Fact Check: အမေရိကန်လေယာဉ်တင်သင်္ဘောကို IRGC တိုက်ခိုက်မှု ဗွီဒီယိုလား -မဟုတ်ပါ

False နိုင်ငံတကာ၊ | International

ဟော်မုဇ်(Hormuz)ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားစဉ် အမေရိကန် လေယာဉ်တင် သင်္ဘော‌ကို အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ 

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  

“အီရန်ရဲ့ IRGC က အမေရိကန်ရေတပ်သင်္ဘော ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားစဉ် ဒုံးကျည် ၂ စင်းဖြင့် ပစ်ခတ်ခဲ့သည်။”

Original link | Archive link

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြု ရှာဖွေရာမှာ ဗွီဒီယိုဟာ လက်ရှိ အရှေ့အလယ်ပိုင်းစစ်ရေးဖြစ်ရပ်တွေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ တကယ်တမ်းမှာ ဒီဗွီဒီယိုပါမြင်ကွင်းတွေကို ၂၀၁၆ ခုနှစ်ကတည်း အင်တာနက်မှာ တွေ့ရပြီး အမေရိကန်ရဲ့ စစ်ရေးလေ့ကျင်မှု တခုဖြစ်ပါတယ်။

 “၂၀၁၆ ခုနှစ် Rim of the Pacific စစ်ရေးလေ့ကျင့်မှုအတွင်း ရပ်ဆိုင်းထားသော USS Thach (FFG-43) ၏ နစ်မြုပ်လေ့ကျင့်ခန်း (SINKEX) ဝေဟင်မှရိုက်ကူးထားသောဗွီဒီယို”လို့ဆိုပြီး “USNI News Video”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၂ ရက်စွဲနဲ့ မျှဝေထားတဲ့ ဗွီဒီယိုမှာ ဒီဗွီဒီယိုပါမြင်ကွင်းတွေကို တွေ့နိုင်ပါတယ်။  အဲဒီအချိန်က Rim of the Pacific စစ်ရေးလေ့ကျင့်မှုအတွင်း USS Thach (FFG-43) ကို ပစ်ခတ်နှစ်မြှုပ်ခဲ့တဲ့ သတင်းကို စီအန်အန်(CNN) မှာလည်း ဖော်ပြခဲ့ပါတယ်။

ဒီမြင်ကွင်း ဗွီဒီယိုကိုပဲ AA က စစ်ကောင်စီ ရေတပ်ကို ရခိုင်ကမ်းလွန်မှာ တိုက်ခိုက်မှုဆိုပြီး မကြာသေခင်းက မျှဝေခဲ့ရာမှာ Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပါသေးတယ်။

သုံးသပ်ချက်

အမေရိကန် လေယာဉ်တင် သင်္ဘော‌ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားစဉ် IRGC  ဒုံးကျည်နဲ့ ထိမှန်မှုဆိုတဲ့ ဗွီဒီယိုဟာ ပစ်ခတ်ခဲ့တဲ့ ဗွီဒီယို ၂၀၁၆ ခုနှစ်ကတည်း အင်တာနက်မှာ တွေ့ရပြီး အမေရိကန်ရဲ့ စစ်ရေးလေ့ကျင်မှု တခုရဲ့ မြင်ကွင်းဖြစ်တယ်။ ၂၀၁၆ ခုနှစ် rim of pacific စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်က အသုံးမပြုတော့တဲ့ USS Thach စစ်သင်္ဘောကို ပစ်ခတ်နှစ်မြှုပ်နေတဲ့ မြင်ကွင်းဖြစ်တယ်။

Result Stamp

Title: Fact Check: အမေရိကန်လေယာဉ်တင်သင်္ဘောကို IRGC တိုက်ခိုက်မှု ဗွီဒီယိုလား -မဟုတ်ပါ

Written By: နေရာမောင်

Result: False