစုဝင်တွေကို အဂတိလိုက်စားမှုတိုက်ဖျတ်ရေးကော်မရှင်က စစ်ဆေးနေပြီး ဦးမောင်မောင်စိုးရဲ့ သားနဲ့သမီးတို့အကြောင်းတိုင်ကြားစာအမြောက်အများရရှိထားကာ ပြီးခဲ့တဲ့ ၄ နှစ်အတွင် မိသားစုလုပ်ငန်းတွေ အဆမတန်ကြီးပွားလာတာကြောင့် အဂတိကော်မရှင်က စစ်ဆေးနေတာ ဖြစ်ကြောင်း ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပြန့်နှံ့လျက်ရှိတာတွေရပါတယ်။ အဲဒီ့ပို့စ်မှာ မြို့တော်ဝန်ရဲ့သမီးပိုင်တဲ့ အထည်ချုပ်စက်ရုံမှာ မြို့တော်ဝန်ရာထူးထမ်းဆောင်တဲ့ ကာလအတွင်းမှာ အဆမတန်ခဲ့တဲ့အပြင် စက်ရုံပိုင်မြေကွက်အများအပြားကိုလည်း အစိုးရသွင်းဈေးနဲ့ ဂရမ်ရယူးခဲ့တာတွေနဲ့ မြေကွက်‌နေရာချထားနဲ့ပတ်သက်ပြီး သားဖြစ်သူထံမှတဆင့် ငွေကြေးအမြောက်အများပေးခဲ့ရပေမဲ့ သဘောတူထားတဲ့အတိုင်း မြေအကျယ်အဝန်းမရရှိတာတွေကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ကိုပါ တိုင်ကြားစာများ တပြိုင်တည်းပေးပို့တိုင်ကြားခဲ့ခြင်းဖြစ်သည်လို့ ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် အထက်ပါသတင်းနဲ့ပတ်သက်ပြီး ဦးမောင်မောင်စိုးက မဟုတ်မှန်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ စံတော်ချိန် သတင်းစာကို ပြန်လည်ဖြေရှင်းထားတာတွေ့ရပါတယ်။ “မြေရောင်းတာတွေ၊ ဆောက်လုပ်ခွင့်ပေးတာတွေက ကျွန် တော်တို့ EC နဲ့ပဲလုပ်တာ။ ကျွန်တော်ကိုယ်တိုင် ဒီမြေတစ်ကွက်ကို ရောင်းခွင့်ပေးလိုက်ပါဆိုတာ […]

Continue Reading

အစိုးရကပေးတဲ့ထောက်ပံ့ကြေးကို ဖြတ်စားတဲ့ကျေးရွာအုပ်ချုပ်ရေးမှုအဖြစ် ဖော်ပြနေတဲ့ ပုံအမှား

အစိုးကပေးတဲ့ ကိုဗစိနိုင်တင်းထောက်ပံ့ကြေးတွေကို ဖြတ်စားတဲ့ ကျေးရွားအုပ်ကြီးကိုဖမ်းလိုက်ပြီဆိုတဲ့ သတင်းကို Myanmar People Allianceဆိုတဲ့ ဝက်ဘ်ဆိုဒ်က ဩဂုတ်လ ၃၁ ရက်နေ့က သတင်းတင်ခဲပြီး ဖေ့စ်ဘွတ်အသုံးပြုသူ နှစ်ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဒီသတင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံဘဲ့လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက် တအိမ်ထောင်ကို ၂ သောင်းကျပ်စီနဲ့ နိုင်ငံတော်က ထောက်ပံ့ငွေ ၅၄ သိန်း ၆ သောင်းကျပ်ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြည်သူကိုမပေးဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာကြောင့် မြောင်းမြမြို့နယ် ဒုအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ FB Link Archive Link Web Link Archive Link အချက်အလတ်စိစစ်ချက် သတင်းပါအကြောင်းအရာနဲ့ပတ်သက်ပြီး မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် […]

Continue Reading

ကျောက်တော်မီးလောင်မှု သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့သတင်းမှား

