Fact Check: နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဆီကနေ NLD မြို့နယ် အလုပ်အမှုဆောင်က ဆက်ကြေးကောက်တယ်လို့ သတင်းမှားထပ်မံဖြန့်ဝေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးဆီကနေ  နာဂလက်နက်ကိုင်အဖွဲ့ NSCN(K) အတွက် ကျပ် သိန်း ၇၅၀ ကို ဆက်ကြေးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အလုပ်မှုဆောင်တစ်ဦးက တောင်းယူခဲ့ တယ်ဆိုပြီးတော့ ရေးသားမျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေခဲ့ တာတွေ့ရပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာစတင်ပျံ့နှံ့ခဲ့တဲ့ ဒီပို့စ်မှာ နန်းယွန်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင် ဦးညီအောင်(ခ) ညီအောင်းဟာ NSCN(K)အဖွဲ့ရဲ့ စေခိုင်းချက်အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသို့  ဒီဇင်ဘာ ၁ ရက်နေ့က ရောက်ရှိလာပြီး ဆက်ကြေး သိန်း ၇၅၀ တောင်းခံ သွားတယ်လို့ ရေးသားထားပြီး NCSN(K)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်ကလည်း ဒီသတင်းကို အတည်ပြုတယ်လို့ ရေးသားမျှဝေထားတာဖြစ် ပါတယ်။ ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သတင်းပုံစံနဲ့ […]

Continue Reading

Fact Check: မှော်ဘီမှာတွေ့ရတဲ့ ကံကောင်းစေတဲ့မြွေတွေအဖြစ် သတင်းမှား ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ တောင်သူတစ်ဦးရဲ့ သပြေပင်မှာ တွေ့ရတဲ့ ကံကောင်းစေတဲ့ မြွေတွေလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်း များစွာက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မရှာဘိကျေးရွာက ဟင်းသီးဟင်းရွက်စိုက်တောင်သူ ဦးကွယ်လွယ်ထူးရဲ့ စိုက်ခင်းအတွင်းရှိ သပြေပင်မှာ တွေ့ရ တာဖြစ်ပြီး မြွေတွေဟာ ဘယ်ကရောက်လာမှန်းမသိကြောင်းနဲ့ ဇနီးက နွားနို့ နေ့တိုင်းတိုက်ပြီးနောက် ထီ သိန်း ၁ သောင်းဆုပေါက်တယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ ဟင်းသီးဟင်းရွက်စိုက် တောင်သူ ဦးကွယ်လွယ်ထူး၏ စိုက်ခင်းအတွင်းရှိ သပြေပင်တွင် ပုံတွင်မြင်တွေ့ရသည့်အတိုင်း အစိမ်းရောင် မြွေများအုပ်စုလိုက် လာရောက်နေထိုင်ကြကြောင်းတွေ့ရှိရစဉ်။ […]

Continue Reading

Fact Check: ညနေပိုင်းရေချိုးရင် ကိုဗစ်နိုင်တင်းဖြစ်တယ်ဆိုပြီး သတင်းမှား မျှဝေနေ

ကိုဗစ်နိုင်တင်းရောဂေါဖြစ်သူတိုင်းဟာ ညနေပိုင်းမှာ ရေချိုးတာကနေဖြစ်တယ်လို့ ရေးသားလျက်မျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေခဲ့ကြာပါတယ်။ ဖျားပြီး ကိုဗစ်နိုင်တင်းဖြစ်သူတိုင်းဟာ ညနေဘက်ရေချိုးရာကဖြစ်တာကို လေ့လာတွေ့ရှိရပြီး ညနေ နေဝင်ပြီးနောက်ပိုင်း ရေမချိုးကြဖို့တိုက်တွန်းတယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကို “တီ တီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဇင်ဘာ ၁၄ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၇ ထောင်ကျော်က ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနစတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာလည်း ကိုဗစ်နိုင်တင်းဖြစ်တဲ့သူတွေဟာ ညနေပိုင်းရေချိုးလို့ဖြစ်တယ်လို့ ဖော်ပြချက် မရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ကိုဗစ်နိုင်တင်းကူးစက်ခံမှုနည်းလမ်းများကို ဒီနေရာမှာလေ့လာနိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ […]

Continue Reading

Fact Check: အစည်းအဝေးလာတက်တဲ့ NLD နာယက ဦးဝင်းထိန် အစည်းအဝေးတက်ခွင့်မရဘဲ ပြန်လှည့်ခဲ့ရတယ်လို့ သတင်းမှားဖြန့်ဝေ

