Fact Check: လားရှိုးဆွေးနွေးမှု ပျက်ပြီး MNDAA ပြန်ဝင်လာတဲ့ သတင်းတု 

မြန်မာစစ်တပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)အကြား ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီး MNDAA တပ်ဖွဲ့ဝင်ထောင်ချီ လာရှိုးကို ပြန်ဝင်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ဧပြီ ၂၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “လားရှိုးဆွေးနွေးမှု ပျက်ပြီ တရုတ်အထူး ယဉ်တန်း စစ်တပ်က ပစ်ခတ် ၊ ပြသာနာ တက်နေကုန်ပြီ ၊ MNDAA တပ်ဖွဲ့ ထောင်ချီ ပြန်ဝင်လာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်ဆိုတဲ့ သတင်းတု 

UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်လို့ ကြေညာတယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဧပြီ ၂၂ ရက်က ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဧပြီ(၂၂)နေ့အထူးဝမ်းသာစရာသတင်း ဖမ်းဝရမ်း ထုတ်ပြီ ၂၄ နာရီအတွင်းဖမ်းမည်ဟုကြေငြာ UNစစ်တပ်(၆)သိန်းကျော် လွတ်လိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khi thit channel”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: ချင်းမိုင်မှာ ဧပြီ ၂၁ ရက်မှာ ငလျင်လှုပ်ခတ်အပြီး တိုက်ပြိုကျမှု ဗွီဒီယိုလား-မဟုတ်ပါ

ဧပြီ ၂၁ရက်က ငလျင်လှုပ်ခတ်အပြီး ထိုင်းနိုင်ငံ ချင်းမိုင်မှာ တိုက်ပြိုကျမှု ဗွီဒီယိုမြင်ကွင်းအဖြစ် ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုသာဖြစ်တယ်။ မတ် ၂၈ ရက်က စစ်ကိုင်းငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တိုက်တလုံး ပြိုကျမှု ဗွီဒီယိုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “#ထိုင်း/ချင်းမိုင် ငလျင်ထပ်လှုပ် 21/4/2025 အားလုံးသတိထား ပေးကင်းကြပါစေခဗျားး” Original link | Archive link အချက်အလက်စိစစ်ချက် ဧပြီ ၂၁ ရက်မှာ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အင်အားအနည်းငယ်ရှိတဲ ငလျင်ငယ် ၄ ခု ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ၂၄ နာရီအတွင်း ဖြစ်ပေါ်ခဲ့တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီထုတ်ပြန်ချက် […]

Continue Reading

Fact Check: ရန်ကုန်မှာ အင်အား ၈ ဒဿမ ၉ အင်အားရှိတဲ့ ငလျင်ကြီးလှုပ်ခတ်မယ် ဆိုတဲ့ သတင်းတု

ရန်ကုန်အပါအဝင် မြို့ ၄ မြို့ ဒီညမှာ အင်အား ၈ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးတခု ထပ်လှုပ်ဖို့ရှိတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ပို့စ်တခု ယူကျူ့မှာ ဧပြီ ၁၇ ရက်က ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။အလားတူတဲ့ မျှဝေမှု ကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ဒီနေ့ည မျို့ကြီး ၄ မြို့ ငလျင် အရေးပေါ် ဖျက်အားပြင်း ငလျင် ၈.၉ ခန့် ရန်ကုန်ပါဝင်လာပြီး မြန်မာပြည် အခြေအနေဆိုပြီ” Original link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီပြောဆိုချက်နဲ့ အလားတူတဲ့ ရေးသားမျှဝေမှုဖြစ်တဲ့ ဧပြီ […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင် ထိုင်းမှာ ပစ်ခတ်ခံရဆိုတဲ့ သတင်းမှား

အာဆီယံဥက္ကဌနဲ့ တွေ့ဆုံဖို့အတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်စဉ်မှာ ပစ်ခတ်ခံရတယ်လို့ရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြစ်တယ်။   “ထိုင်းမှာ ပွတ်လောရိုက်နေပြီ စစ်ခေါင်းဆောင် ပစ်ခတ်ခံရ အာဆီယံ ဥက္ကဌ နဲ့တွေ့ဆုံရန် ထိုင်းကိုလာတဲ့ တပ်ချုပ် လုံခြုံရေး တင်းကြပ်တဲ့ ကြားကနေ ပစ်ခတ်ခံရ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး ဖြစ်တဲ့သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည် ဖြန့်ဝေတဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။   အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: မန္တလေး PDF သင်္ကြန်တွင်းမှာ မြို့ထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းမှား