စက်တင်ဘာလ ၃ရက်နေ့ ညပိုင်း ရခိုင်ပြည်နယ် ကျော်တော်မြိုနယ်က ကျေးရွာနှစ်ရွာမီးလောင်မှုမှာ သေဆုံးသူ စာရင်းမှာ လူပေါင်း ၆၆ဦး မီလောင်သေဆုံးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ု လူမှုကွန်ယက်စာမျက်နှာတွေမှာ ပြန့်နှံ့နေတာ တွေ့ ရပါတယ်။ “Crd#မနေ့က ကျောက်တော်မြိုနယ်အပိုင် ရွာ၂ ရွာမီးရှို့ ခံရ မှုမှ အသေအပျောက်စာရင်း”လို့ အညွှန်းတပ်ထားပြီး “—သေဆုံးသူ စာရင်းတဲ့—(၁)ဘုန်းတော်ကြီး-၃-ပါး၊ (၂)ကိုယ်ဝန်ဆောင် မိခင်လောင်း-ရ-ဦး၊ (၃)လသားအရွယ် မိန်းခလေး-၁၀-ဦး၊ (၄)လသားအရွယ် ယောက်ျားကလေး-၁၃-ဦး၊ (၅)အသက်-၆၅-နှစ်ရှိသူ-၁၅-ဦး၊ (၆)အသက်-၃၅-နှစ်ရှိသူ ယောက်ျား-၁၁-ဦး၊ (၇) ကျောင်းသူ-၇-ဦး စုစုပေါင်း-၆၆-ဦး မှာ မီးလောင် သေဆုံးကြောင်း သိရ၏။”လို့ ပို့စ်တင်ရေးသားထားတာ အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် အဲ့ဒီမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သတ်ပြီး BBC The Irrawaddy 7 Daysမီဒီယာတွေရဲ့ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေး ဒုဝန်ကြီးက အမေစုလို့ခေါ်ခဲ့သလား

စက်တင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေးစီမံဆောင်ရွက်ခြင်းတို့နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်စိုးတင့်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ လွှတ်ကနဲ ခေါ်လိုက်သံကြားရတယ်ဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့ခဲ့ပါတယ်။ “ဒီနေ့လွှင့်တဲ့ Liveမှာပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ်ဟာ အပြန်အလှန်ဆွေးနွေးနေရင်းနဲ့ ‘အမေစု’လို့ လွှတ်ကနဲခေါ်လိုက်မိတာ ကြားလိုက်ရတယ်~အဲဒီအသံဟာ~”ရင်ထဲကလာတဲ့အသံ”ဘဲဖြစ်ပါလိမ့်မယ်။”လို့ ပို့စ်တင်ထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ စက်တင်ဘာ ၂ ရက်နေ့၊ မနက်ပိုင်းမှာ ကိုဗစ်နိုင်တင်ရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ၁ နာရီနဲ့ ၅ မိနစ်ဝန်းကျင် ကြာပါတယ်။အဲဒီတိုက်ရိုက်ထုတ်လွှင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်စိုးတင့်နိုင်(ပြည်ထဲရေး-ဒုတိယဝန်ကြီး)၊ ဦးနေဝင်းအောင်(ရန်ကုန်တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှုး)နဲ့ ဒေါက်တာသက်စုမွန် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန- လက်ထောက်ညွှန်ကြားရေးမှူး)တို့ဆွေးနွေးခဲ့ပါတယ်။  ဗိုလ်ချုပ်စိုးတင့်နိုင်က တိုက်ရိုက်ထုတ်လွှင်မှုရဲ့ ၂၁ […]

Continue Reading

မြဝတီက စစ်သားနှစ်ဦးအသတ်ခံရပြီး ဗုံးထောင်မှုကို အစ္စလာမ်အမျိုးသမီးကျူးလွန် တယ်လို့ သတင်းမှားဖြန့်

