Fact Check: ဆော်ဒီခရီးစဉ်မှာ ဇန်လန်းစကီး ဒူးထောက်ခဲ့တဲ့ ဗွီဒီယိုဟာ AI အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်

ဆော်ဒီအာရေးဗီးယားနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်မှာ လေဆိပ်မှာလာကြိုတဲ့ ဆော်ဒီတာဝန်ရှိသူတွေကို ယူကရိန်း သမ္မတ ဇန်လန်းစကီးက လက်ဆွဲနှုတ်ဆက်ပြီးနောက် ဒူးထောက်လိုက်တဲ့ ဗွီဒီယိုတခု လူမှုကွန်ယက်မှာပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး ဗွီဒီယိုဟာ AI ဆော့ဖ်ဝဲတခုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ဒီလိုခေါင်းဆောင်မျိုးအောက်မှာနေရရင် ငတ်ပြီးသေရင်တောင် ကျေနပ်နေမှာ🥰 မိမိနိုင်ငံကိုရောင်းမစားဘူး” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် အဓိက ကျတဲ့ စကားလုံး တချို့ အသုံးပြုပြီး ရှာဖွေရာမှာ အခုပြောဆိုချက်တွေမှာ ပျံ့နှံ့နေသလို ယူကရိန်း သမ္မတရဲ့ […]

Continue Reading

Fact Check: ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေ ကြိုဆိုနေတဲ့ ဗွီဒီယိုလား – မဟုတ်ပါ

 သမ္မတ ဇန်လန်းစကီးကို ယူကရိန်းပြည်သူတွေက ကြိုဆိုနေပုံလို့ဆိုလိုပြီး ဗွီဒီယိုပို့စ်တခု မတ်လ ပထမပတ် အတွင်းက လူမှု ကွန်ယက်မှာပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှု တခုဖြစ်တယ်။  တကယ်တော့ ကျဆုံးသွားတဲ့  ယူကရိန်းစစ်သားတယောက်ရဲ့ စျာပနအခမ်းအနား တခုက ဗွီဒီယိုဖြစ်တယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ဇန်လန်းစကီးကြား အိမ်ဖြူတော်မှာ အခြေအတင်ဖြစ်ပြီးနောက် ဒီဗွီဒီယိုဟာ သမ္မတဇန်လန်းစကီးကို ကြိုဆိုပုံအဖြစ် ပျံ့နှံ့လာခဲ့တာပါ။  အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ယူကရိန်းသမ္မတအား ယူကရိန်းပြည်သူများ ဦးညွတ်ကြိုဆို” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းကို […]

Continue Reading

Fact Check: မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ အပူလှိုင်းဖြတ်နိုင်သလား- မဟုတ်ပါ

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ အပူလှိုင်းဖြတ်နိုင်လို့ အပြင်မထွက်ကြဖို့အပါအဝင် ဆောင်ရန် ရှောင်ရန်တွေရေးသားထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား မတ် ပထမပတ်ထဲမှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ နွေရာသီရောက်ပြီဖြစ်လို့ မြန်မာနိုင်ငံတဝှမ်းမှာ အပူချိန်သိသိသာသာမြင့်တက်လာချိန်မှာ ဒီလိုပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြောဆိုဖြန့်ဝေနေတဲ့ ဖြန့်ဝေမှုဟာ မှားယွင်းပါတယ်။  မတ် ၄ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလား တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။ “အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။ အပူချိန် 35C – 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level […]

Continue Reading

Fact Check: မြန်မာ့အရေးဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် နေပြည်တော်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ သတင်းတု

မြန်မာ့အရေးဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် နေပြည်တော်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်လို့ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “မြန်မာ့အရေးဖြေရှင်းဖို့ နေပြည်တော်အထိ  အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရောက်ချ ချက်ချင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ ပြသတဲ့ မြန်မာ့အရေးဖြေရှင်းဖို့ နေပြည်တော်အထိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီမယ်လို့ ဆိုထားသလို ဗွီဒီယိုထဲမှာလည်း ဒီလိုပြောဆိုခဲ့ပါသေး တယ်။ ဒါပေမဲ့ ဒီအကြောင်းအရာကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ […]

Continue Reading

Fact Check: ရေနွေးဖြူသောက်ရင် ကင်ဆာ၊သွေးတိုးအပါအဝင်ရောဂါ ‌ပေါင်းစုံ ပျောက်တယ်ဆိုတာ အထောက်အထားမရှိပါ

ရေနွေးဖြူကို ပုံမှန်သောက်သုံးမယ်ဆိုရင် ကင်ဆာနဲ့ သွေးတိုးအပါအဝင် နာတာရှည်ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်တခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ရဲ့ အစိတ်အပိုင်းကို ရယူထားခြင်းဖြစ်တယ်။ ရှည်လျားစွာဖော်ပြထားတဲ့ ရေးနွေးသောက်ခြင်းဖြင့် ပျောက်ကင်းတယ်ဆိုတဲ့ ရောဂါများစွာလည်းပါဝင်တဲ့ ပို့စ်ပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။  “ရေဖြူကိုကြိုချက် အအေးခံပြီး ရေ အဖြင့်ပြန်သောက် တခါသောက်ရင် ငါးကြင်းဖန်အလတ်စား ၅ခွက်ဝင် အောင်သောက် သင်တို့ခန္ဓာကိုယ်က ရောဂါအားလုံးနီးနီးနိုင် သွေးတိုး ဆီးချို ရင်တုန် အမောလွယ် အမြင်မှုန် ရက်ပိုင်း  လပိုင်းအတွင်းကို ပျောက်တယ် နောက်ဆုံး ကင်ဆာ ရောဂါပါပျောက်တယ် အစွဲတော့ […]