မန္တလေး PDF  က ယခုနှစ် သင်္ကြန်တွင်းမှာ မြို့ထဲဝင်လာတဲ့ ဓာတ်ပုံတွေအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး သင်္ကြန်လည်ပတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ မာဇဒါဂျစ်ကားပေါ်က သေနတ်လို့ ယူဆရတဲ့ အရာတွေလွယ်ထားတဲ့ လူရွယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားဖြန့်ဝေထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ် သင်္ကြန်ရေကစားတဲ့ ဖက်ရှင်ပုံတခုသာဖြစ်တယ်။  “မန္တလေး လပခ လုံခြုံရေးအားနည်းချက်ကတော့ MDY PDF က သက်ြန်တွင်းကြီး မြို့ထဲဝင်လာတာ မသိလိုက်ဘူးတဲ့လား။ ဟုတ်ဟုတ် မဟုတ်ဟုတ် လက်နက်အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် လခရ အားနည်းလို့ သူများကဲ့ရဲ့စရာဖြစ်နေတာ။ လပခ တိုင်းမှူး မလှုပ် မရှုပ် မပြုတ် လုပ်နေတာလား။ #အောင်စစ်သည်စစ်သတင်းနှင့်ဗဟုသုတ” Original link | Archive link […]

Continue Reading

Fact Check: ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံးတဲ့ သတင်းတု 

ဧပြီ ၁၃ ရက်က ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မျာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “စစ်တပ်နေရာ အများဆုံး သေဆုံး ၇.၉ ပြင်းအားရှိ ငလျင်ကြီးထပ်လှုပ် မင်းအောင်လှိုင် ဘုရားပေါ်တက်တိုင်း ငလျင်လှုပ်နေ အမျိုးသားရေး သသ်တပ် ဘောမ ထောင်ချီ သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြရာမှာ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ထိုင်းမှာ မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြနေတာလား-မဟုတ်ပါ

မြန်မာစစ်ခေါင်းဆောင် ထိုင်းနိုင်ငံကို လာရောက်စဉ် ထိုင်းနိုင်ငံသားတွေ ဆန္ဒပြခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မျာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရပါတယ်။ မှားယွင်းပြောဆိုမှုသာဖြစ်တယ်။ ဗွီဒီယိုဟာ တကယ်တော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အစိုးရရုံးရှေ့မှာ သစ်တောဥပဒေနဲ့ပတ်သက်ပြီး ဆန္ဒပြနေကြပုံ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင် -😂🤣 #minaunghlan #ထိုင်းနိုင်ငံ #ချင်မိုင် #Myanmar #ခွေးleader” Original link | Archive link ဒီအပြင် ဗွီဒီယိုအတိုတွေ မျှဝေတဲ့ လူမှုကွန်ယက်ပလက်ဖောင်းတခုဖြစ်တဲ့ reel မှာလည်း တူညီစွာမျှဝေနေ တာတွေ့ရပါတယ်။ ဒီနေရာနဲ့  ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ မြင်ကွင်းတွေကို Google မှာ […]

Continue Reading

Fact Check: ဗြိတန်မှာ ၆.၇ ပမာဏငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ဗြိတိန်နိုင်ငံမှာ အင်အား ၆.၇ ပမာဏရှိ ငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုဆိုပြီးတော့ ဗွီဒီယိုတခု တစ်တော့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုဟာ ၂၀၂၃ ခုနှစ်အတွင်းက အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တခုဖြစ်တာတွေ့ရပါတယ်။  ဖြန့်ဝေထားတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဗြိတိန်နိုင်ငံ UK လန်ဒန်မြို့မှာ ပြင်းအား 6.7 အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ် 5/4/2025 #နေဖုန်းခ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာ‌ဖွေရာမှာ ဒီမြင်ကွင်းဟာ ၂၀၂၃ ခုနှစ်အတွင်းက အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်းက မြင်ကွင်းဖြစ်တာတွေ့ရပါတယ်။  “ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် […]

Continue Reading

Fact Check: ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်သေဆုံးဆိုတဲ့ သတင်းတု 

ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်ခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်က ဖမ်းဆီးထောင်ချထားတဲ့ ခေါင်း‌ဆောင်နှစ်ဦးရဲ့ အခြေအနေကိုလည်း လူထုက စိုးရိမ်နေချိန်ဖြစ်တယ်.  ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “၆ ရက်နေ့ တနိုင်ငံလုံးကပြည်သူတွေ ငိုရတဲ့နေ့ဗျို့ ငလျင်ကြောင့် အမေစုနဲ့သမ္မတ အသက်ပေးရပြီ ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local […]

Continue Reading