ဩဂတ်လ ၃၀ရက်နေ့က မြဝတီ-ကော့ကရိတ်လမ်းဟောင်းက ဆက်သွယ်ရေးစခန်းမှာဖြစ်ပွားခဲ့တဲ့ တပ်မတော် သားနှစ်ဦးအသတ်ခံရပြီး အလောင်းမှာလက်ပစ်ဗုံးထောင်တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ လက်သည် တရားခံမှာ အစ္စလာမ်အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ လူမှုကွန်ယက် အသုံးပြုသူတွေ အကြားပြန့်နှံ့ခဲ့ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “မအိသီရိဆန်းရွှေ အသက်၃၁နှစ် အစ္စလာမ်(ဘင်္ဂလီ) လူမျိုး၊ အမျိုးသမီးက ဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်သွယ်ရေးစခန်းငယ်တွင် တာဝန်ထမ်းဆောင်နေသော စစ်သည်၂ ဦးထဲသာရှိနေသည့် စခန်းတွင်းသို့ ဘာရက်တာ 92.f အမျိုးအစား ပစ္စတိုတစ်လက်ဖြင့် ဝင်ရောက်ခဲ့ပြီး အနီးကပ်ပစ်ခတ်ခဲ့သဖြင့် အမှတ် ၇ ဆက်သွယ်ရေးတပ်ရင်းမှ ဒုတပ်ကြပ်မြတ်မင်းဇော်နှင့်တပ်သားညီညီသန့်တို့ နှစ်ဦးစလုံး ဝဲဘက်နားထင်တွင် သေနတ်ဒါဏ်ရာများဖြင့် လဲကျသေဆုံးခဲ့ရပါသည်။ ကျဆုံးစစ်သည် အလောင်းအောက်တွင်မိုင်းတစ်လုံး ထောင်ထားခဲ့တဲ့အတွက် မိုင်းထပ်မံပေါက်ကွဲပြီး ကယ်တင်ရန်သွားခဲ့သည့် ဆေးအရာရှိအပါအဝင်စစ်သည် ၂ဦးပါ ထပ်မံကျဆုံးခဲ့ပြီး ရဲအရာရှိတစ်ဦးအပါအဝင် တပ်မတော်သား ၈ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်”စသည်ဖြင့်ရေးသားထားပါတယ်။ FB […]

Continue Reading

ပါတီကို မဲထည့်ကြပါလို့ အတင်းတိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ ဒေါ်သက်သက်ခိုင်ပြောခဲ့သလား

ကျွန်မတို့ပါတီကို မဲထည့်ကြပါလို့ အတင်းတိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ ခံစားရလို့ အတင်း မတိုက်တွန်းပါဘူးလို့ PPPပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကပြောတဲ့အကြောင်း  Zarni Tikeဆိုတဲ့ ဖေ့စ်ဘွတ်အကောက်က တင်ထားတာတွေ့ရပါတယ်။ “အခုကာလက ၂၀၂၀ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလပေါ့နော်။ ဒီနေရာမှာ ပြည်သူများကို ကျွန်မ ပြောချင်တာက ကျွန်မတို့ပါတီဟာ တခြားပါတီတွေလို ကျွန်မတို့ပါတီကို မဲထည့်ကြပါလို့ အတင်းမတိုက်တွန်းပါဘူး။ ဒီလိုအတင်း တိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ခံစားရလို့ပါ။..”စသဖြင့် ဒေါ်သက်သက်ခိုင်ကပြောတယ်လို့ ပို့စ်တင်ထားပြီး ပြန်လည်မျှဝေသူပေါင်း သုံးရာကျော်ရှိခဲ့ပါတယ်။ အချက်အလက်စိစစ်ချက် အထက်ပါပြောဆိုချက်ဟာ မဟုတ်မှန်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ PPPရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ “Myanmar National Post မှ အပိုင်း(၄) အနေဖြင့်တင်ထားတဲ့ ပုံနှင့်စာထဲမှ ပုံကိုယူပြီးစာများကို ကလိမ်ကကျစ်ကျစွာဖြင့် ပြည်သူများထင်ယောင်ထင်မှားဖြစ်အောင် အကောင့်ပိုင်ရှင်က စာသားများပြင်ထားတာကို ထင်ထင်ရှားရှားသိစေလို၍ အခုလိုတင်ပြရခြင်းဖြစ်ပါတယ်။” ပြန်လည်ရှင်းလင်းထားပါတယ်။ ဆက်လတ်ပြီး “ပြည်သူတွေအနေနဲ့သတင်းအမှားတွေတင်နေတဲ့ ဖေ့စ်ဘွတ်အကောက်တွေကို […]

Continue Reading