Continue Reading

Fact Check: ရုရှားကာကွယ်ရေးဝန်ကြီးဟောင်ဆာဂေးရွှေဂူက ရှမ်းနီသွေးတဝက်ပါ တယ်ဆိုတဲ့ သတင်းမှား

ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရွှေဂူ(Sergei Shoigu)ဟာ မြန်မာနိုင်ငံသား ရှမ်းနီတိုင်းရင်းသား ဖခင်က မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံမှာ နေထိုင်သူဖြစ်တယ်လို့ဆိုပြီး ပို့စ်တွေ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ‌ရေးသားဖြန့်ဝေမှု တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “မြန်မာ့တပ်မတော်ကို ရုရှားကကူညီနေရသည့် အဓိက  အကြောင်းရင်း (သို့) ရှမ်းနီသွေး တဝက်ပါသူ  ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှေကူ ———————————————- ရုရှား ယူကရိန်းစစ်ပွဲအတွင်း မီဒီယာတွေမှာ အမြဲမြင် တွေ့နေရတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဟာ မျက်လုံးလည်းမပြာ ဆံပင်လဲ မဝါသလို လူဖြူတွေလို အသားအရည်မျိုးလည်းရှိမနေတာ ထူးခြားမှုလို့မြင်တွေ့ရမှာပါ. ဒါ့အပြင် ရုရှားအမျိုးသားတွေလိုထွားကျိုင်းတောင့် တင်းတဲ့ ခန္ဓာကိုယ်မရှိဘဲ […]

Continue Reading

Fact Check: PDF တွေ အမြန်လမ်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်-မန္တလေး အမြန်လမ်းကို PDF သိမ်းလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထား ခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “ရန်ကုန် ၊ မန္တလေး အမြန်လမ်းကို PDF သိမ်းလိုက်ပြီ စစ်သားတွေ အကုန်ထွက်ပြေးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “AK CHANNEL NEW”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာလုပ်ပါတယ်။  အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ မြန်မာနောင်းသတင်းဌာနက ဖော်ပြခဲ့တဲ့ “ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီ  […]

Continue Reading

Fact Check: ရုရှားသွားစဉ် စစ်ခေါင်းဆောင် လေယာဉ်ပျက်ကျ သေဆုံးတဲ့ သတင်းတု

ရုရှားနိုင်ငံကို သွားရောက်စဉ် မြန်မာစစ်ခေါင်းဆောင်ရဲ့ လေယာဉ်ပျက်ကျ သေဆုံးမှုလို့ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ‌ရေးသားဖြန့်ဝေမှု တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “မင်းအောင်လှိုင် ရဲ့ ရုရှားခရီးစဉ် လေယာဉ်ပျက်ကျလို့ သေပြီ သတင်းဌာနအားလုံးအတည်ပြုပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကိုကြည့်မယ်ဆိုရင် လုပ်ကြံရေးသား ဖြန့်ဝေတာတွေ လုပ်တာ၊ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို  သတင်းခေါင်းစဉ် တုတပ်ဖြန့်ချိတွေလုပ်ပါတယ်။ အခုလည်း “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က ဖော်ပြထားတဲ့ ဗွီဒီယိုထဲပါ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ပြန်လွှတ်ပေးလိုက်ပြီဆိုပြီးတော့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ဦးသန်းရွှေ က ဒေါ်စုကို လွတ်ငြိမ်းပေးပြီ ဘယ်သူအရှိန်အဝါကြီးလဲ အကဲစမ်းနေကြပြီ တရားသူကြီးချုပ်ကို တိုက်ရိုက်ညွန်ကြားပြီး အမိန့်ပေး မင်းအောင်လှိုင်က ပေါက်ကွဲပြီး နေပြည်တော်ကို ပစ်မိန့်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ […]

Continue Reading

Fact Check: COVID-Omicron XBB က အရင်‌ဗိုင်းရပ်စ်ထက် ၅ ဆ ပြင်းထန်ပြီး သေဆုံးမှုနှုန်းပိုမြင့်တယ်ဆိုတာ အထောက်အထားမရှိပါ

အရင်‌ဗိုင်းရပ်စ်ထက် ၅ ဆ ပိုမိုပြင်းထန်ပြီး သေဆုံးနိုင်ခြေလည်းပိုများလို့  COVID-19 မျိုးကွဲ Omicron XBB နဲ့ ပတ်သက်ပြီး သတိပေးချက်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်တခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။  “COVID-OmicronXBB သည် မြစ်ဝကျွန်းပေါ်မျိုးကွဲများထက် ငါးဆပိုမိုပြင်းထန်ပြီး သေဆုံးနှုန်းပိုမိုမြင့်မားသည်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်အာဏာသိမ်းအပြီးမှာ မြန်မာနိုင်ငံ ကျန်းမာရေးစနစ်ဟာလည်း ချိနဲ့ ပြိုကျနေပြီး ဘယ်လို မျိုးကွဲတွေနဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ […]

Continue Reading