Fact Check: နယ်စပ်က မြန်မာစစ်တပ်စခန်း ထိုင်းစစ်တပ်က ဝင်စီးပြီး စစ်သား ၁၂၀ ကျော်ကို ဖမ်းဆီးဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

နယ်စပ်က မြန်မာစစ်တပ်စခန်း ထိုင်းစစ်တပ်က ဝင်စီးပြီး စစ်သား ၁၂၀ ကျော် ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။ 

ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ 

“နယ်စပ်ရှိ မအလတပ်စခန်း ထိုင်းစစ်တပ် ဝင်စီး 

မအလစစ်ခွေး(၁၂၀) ကျော် ဖမ်းဆီးခံရ 

နယ်စပ်ရှိ မအလတပ်စခန်း ထိုင်းစစ်တပ်မှ ဝင်တိုက်၊ 

မြန်မာစစ်ခွေး(၁၂၀)ကျော် ထိုင်းစစ်တပ် ဖမ်းဆီး”(မူလအရေးအသား)

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ဓာတ်ပုံစာသားမှာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ထိုင်းစစ်တပ် က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၂၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုထားပြီး ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားမှု မှာတော့ ဒီလို စီးနင်းမှုအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ မြန်မာဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ထိုင်းဘက်က လုံခြုံရေးအရ စိုးရိမ်ရတဲ့အတွက် ခုလို စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး လေကြောင်းပစ်ကူတွေပါ အသုံးပြုခဲ့တယ်လို့ လည်း မှာ ဆိုပါတယ်။ 

ဒါပေမဲ့ ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ ထိုင်းအခြေစိုက် သတင်းမီဒီယာတွေမှာဖြစ်စေ မြန်မာဘာသာနဲ့ဖော်ပြတဲ့ သတင်းမီဒီယာတွေမှာဖြစ်စေ ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့  “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် လုပ်ကြံရေးသား ပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ရော‌နှောဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ ကြည့်ပါ။ 

သုံးသပ်ချက်

“Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ထိုင်းစစ်တပ်က မြန်မာစစ်တပ်စခန်းကို ဝင်ရောက်စီးနင်းပြီး စစ်သားတွေကို ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရတယ်။

Result Stamp

Title: Fact Check: နယ်စပ်က မြန်မာစစ်တပ်စခန်း ထိုင်းစစ်တပ်က ဝင်စီးပြီး စစ်သား ၁၂၀ ကျော်ကို ဖမ်းဆီးဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *