မြဝတီက စစ်သားနှစ်ဦးအသတ်ခံရပြီး ဗုံးထောင်မှုကို အစ္စလာမ်အမျိုးသမီးကျူးလွန် တယ်လို့ သတင်းမှားဖြန့်

ဘာသာရေး မှုခင်း

ဩဂတ်လ ၃၀ရက်နေ့က မြဝတီ-ကော့ကရိတ်လမ်းဟောင်းက ဆက်သွယ်ရေးစခန်းမှာဖြစ်ပွားခဲ့တဲ့ တပ်မတော် သားနှစ်ဦးအသတ်ခံရပြီး အလောင်းမှာလက်ပစ်ဗုံးထောင်တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ လက်သည် တရားခံမှာ အစ္စလာမ်အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ လူမှုကွန်ယက် အသုံးပြုသူတွေ အကြားပြန့်နှံ့ခဲ့ပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “မအိသီရိဆန်းရွှေ အသက်၃၁နှစ် အစ္စလာမ်(ဘင်္ဂလီ) လူမျိုး၊ အမျိုးသမီးက ဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်သွယ်ရေးစခန်းငယ်တွင် တာဝန်ထမ်းဆောင်နေသော စစ်သည်၂ ဦးထဲသာရှိနေသည့် စခန်းတွင်းသို့ ဘာရက်တာ 92.f အမျိုးအစား ပစ္စတိုတစ်လက်ဖြင့် ဝင်ရောက်ခဲ့ပြီး အနီးကပ်ပစ်ခတ်ခဲ့သဖြင့် အမှတ် ၇ ဆက်သွယ်ရေးတပ်ရင်းမှ ဒုတပ်ကြပ်မြတ်မင်းဇော်နှင့်တပ်သားညီညီသန့်တို့ နှစ်ဦးစလုံး ဝဲဘက်နားထင်တွင် သေနတ်ဒါဏ်ရာများဖြင့် လဲကျသေဆုံးခဲ့ရပါသည်။ ကျဆုံးစစ်သည် အလောင်းအောက်တွင်မိုင်းတစ်လုံး ထောင်ထားခဲ့တဲ့အတွက် မိုင်းထပ်မံပေါက်ကွဲပြီး ကယ်တင်ရန်သွားခဲ့သည့် ဆေးအရာရှိအပါအဝင်စစ်သည် ၂ဦးပါ ထပ်မံကျဆုံးခဲ့ပြီး ရဲအရာရှိတစ်ဦးအပါအဝင် တပ်မတော်သား ၈ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်”စသည်ဖြင့်ရေးသားထားပါတယ်။

FB LinkArchive

အချက်အလတ်စိစစ်ချက်

အဲဒီသတင်းနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီဖြစ်ရပ်အကြောင်းကို တစ်စုံတရာတင်ထားတာမတွေ့ရပါဘူး။ 

ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ 7Daysကိုတော့ တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အဲဒေသဟာ လက်နတ်ကိုင်အဖွဲ့စည်းတွေများကြောင်းနဲ့ လက်သည်တရားခံကို စုံစမ်းနေဆဲဖြစ်ကြောင်းကိုသာ ဖြေကြားထားတာတွေ့ရပါတယ်။ အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။

RFAမှာတော့ “လုံခြုံရေးယူထားတဲ့ စစ်သည်နှစ်ယောက်ကိုပစ်ခတ်သွားတာတော့ရှိတယ်၊ ဘယ်အဖွဲ့စည်း ကလဲတော့ သေချာမသိ‌သေးဘူး၊ ကျဆုံးစစ်သည်အောက်မှာ မိုင်းထောင်သွားလို့ သွားကြည့်တဲ့ ရာရှိတချို့နဲ့ စစ်သည်တချို့ကျဆုံးသွားတာရှိပါတယ်။ဆိုတော့ သတင်းကစုံစမ်းဆဲပဲ၊ လုံခြုံရေးကိစ္စတွ ေဆက်ဆောင်ရွက်ဖို့ရှိပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကဖြေဆိုထားပါတယ်။

https://www.facebook.com/rfaburmese/videos/3493708877319605/

သုံးသပ်ချက်

အထက်ပါအချက်လတ်တွေအရ အစစ်သားနှစ်ဦးအသတ်ခံရပြီး ဗုံးထောင်ထားမှုကို အစ္စလာမ်အမျိုးသမီးကျူးလွန်တယ်ဆိုတဲ့အချက်ဟာ အထောက်အထားမရှိသေးတာတွေ့ရပါတယ်။

Title:မြဝတီက စစ်သားနှစ်ဦးအသတ်ခံရပြီး ဗုံးထောင်မှုကို အစ္စလာမ်အမျိုးသမီးကျူးလွန်တယ်ဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *