Fact Check: ရိုဟင်ဂျာတွေကိစ္စ AA ကို NUG ကရှုတ်ချမှုလုပ်ခဲ့သလား-မဟုတ်ပါ

ရိုဟင်ဂျာတွေကိစ္စ ရက္ခိုင်တပ်တော်(AA)ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ရှုတ်ချမှုလို့ဆိုပြီး ထုတ်ပြန်ချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ NUG ထုတ်ပြန်ချက်လို့ဆိုထားတဲ့ ထုတ်ပြန်စာထဲမှာ NUG လူ့အခွင့်အရေးဌာနက AA ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သူ၊ အဓမ္မစစ်သားစု‌ဆောင်သူ၊ ရိုဟင်ဂျာတွေကို အဓမ္မပြောင်းရွှေ့ခိုင်းသူ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပိတ်ပင်သူအဖြစ်ရေးသားထားပြီး ဒီအတွက် ရှုတ်ချထားကာ၊ AA ကိုအရေးယူနိုင်ဖို့ နိုင်ငံတကာကိုလည်း တိုက်တွန်းထားတယ်။ “ဘင်ကို ထိရင်တော့ NLD ဖြစ်ဖြစ်၊ NUG ဖြစ်ဖြစ် ဘယ်သူမှ သည်းငြီးမခံဘူးဆိုတာ AA သူပုန် သိသင့်တယ်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: BGF ‌ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုပြီး မျှဝေနေတဲ့ သတင်းမှား

BGF ‌ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုတယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ယူကျူ့မှာချန်နယ်တခုက ထပ်ခါတလဲ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါတယ်။ “BGF ခေါင်းဆောင် စောချစ်သူ  အဖမ်းခံရတဲ့သတင်း  ဗိုလ်ကြီးနေမျိုးဇင် ကြေညာလာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် KNA တဖြစ်လဲ BGF ခေါင်းဆောင် စောချစ်သူ အဖမ်းခံရတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း အခုဖြန့်ဝေနေတဲ့ “Update News Channel”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာ စစ်အာဏာရှင်တော်လှန်ရေးမှာ တက်ကြွလှုပ်ရှားနေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့live လွှင့် […]

Continue Reading

Fact Check: တရုတ်နဲ့ ကမ္ဘောဒီးယားစေ့စပ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဆိုတဲ့ သတင်းတု

တရုတ်သမ္မတနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ စေ့စပ်ပေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တရုတ်သမ္မတနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်စေ့စပ်မှု အမေစု ရာသက်ပန် လွှင်ခွင့်ရခဲ့ပြီ ကူညီပေးလို့ကျေးဇူးအထူးပါ၊ငါတို့နိုင်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မှာ လုပ်ကြံသတင်းတွေဖော်ပြနေတာ တွေ့ရပါ တယ်။ သတင်းသတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  ဒီအပြင် အခု ဗွီဒီယိုအစမှပြသတဲ့ ရုပ်သေဓာတ်ပုံထဲမှာ တရုတ်သမ္မတနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်စေ့စပ်မှုနဲ့ ‌ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့ ဆိုထားပေမဲ့ ဗွီဒီယိုထဲမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရာထူးမှ အနားယူတဲ့အကြောင်းမျှဝေထားပါတယ်။ သူ့နုတ်ထွက်သူကို အားလုံးက သဘောတူတဲ့အကြောင်းနဲ့ တနိုင်ငံလုံးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် […]

Continue Reading

Fact Check: မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ သတင်းတု

မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်တွေနဲ့  မအလရဲ့ စစ်ခွေးတွေကို  KIA က ရှယ်တီးလိုက်လို့  အလောင်းတွေ ဧရာဝတီမြစ်ထဲ ရာချီမျောကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို မျှဝေ ထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေ သို့မဟုတ် သတင်းတု ရေးသားဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ […]

Continue Reading

Fact Check:  အာဂျင်တီးနားက စစ်‌ခေါင်းဆောင်ကို သေဒဏ်ပေးတဲ့ သတင်းတု

အာဂျင်တီးနာတရားရုံးက မြန်မာစစ်ခေါင်းဆောင်ကို အမြင့်ဆုံးပြစ်ဒဏ် သေမိန့်ချလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေနေတာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတာတွေ့ ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားက‌တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုက ရယူထားခြင်းဖြစ်တယ်။ “အမြင့်ဆုံး ပစ်ဒဏ် သေမိန့်ကျပြီ  ဒေါ်စုကယ်ခဲ့တုန်းက စော်ကားပြီး အခုပြေးမလွတ်တော့ဘူး အဂျင်တီးနားနိုင်ငံရဲ့ ဖမ်းဝရမ်းနဲ့ စီရင်ချက်”(မူရင်းအရေးအသား) မူရင်းလင့်ခ် – Youtube link | Archive link အချက်အလက်စိစစ်ချက် အာဂျင်းတီးနားနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တယ် သို့မဟုတ် သေဒဏ်ချမှတ်လိုက် တယ်ဆိုတဲ့ အထောက်အထား သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖော်ပြချက်မရှိပါဘူး။ အခုလို အာဂျင်းတီးနားနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပြီး သေဒဏ်ချလိုက်တယ်လို့ ပြောဆိုမျှဝေထားတဲ့ “Local Times”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ပြီး […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက မဲခွဲဆုံးဖြတ်တဲ့ သတင်းတု

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက တိုက်ရိုက်မဲခွဲဆုံးဖြတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေနေတာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတာ တွေ့ ရပါတယ်။ သတင်းမှား ဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားက‌တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုက ရယူထားခြင်းဖြစ်တယ်။ မူရင်းလင့်ခ် – Youtube link | Archive link အချက်အလက်စိစစ်ချက် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက တိုက်ရိုက်မဲခွဲဆုံးဖြတ် တယ် ဆိုတဲ့ အကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ‌ ဖော်ပြချက်မရှိပါဘူး။ “Local Times”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဗွီဒီယိုထဲပါအကြောင်းအရာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လွတ်လပ်တဲ့အာရှအသံ(မြန်မာပိုင်း)အစီအစဉ်တင်ဆက်သူ […]

Continue Reading

Fact Check: စောချစ်သူခေါင်းဆောင်တဲ့ BGF အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက် ဆိုတဲ့ သတင်းမှား

ဗိုလ်မှူးကြီးစောချစ်သူခေါင်းဆောင်တဲ့ BGF တပ်ဖွဲ့ဟာ အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက်နေပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်။  KNLA နဲ့ PDF တပ်တွေ မြဝတီမြို့ကို ထိန်းချုပ်ခဲ့ပြီးနောက်မှာ မြန်မာစစ်တပ်က မြဝတီမြို့ ပြန်လည်စိုးမိုးရေး အတွက် အောင်ဇေယျစစ်ဆင်ရေးဆိုပြီး စစ်ဆင်ရေးတရပ်ဖော်ဆောင်ခဲ့ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာတွေ့ရပါတယ်။ “BGF ခေါင်းဆောင်ပွဲကြမ်းပီဟေ့  BGF ခေါင်းဆောင်စောချစ်သူမှ အောင်ဇေယျ  စစ်ကြောင်းကိုပြန်တိုက်ကုန်ပီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ အခုလိုဖော်ပြ ထားတဲ့ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: SME ဘဏ်ဟာ အွန်လိုင်းကနေ အလွယ်တကူချေးငွေ ထုတ်ချေးနေ သလား-မဟုတ်ပါ 

မြန်မာနိုင်ငံ အသေးစားအလတ်စားဖွံ့ဖြိုးရေးဘဏ်(SME Development Bank)ကနေ ချေးငွေတွေကို အွန်လိုင်း ကနေ အလွယ်တကူထုတ်ချေးပေးနေတယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းနေ တာတွေ့ ရပါတယ်။ SME Development Bank ရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီး ပုံမှားရိုက်ကာ ငွေကြေး လိမ်လည်နေတဲ့ စာမျက်နှာတွေဖြစ်တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ SME Development Bank ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန့်ရဲ့ အသေးစားအလတ်စားလုပ်ငန်းတွေကို ချေးငွေထုတ်ချေးနေမှုအခြေအနေကို ဖြေကြားနေတဲ့ ဗွီဒီယိုနဲ့အတူ အောက်ပါစာသားတွေလည်း ဖော်ပြထား တယ်။ တူညီတဲ့ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မဂ်လာပါ “”SME””Online မှတဆင့်ငွေချေးလုပ်ငန်း မှ ကြို ဆိုပါတယ် ပြည်တွင်း ကိုပိုင်စီးပွားရေးများအတွက် လူကြီးမင်းတို့လိုအပ်သလောက်အရင်းနီးငွေကို Online […]

Continue Reading

Fact Check: နို့ထွက်ပစ္စည်းက ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်စေ နိုင်တယ်ဆိုတဲ့ သတင်းမှား

Diaglusure က ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်ကင်းစေတယ်လို့ဆိုထားတဲ့ ပိုစ်တွေ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေပြီး ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ Diaglusure က နို့မှုန့်တမျိုးပဲဖြစ်ပြီး  နို့ရည်ကြည်က ဆီးချိုကို သက်သာစေနိုင်တယ်ဆိုတဲ့ ကနဦးတွေ့ရှိချက်ရှိပေမဲ့ ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိတာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “Diaglusure ဖြင့် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ လျှော့ချပါ။ 👉 တစ်နေ့လျှင် Diaglusure နို့ 2 ခွက်သာ သောက်ပါ ။ – လေဖြတ်ခြင်း၊ အသည်းပျက်ဆီးခြင်း၊ မျက်စိကွယ်ခြင်းစသည့် အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာများကို လုံးဝပျောက်ကင်းအောင် ကူညီပေးပါတယ်။ အင်ဆူလင်ခုခံမှုကို လျှော့ချပေးပါတယ်။ – ဆီးချိုရောဂါအမျိုးအစား ၁ […]

Continue Reading

Fact Check: BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရပြီး သေဆုံးဆိုတဲ့သတင်းတု

BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရလို့ ‌‌ဆေးရုံတင်ထားရတယ်၊ သေဆုံးသွားတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  ဒီယူကျူ့ချန်နယ်ကပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ BGF ခေါင်း‌ဆောင် စောချစ်သူကို စစ်ကောင်စီက ဖမ်းဆီး သတ်ပစ်လိုက်ပြီဆိုပြီးတော့ မျှဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ “စောချစ်သူ လုပ်ကြံခံကပီဟေ့ BGF ခေါင်းဆောင် စောချစ်သူလုပ်ကြံခံရသဖြင့်  အရေးပေါ်ဆေးရုံတင်ထားကတဲ့ဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Myawaddy News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မှာ ဒီချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ […]

Continue Reading