ဗဟိုအလုပ်အမှူဆောင်အစည်းအဝေးကို သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကြီးကို ရုံးအဖွဲ့က ဖိတ်ကြားခဲ့ပေမဲ့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေးမတက်ဖို့ ပြောလွှတ်တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ ဒီဇင်ဘာ ၁၂ရက်နေ့က နေပြည်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ NLD ဗဟိုအလုပ် အမှုဆောင်အစည်းဝေးကို NLD နာယက ဦးဝင်းထိန်ကို အစည်းအဝေးတက်ဖို့ ဖိတ်ခဲ့ပေမဲ့ တကယ်တမ်းသွား ချိန်မှာတော့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေး မတက်ဖို့ ပြောလွှတ်တယ်ဆိုပြီးတော့ မျှဝေနေတာဖြစ်ပါတယ်။ တကယ်တော့  ဒီလိုမျှဝေနေတဲ့ အချက်ဟာ သတင်းတု သတင်းမှားဖြစ်တာကို  Fact Crescendo Myanmar ကတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲမှားစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “NLD – CEC […]

Continue Reading

Fact Check: FB Messenger ယာယီပြတ်တောက်မှုဖြစ်စဉ်အပြီး နားလည်းမှု လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေပျံ့နှံ့ခဲ့

ဒီဇင်ဘာ ၁၀ ရက်က  လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ နားလည်းမှုလွဲမှာစေနိုင်တဲ့ အကြောင်းအရာ တွေပျံ့နှံ့ခဲ့တာကို  Fact Crescendo Myanmar က သတိပြုမိပါတယ်။ အများအပြားပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာကတော့ Facebook မှ messenger ကို ဖျက်သိမ်းတော့မည် ဟု CEO ဖြစ်သူ Mark Zuckerberg ပြောဆိုပြီး လူမှုကွန်ယက်မှာ ရေးသားမျှနေတာဖြစ်ပြီး အများအပြားက ဟာသအဖြစ် နားလည်ပြီး “Ha Ha” စိတ်ခံစားမှုကို ပေးခဲ့ကြပြီး အမြောက်အများ အပျော်အပျက် မှတ်ချက်ပြန်လည်ရေးသား ကြတာတွေ့ရပေမဲ့ အချို့သော လူမှုကွန်ယက်အသုံးပြုသူတွေအတွက် ဟာသအဖြစ် နားလည်ခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။  အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။ ဒီလိုရေးသားမျှဝေ ထားတဲ့ ပို့စ်တွေမှာ အများအပြားက ဟာသအဖြစ် […]

Continue Reading

Fact Check: သရုပ်ဆောင်ဗေလုဝ ကွယ်လွန်သတင်းမှားပျံ့နှံ့ခဲ့

ဟာသသရုပ်ဆောင် ဗေလုဝကွယ်လွန်ဆိုပြီး သတင်းမှားတစ်ခု ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါ တယ်။ “အနုပညာလောက ကိုနှုတ်ဆက်သွားခဲ့ပြီဖြစ်တဲ့ စစ်သူ​ကြီး ဗေလုဝ  crd Lwin Moe”လို့ ရေးသားပြီး “‎Phyo‎”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။ ပြည်မြန်မာသတင်းဌာနကလည်း သရုပ်ဆောင်လွင်မိုးရဲ့ ဖေ့စ်ဘွတ်စတေ့တပ်ကို ကိုးကားပြီး ဗေလုဝကွယ်လွန်ဆို တဲ့ သတင်းကို မျှဝေခဲ့တာတွေ့ရပါတယ်။ ​ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် သရုပ်ဆောင်ဗေလုဝ ကွယ်လွန်သတင်းများမှာ မဟုတ်မှန်ဘဲ လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း ၎င်းဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ပြန်လည်ဖြေရှင်းထားတာတွေ့ရပါတယ်။  “အခုလည်း အဲဒါပဲဖြေနေရတယ်။ မဟုတ်ပါဘူး။ ကောလာဟလပါ။ […]

Continue Reading

Fact Check: – မဘိမ်းတမြို့နယ်ထဲမှာပဲ မှတ်ပုံတင်မထားသူ ၃ သိန်းဝန်းကျင် မဲပေးခဲ့တယ်လို့ သတင်းမှားဖြန့်ဝေ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘိမ်းတမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင်မထားသူ သို့မဟုတ် အထောက်အထားမရှိသူ (၃)သိန်း နီးပါးကို မဲပေးခွင့်ပြုခဲ့တယ်လို့ ရေးသားလျက် ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ Radio Free Myanmar လို့ အမှတ်တံဆိပ်တပ်လျက် ရေးသားမျှဝေထားတဲ့ ဒီပို့စ်မှာ မဘိမ်းမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင် သို့မဟုတ် အထောက်အထားမဲ့သူပေါင်း (၂၈၉၉၃၂)ဦး မဲပေးခွင့်ပြုခဲ့ပြီး  ဒီဖြစ်စဉ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီအား နိုင်ငံတော်အချုပ်အခြာ အာဏာကို မတရားသောနည်းဖြင့် ရယူနိုင်ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကပြုလုပ်ပေးခဲ့တဲ့ ရာဇဝတ်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။  ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ မဘိမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပေးပိုင်ခွင့်ရှိ သူ  ၃ သောင်းကျော်ပဲရှိပြီး ၂ သောင်း […]

Continue Reading

Fact Check: တပ်မတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အာဏာသိမ်းဖို့ ပြောသလား- မဟုတ်ပါ

ဉပဒေကိုမလိုက်နာတဲ့အတွက် တပ်မတော်က ဝင်ပါနေတာဖြစ်ပြီး အာဏာမသိမ်းချင်လို့ ပြောနေတာဖြစ်တယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။  တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲက ဓာတ်ပုံတစ်ခုနှင့် တကွ ဉပဒေကိုမလိုက်နာတဲ့အတွက် တပ်မတော်က ဝင်ပါနေတာဖြစ်တယ်၊ အာဏာမသိမ်းချင်လို့ ပြောနေ တာဖြစ်ပြီး တပ်မတော်အနေနဲ့ အာဏာသိမ်းချင်ရင် ၂၄ နာရီမကြာဘူးလို့ ရေးသား မျှဝေနေ တာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်း တွေ့ ရ ပါတယ်။ဒီနေရာနေမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာစတင်ဖွင့်လှစ်သုံးစွဲခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကတည်းက   live ထုတ်လွှင့်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲ ဗွီဒီယိုတွေကို ပြန်လည်ကြည့်ရှူရာမှာလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဉပဒေမတိုင်းမလိုက်နာလို့ […]

Continue Reading

Fact Check: ထမီခါးတောင်ကြိုက်အိတ်ထမ်းနေတဲ့ NLD အမတ် ဒေါ်သီရီရတနာပုံအဖြစ်မျှဝေနေ

ရေကြီးရေလျံနေသော အိမ်တစ်လုံးနဲ့အတူ အမျိုးသမီးတစ်ယောက် ခါးတောင်ကြိုက်ကာ အိတ်ထမ်းနေပုံကို ဘီးလင်းမြို့ NLD လွှတ်တော်အမတ်ဒေါ်သီရီရတနာအဖြစ် လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။  ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ တပ်မတော်အရာရှိတစ်ယောက်နဲ့ စကားပြောနေဟန်၊အုတ်တံတိုင်ခတ် ခြံစည်းရုံး တစ်ခုပေါ်က ကျော်ကြည့်နေတဲ့ပုံစတဲ့ အခြားသော ပုံတွေလည်းပါဝင်ပြီး ထမီကို ခါးတောင်ကြိုက်လျှက် အိတ်တစ်လုံးကို ထမ်းနေပုံကို ဘီးလင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် မသီရိရတနာ အဖြစ်ရေးသားလျှက် မျှဝေနေတာဖြစ်ပါတယ်။ ပို့စ်ပါ အခြားသောပုံတွေဟာ ဒေါ်သီရီရတနာပုံတွေဖြစ်တာတွေ့ရပေမဲ့ ထမီကို ခါးတောင်ကြိုက်လျှက် အိတ်တစ်လုံးကို ထမ်းနေပုံဟာသူမဟုတ်ကြောင်း ဒေါ်သီရီရတနာ ငြင်းဆိုထားတာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: ဒီဇင်ဘာ ၁၁ One Championship ပွဲမှာ အောင်လအန်ဆန် ပါဝင် ထိုးသတ်မယ်လို့ သတင်းမှားဖြန့်

ဒီဇင်ဘာ ၁၁ ရက်မှာ အောင်လအန်ဆန်နဲ့ ဂျိုနသန်ဟတ်ဂရီတို့ ယှဉ်ပြိုင်ထိုးသတ်မယ်ဆိုပြီးတော့ ပို့စ်တစ်ခု မျှဝေထားတာရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ စင်ကာပူမှာ ဒီဇင်ဘာ ၁၁ ရက်မှာ One Championship ရဲ့ BIG BANG II ရဲ့ အဓိကပြိုင်ဘက်တွဲများအဖြစ် အောင်လအန်ဆန်(Aung La N Sang)နဲ့ ဂျိုနသန်ဟတ်ဂရီ(Jonathan Haggerty)တို့ ထိုးသတ်မှာဖြစ်တယ် ဆိုပြီးတော့ ကြော်ညာပုံနှင့်တကွ မျှဝေထားတာဖြစ်ပါတယ်။   One Championship ပြိုင်ပွဲရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ရှာဖွေရာမှာ ဒီဇင်ဘာ ၁၁ ရက်ထိုးသတ်မယ့် လက်ဝှေ့ပွဲမှာ အောင်လအန်ဆန်မပါဝင်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီဇင်ဘာ ၂ ရက်ကလည်း […]

Continue Reading