Fact Check: တရုတ်နိုင်ငံကို ရဂီ မုန်တိုင်း ဝင်‌ရောက်မှု ဗွီဒီယိုလား- မဟုတ်ပါ

တရုတ်နိုင်ငံကို တိုင်ဖွန်းမုန်းတိုင်း ရဂီ(Yagi)ဝင်ရောက်တိုက်ခိုက်မှုလို့ဆိုထားတဲ့ ၂ မိနစ် ၅၃ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတွေထဲမှာ အဆောက်အဦးတွေကို လေဆင်နှာမောင်းဝှေ့ရမ်းဖျက်ဆီးသွားပုံ၊ အဆောက်အဦးခေါင်မိုးလန်သွားပုံတွေနဲ့ လေပြင်းတိုက်ခိုက်မှု မြင်ကွင်းတွေပါဝင်ပါတယ်။ တကယ်တော့ မှားယွင်းပြောမှုတွေဖြစ်နေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  “6.9.2024 မနေ့က တရုတ်နိုင်ငံ ကို ဝင်ရောက်‌နေတဲ့ Yagi မုန်တိုင်း အခြေအနေ” https://www.awesomescreenshot.com/video/31573260?key=ee8e330a8375215d8f3d56eefafbfc4b မူရင်းလင်ခ့် – Fb link | Archive link တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအပါအဝင် အရှေ့တောင်အာရှက ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ကို ဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ရဂီ(Yagi)ဟာ စက်တင်ဘာ ၂ ရက်မှာ […]

Continue Reading

Fact Check: အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားဆိုတဲ့ သတင်းတု

အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “အကျဉ်းသား ၂ သိန်းလွတ်ပြီ အင်းစိန်ထောင်သိမ်းခံလိုက်ရပြီ ရန်ကုန်မြို့တစ်ဝက်နီးပါး သိမ်းခံလိုက်ရပြီ” မူရင်းလင်ခ့် – Yotube link | Archive link အလားတူစွာပဲ ဒီချန်နယ်က အင်းစိန်မြို့ကို PDF ဝင်စီးပြီး ရန်ကုန်တမြို့လုံးတိုက်ပွဲပြင်ထန်းနေတယ်လို့ ဇူလိုင် ၂၂ ရက်မှာ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ထိုင်းဘာသာစကားနဲ့“สล็อต_น้าลิง”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ စလော့ဂိမ်းကြော်ငြာတွေနဲ့ သတင်း‌ ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ရခိုင်ပြည်နယ် မောင်ရွှေလေးရေတပ်စခန်းကို AA တိုက်ခိုက်မှု ဓာတ်ပုံလား- မဟုတ်ပါ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က တိုက်ခိုက်စဉ်မှာ နစ်မြုပ်ခဲ့တဲ့ မြန်မာရေတပ်သင်္ဘောဓာတ်ပုံလို့ဆိုလို ထားတဲ့ ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ဟယ်… မောင်ရွှေလေး ရေကူးနေကြပြီ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်စခန်းကို AA က လအနည်းငယ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်မှာ ဒီစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကြေညာပါတယ်။ မူလထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ […]

Continue Reading

Fact Check: NUG က မန္တလေးကို သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု

မန္တလေးမြို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်း နေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့နိုင်တယ်။  Also Read – Fact Check: မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့အဖမ်းခံရဆိုတဲ့ သတင်းတု “မန္တလေးမြို့ကို NUG သမ္မတ ဝင်ရောက် စစ်ကောင်စီတပ်တွေ အကုန်ထွက်ပြေး စစ်ဗိုလ်ချုပ်တွေ အိမ် ချိတ်ပိတ် ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်ဦးစီး ပြီး တိုက်နေပြီ” မူရင်းလင်ခ့် – Youtube link | […]

Continue Reading

Fact Check: TNLA ကိုအပစ်ရပ်ဖို့ မပြောဘူးလို့ တရုတ်ငြင်းဆိုပြီး မြန်မာပြည်သူတွေ ကို တောင်းပန်လိုက်သလား- မဟုတ်ပါ

TNLA ကိုအပစ်ရပ်ဖို့ မပြောဘူးလို့ တရုတ်ငြင်းဆိုပြီး မြန်မာပြည်သူတွေ ကို တောင်းပန်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု တခုသာဖြစ်တယ်။  “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်း နေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။ “မြန်မာပြည်သူကို တရုတ်တောင်းပန်ပြီ TNLA ကို အပစ်ရပ်ဖို့ တရုတ်က မပြောခဲ့ဘူးလို့ အတိအလင်း ကြေညာလိုက်ပြီ/ ဘောမတွေငိုလို့ရပြီ” ( မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “မန္တေလေးခေတ်သစ်”အမည်နဲ့ […]

Continue Reading

Fact Check: မြန်မာပြည်တွင်းရေး မစွက်ဖက်ဖို့ တရုတ်ကို အမေရိကန် သမ္မတ ပြင်းပြင်း ထန်ထန်သတိပေးဆိုတဲ့ သတင်းတု

မြန်မာပြည်တွင်းရေး မစွက်ဖက်ဖို့ တရုတ်ကို အမေရိကန် သမ္မတ ပြင်းပြင်း ထန်ထန်သတိပေးတယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုမှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖြန့်ဝေထားတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ပွဲ ရပ်ရန် ပြောတဲ့တရုတ် ပြဿနာတက်ပြီ နိုင်ငံကြီးတွေက တရုတ်ကို ပေါ်တင် သတိပေးလာပြီ မြန်မာ့အရေး ဝင်ရောက်စွပ်ဖက်မှု ကန်သမ္မတ ပြင်းထန် ဝေဖန်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်းခေါင်းစဉ်တုတွေတပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ […]

Continue Reading

Fact Check: ၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ရုပ်သံက ကြေညာခဲ့သလား- မဟုတ်ပါ

၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ စစ်တပ်က သူတို့ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံသတင်းက တဆင့် ကြေညာခဲ့တယ်လို့ ဆိုထား ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီပို့စ်တွေမှာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုကို လေ့လာရာမှာ အများစုက သရော်စာ တခုအဖြစ်သာ နားလည်ပေမဲ့ တချို့ကတော့ လျှပ်စစ်မီး ၂၄ နာရီ ပေးမယ်လို့ အမှန်တကယ်ကြေညာခဲ့သလားဆိုတာကို ဝေခွဲမရဖြစ်နေတာတွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “(၂၄)နာရီ လျှပ်စစ်မီး အပြည့်အဝ ပေး​တော့မည်ဖြစ်၍ မီတာခကိုပါ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာသွားသည်။😳😳” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ အကြောင်းအရာဟာ သရော်ထားခြင်းသာဖြစ်ပါတယ်။ ဒီလို ရေးသားမျှဝေထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကိုလေ့လာကြည့်မယ်ဆိုရင်လည်း […]

Continue Reading

Fact Check: တော်လှန်ရေးအင်အားစုတွေရဲ့ ဘဏ်အကောင့်တွေကို တရုတ် အစိုးရ ပိတ်သိမ်းတဲ့ သတင်းတု

တရုတ်မှာ တော်လှန်ရေးအင်အားစုတွေအပ်ထားတဲ့ငွေတွေကို တရုတ် အစိုးရ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီလိုဖြန့်ဝေနေတဲ့အထဲမှာ မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ NUG၊ MNDAA၊ KIA၊ AA၊ TNLA တို့ရဲ့ တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်တွေကို တရုတ်အစိုးရက ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ သတင်းတု တခု သာဖြစ်တယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ ဘဏ္ဏာရေးဌာနကလည်း ဒီသတင်းဟာ မဟုတ်မမှန်လို့ တုန့်ပြန်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကြားဖြတ်သတင်း MNDAA အပ်ထားသော တရုတ်အမျိုးသားများဘဏ်(CNB)နှင့် ယူနန်အစိုးရဘဏ်(YGB)မှ ယွမ် ၇.၈ဘီလီယံ  TNLA အပ်ထားသော ယူနစ်အစိုးရဘဏ်(YGB)မှ ၅ဘီလီယံ  AA အပ်ထားသော တရုတ်အစုစပ်ဘဏ်(CCB)မှ ၅.၈ ဘီလီယံ  […]

Continue Reading

Fact Check: မျောက်ကျောက်ရောဂါ ရန်ကုန်မှာ တွေ့ရှိတဲ့ သတင်းမှား

လေကြောင်းကတဆင့် ပြည်ပကပြန်လာတဲ့ ခရီးသွားတဦးထံကနေ မျောက်ကျောက်ရောဂါကူးစက်မှု ရန်ကုန်မှာ တွေ့ရှိရကြောင်း စစ်ကောင်စီကျန်းမာရေးအာဏာပိုင်တဦးက အတည်ပြုတယ်လို့ ဆိုပြီး ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်‌ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “၂၃/၈/၂၀၂၄  မနေ့က စပြီး ရန်ကုန်တိုင်းမှာ မျောက်ကျောက် ရောဂါ  စပြီးတွေ့ရှိရပြီလို့  ဒေါက်တာနန္ဒာဝင်း (တိုင်းကျန်းမာ)  ဆီက သတင်းရပါ တယ်။  လေဆိပ်ကနေဝင် လာတာလို့ သိရပါတယ်။ ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက အခုလိုမျိုး မျောက်ကျောက်ရောဂါကူးစပ်မှုနဲ့ ပတ်သက်ပြီး အတည်ပြုထုတ်ပြန်ထားတာမရှိပါဘူး။ အခုလို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ […]

Continue Reading

Fact Check: စစ်တပ်အမာခံ ပေါက်ကိုယ်တော် အလင်းဝင်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ ပေါက်ကိုယ်တော် အလင်းဝင်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။  “ပေါက်ကိုယ်တော်အလင်းဝင်ပီ မင်းအောင်လှိုင်၏လုပ်ရပ်များကိုမကြိုက် တော့သဖြင့်ပေါက်ကိုယ်တော်ပုံကန်ပီဟေ့ ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်ကူးယူ ဖော်ပြ ရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ လုပ်ကြံရေးသားကာ ဖြန့်ဝေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ […]

Continue Reading