Fact Check: တိုယိုတာ ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်နေတဲ့ ဗွီဒီယိုဟာ မြန်မာနိုင်ငံက မဟုတ်ပါ

တိုယိုတာ အမှတ်တံဆိပ်ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်စင်ကနေ ဒုံးကျည်တွေ ပစ်လွှတ်နေတဲ့ ဗွီဒီယိုကို မြန်မာနိုင်ငံက တော်လှန်ရေးတပ်တွေ နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေမှုလို့ ဆိုလို မျှဝေထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယို ၂၀၁၆ ခုနှစ်လောက်ကတည်း အခြားသော ဘာသာစကားအသုံးပြုသူတွေပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၅ ရက်က စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၆ သန်းဝန်းကျင် ရရှိထားတယ်။ မှတ်ချက်ပေးထားတာတွေကို လေ့လာကြည့်ရာမှာလည်း မြန်မာပြည်က တော်လှန်ရေးအဖွဲ့တွေရဲ့ တကယ်ပဲ စမ်းသပ်ပစ်ခတ်နေတဲ့ ဗွီဒီယိုလာဆိုပြီးတော့ ဝေးဝါးနေသလို နားလည်မှုလွဲစေနိုင်တာတွေ့ရတယ်။ “နေပြည်တော်အတွက်အထူး😘👊👊” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: ရေဘီးလူခေါင်းဆောင် လုပ်ကြံခံရပြီး သေဆုံးမှု သတင်းမှား

ရေးမြိုနယ်မှာ အဓိကလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ ခေါင်းဆောင် လုပ်ကြံခံရလို့ သေဆုံးတဲ့ ဓာတ်ပုံအဖြစ်  ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာနဲ့ စစ်တပ်ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်ရဲ့ ဒီနေရာမှာ တွေ့ရပါတယ်။  “ရေးဘီလူး(ခ) လှိုင်းဝင်း လုပ်ကြံခံရ  ရေးမြိုနယ်တွင်အဓိကလှုပ်ရှားနေသည့် အင်အား ၂၀၀ ခန့်ရှိ ရေးဘီလူးအဖွဲ ခေါင်းဆောင်သည် ယမန်နေ့က အမညျမသျိ လူသုံးဦး၏ လက်ချက်ဖြင့်သေဆုံးသွားကြောင်းသိရသည်။ စခန်းဒုခေါင်းဆောင်နှင့် လွန်ခဲ့သည့်တစ်ပတ်က အလှူငွေကိစ္စ စကားများကြရာက ယခုကဲသို လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း တပ်ဖွဲဝင်များ က ဆိုသည်။ ၎င်းသေဆုံးခြင်းကို လျှိဝှက်ထားချင်သည့်အတွက် သတင်းကိုဖုံးဖိရန် အစပိုင်းက ကြိုးစားသော်လဲ ၎၏ အလောင်းပုံ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သား ဗြိတိန်မှာ အဖမ်းခံရမှု သတင်းမှား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံကို ဗြိတိန်ရဲတပ်ဖွဲ့က လေဆိပ်မှာ ဖမ်းဆီးလိုက်တဲ့ ရုပ်သံလို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတခုသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဘလော့ဂ်စာမျက်နှာတခုရဲ့ ဒီနေရာ နဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “မင်းအောင်လှိုင် သား အောင်ပြည့်စုံကို  UK ရဲတပ် လေဆိပ်မှာ ဖမ်း (ရုပ်/သံ) MRTV က အတည်ပြုလိုက်ပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: ဧပြီ ဒုတိယပတ်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး ရေကြီးနေပုံလား-မဟုတ်ပါ 

ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးကြီးနေပုံလို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ အခုလို ဗွီဒီယိုတွေ ပျံ့နှံ့လာတာဖြစ်တယ်။ ဒါပေမဲ့  ၁မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲ အစိတ်အပိုင်းအတော်များများဟာ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာဖြစ်ပွားခဲ့တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။  “မနေ့က… အရမ်းကြမ်းတဲ့…ဒူဘိုင်း က..လေနဲ့မိုး…😱 ဒီနေ့.. လေမိုးအလွန် ပျက်စီးဆုံးရှုံးမှုများ..😌😌😌” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုတွေကို Google မှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ရာထူးကနုတ်ထွက်ပြီး ရုရှားကို ပြေးသွားတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂၄ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လုံးဝထင်မထားတဲ့ သတင်းကြီးဟေ့  မအလ နှုတ်ထွက်ပြီတဲ့ကွ စစ်ဗိုလ်ချုပ် ၁၅၀ နီးပါး  ရုရှားနဲ့ တရုတ် ကို အသီးသီးပြေးကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်ရာမှာ […]

Continue Reading

Fact Check: ပြင်ဦးလွင်မှာ စစ်တပ်ယာဉ်တန်းကို PDF ကပစ်ခတ်တိုက်ခိုက်မှု သတင်းတု

ဧပြီ ၁၇ ရက်နေ့က ပြင်ဦးလွင်မှာ စစ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုအဖြစ် ဖော်ပြထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၈ ရက်က မျှဝေထားတဲ့ ဗွီဒီယိုဟာလက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၈ သန်းကျော်ရရှိထားတယ်။ “17/4/2024 ပြင်ဦးလွင်လာနေတဲ့ စစ်ကား ပုံးစွဲခံရ စိတ်တော်မကောင်းဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ARMA 3 ဆော့ဖ်ဝဲလ်လို စစ်ရေးဆိုင်ရာတွေကို စိတ်ကူးဖန်တီးရေးဆွဲလို့ရတဲ့ ဆော့ဖ်ဝဲလ်တခုသုံးပြီး ထုတ်လုပ်ထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ မူလဗွီဒီယိုလို့ […]

Continue Reading

Fact Check: မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ ပစ်ချခံရမှု သတင်းတု

မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ KNU နဲ့ ထိုင်းက ပစ်ချလိုက်တယ်လို့ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ မျှဝေထားပြီး ပျံ့နှံ့မှုလည်း အားကောင်းလျက်ရှိတယ်။ တချို့သော ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေမှာ ထိုင်းလေတပ်က မြန်မာစစ်တပ် တိုက်လေယာဉ်တွေကို ပစ်ချလိုက်တယ်၊ ထိုင်းက KNU ဘက်က ဝင်တိုက်နေပြီစသည့် လည်းဖော်ပြထားတယ်။ သတင်းတုသတင်းမှားတွေသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၉ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “ထိုင်းဝင်ကူနေပြီဟေ့ ရုရှားထုတ်ရဟတ်ယာဉ်ပစ်ချ တိုသ်းမှူးအဆင့်လိုက်ပါပြီးမြဝတီကိုလာတာ ထိုင်းလေကြောင်းအဖွဲ့ကပစ်ချလိုက်တာ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link […]

Continue Reading

Fact Check: ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့ PDF တွေဖမ်းမိတဲ့ပုံလား- မဟုတ်ပါ

ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မန္တလေး PDF က ၄ ဦးကို အရှင်ဖမ်းမိတယ်လို့ဆိုပြီး ဓာတ်ပုံ ဓာတ်ပုံ တပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို   ဒီနေရာမှာလည်း တွေ့ရပါတယ်။ စစ်တပ်လိုလားတဲ့ဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ မြန်မာနေရှင်နယ်ပို့စ်နဲ့ ပြည်ချစ်သားစတဲ့ ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်တွေမှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။ “ပြင်ဦးလွင်မြို့အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့၏ ၄ဦး အရှင်ဖမ်းမိ ပြင်ဦးလွင်၊ ဧပြီ ၁၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးမြို့တွင်းသို့ ၁၄-၄-၂၀၂၄ ရက်နေ့ ည (၉ ၃၀)နှင့် (၁၀ ၃၀)ကြား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့မှ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြန်လည်လွတ်မြောက်မှုနဲ့ အာဏာပြန်လွှဲတဲ့ သတင်းတု

ပူပြင်းတဲ့ရာသီဥတုကို ရှောင်ရှားပေးတဲ့အကြောင်းပြချက်နဲ့ ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို သက်ဆိုင်ရာ ထောင်အသီးအသီးကနေ စစ်ကောင်စီက နေရာပြောင်းရွှေ့ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးလိုက်ပြီ၊ စစ်ခေါင်းဆောင်က အာဏာပြန်လွှဲပေးလိုက်ပြီစသည့်ဖြင့်  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှား ဗွီဒီယိုတွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ပျံ့နှံ့လာခဲ့ပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “မအလ ကိုဖြုတ်ချပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးဖို့ ၁၀၀% အတည်ပြုပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link ဒီအပြင် အလားတူတဲ့ ဖြန့်ဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ ရပါတယ်။ အချက်အလက်စိစစ်ချက် နေပြည်တော်အချုပ်ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသေဆုံးမှု သတင်း ခေါင်းစဉ်တု

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသေဆုံးသွားပြီ ဆိုထားတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့နေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ပျော်လို့ရပြီ ပျော်လို့ရပြီ 😁 ဝန်ကြီးချုပ် လီရှန်လွန်းနှင့် နိုင်ငံခြားရေး ၀န်ကြီး George Yeo တို့သည် မြန်မာနိုင်ငံ ယာယီ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်း၏ ဈာပနအခမ်းအနား၌ စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ ဘလာဂျီ ဆာဒါဆီဗန် မှ […]

Continue Reading