ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေး ဒုဝန်ကြီးက အမေစုလို့ခေါ်ခဲ့သလား

False နိုင်ငံရေး

စက်တင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေးစီမံဆောင်ရွက်ခြင်းတို့နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်စိုးတင့်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ လွှတ်ကနဲ ခေါ်လိုက်သံကြားရတယ်ဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့ခဲ့ပါတယ်။

“ဒီနေ့လွှင့်တဲ့ Liveမှာပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ်ဟာ အပြန်အလှန်ဆွေးနွေးနေရင်းနဲ့ ‘အမေစု’လို့ လွှတ်ကနဲခေါ်လိုက်မိတာ ကြားလိုက်ရတယ်~အဲဒီအသံဟာ~”ရင်ထဲကလာတဲ့အသံ”ဘဲဖြစ်ပါလိမ့်မယ်။”လို့ ပို့စ်တင်ထားတာတွေ့ရပါတယ်။

FB LinkArchive Link

အချက်အလက်စိစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ စက်တင်ဘာ ၂ ရက်နေ့၊ မနက်ပိုင်းမှာ ကိုဗစ်နိုင်တင်ရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ၁ နာရီနဲ့ ၅ မိနစ်ဝန်းကျင် ကြာပါတယ်။အဲဒီတိုက်ရိုက်ထုတ်လွှင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်စိုးတင့်နိုင်(ပြည်ထဲရေး-ဒုတိယဝန်ကြီး)၊ ဦးနေဝင်းအောင်(ရန်ကုန်တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှုး)နဲ့ ဒေါက်တာသက်စုမွန် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန- လက်ထောက်ညွှန်ကြားရေးမှူး)တို့ဆွေးနွေးခဲ့ပါတယ်။ 

ဗိုလ်ချုပ်စိုးတင့်နိုင်က တိုက်ရိုက်ထုတ်လွှင်မှုရဲ့ ၂၁ မိနစ်ကနေ ၃၉ မိနစ်ထိ ၁၈ မိနစ်ဝန်းကျင်ကြာဆွေးနွေးမှုမှာ ဗိုလ်ချုပ်စိုးတင့်နိုင်က ကိုဗစ်နိုင်တင်းရောဂါထိန်းချုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အကူညီပေးတဲ့အပိုင်း၊ အရေးယူဆောင်ရွက်တဲ့အပိုင်းနဲ့ ရောဂါဖြစ်သူနဲ့ထိတွေ့သူတွေစုံစမ်းတဲ့အပိုင်းတွေကို ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမကြီးလို့သာ နာမ်စားသုံးနှုန်းခဲ့တာတွေ့ရပြီး အမေစုလို့ ခေါ်ဝေါ်ခဲ့တာမတွေ့ရပါဘူး။အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

September 2, 2020

September 2, 2020

Posted by Aung San Suu Kyi on Tuesday, September 1, 2020

သုံးသပ်ချက်

အထက်ပါအချက်အလတ်တွေအရ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ ခေါ်ခဲ့တယ်ဆိုတာ သတင်းအမှာသာဖြစ်တာကိုတွေ့ရပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေး ဒုဝန်ကြီးက အမေစုလို့ခေါ်ခဲ့သလား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *