Fact Check: ရန်ကုန်မြို့ ဝင်စီးခံရပြီး ရန်ကုန်မြို့လယ်မှာ သေကုန်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ဝင်စီးခံလိုက်ရပြီး ရန်ကုန်မြို့လယ်မှာ သေကုန်ပြီလို့ဆိုလိုထားတဲ့ ဗွီဒီယို Local Celegram အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နှုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီမှာလည်း တွေ့ရတယ်။ ဆူးလေဘုရားလမ်းမှာ မီးလောင်‌ပေါက်ကွဲမှုကြီးတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားထားပါတယ်။ “ရန်ကုန် မြို့လယ်မှာ သေကုန်ပြီ လုံးဝ အပြင်မထွက်ကြပါနဲ့ ရန်ကုန်မြို့ ဝင်စီး ခံလိုက်ရပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီအကြောင်းကို  သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖြစ်စေ၊ တခြားယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: ၁ နာရီ မိုင် ၅၀၀ နှုန်းနဲ့တိုက်မယ့် မုန်တိုင်းကြီးဝင်မယ်ဆိုတဲ့ သတင်းတု

၁ နာရီ မိုင် ၅၀၀ နှုန်းနဲ့တိုက်မယ့် ဆိုင်ကလုန်းမုန်တိုင်းကြီး ၂၄ နာရီအတွင်း ဝင်ရောက်ဖို့ရှိလို့ မြို့ ၅ မြို့က နေထိုင်သူတွေ အမြန်ရှောင်ကြ  မိုးလေဝသခန့်မှန်းသူ ဆရာမ စုစုစံက သတိပေးထားတယ်လို့ ဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်ဖြစ်တယ်။  “၂၄ နာရီအတွင်း ဝင်တိုက်တော့မယ့်ဆိုင်ကလုန်းမုန်တိုင်းကြီး ၁နာရီမိုင်=၅၀၀ အခုကြေညာတဲ့မြို့ကြီး(၅)မြို့ အမြန်ပြေးပါ ဆရာမစုစုစံကိုယ်တိုင် အထူးသတိပေးပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလို အင်းအားပြင်း ဆိုင်ကလုန်းမုန်တိုင်းဝင်မယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်ကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။ မိုးလေဝသခန့်မှန်းချက်တွေ ပုံမှန်ထုတ်ပြန်ဖော်ပြနေတဲ့ […]

Continue Reading

Fact Check: ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်‌ရောက် အရေးယူမယ်လို့  ဦးရည်မွန်ပြောတဲ့ သတင်းတု

ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်‌ရောက် အရေးယူမယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့အကြောင်း ဖေ့စ်ဘွတ်မှာ ပို့စ်တခု ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့  ဓာတ်ပုံပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဓာတ်ပုံနဲ့အတူ ဓာတ်ပုံပို့စ်တခုအဖြစ် မျှဝေထားတာဖြစ်တယ်။ “တော်လှန်ရေးရန်ပုံငွေ ရှာဖွေရေးနဲ့ ပတ်သက်ပြီး မအိပန်ဆယ်လိုနဲ့ ထောက်ပို့တပ်သားများကို ဝေဖန်‌ရေးသား တိုက်ခိုက်နေသည့် မည်သူကိုမဆို အကြမ်းဖက်စစ်ကောင်စီကို အားပေးရာရောက်သဖြင့် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ရှိပါတယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီလိုပြောဆိုချက်ကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မတွေ့ရပါဘူး။ ဒီလိုပဲ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဖေ့စ်ဘွတ်မှာလည်း မတွေ့ရပါဘူး။ ဒီလိုဖော်ပြထားတဲ့ ပို့စ်ပိုင်ရှင်ရဲ့ […]

Continue Reading

Fact Check: အကယ်ဒမီ ဆုပေးပွဲ ဗုံးကြဲခံရတဲ့ သတင်းတု 

နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့  ၂၀၂၄ ခုနှစ် အကယ်ဒမီဆုပေးပွဲအခမ်းအနား ဗုံးကြဲခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအား‌ကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ စာသား ကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ပြောဆိုဖြန့်ဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “Breaking News အကယ်ဒမီ ဆုပေးပွဲ ဗုံးကြဲခံရပြီ ဘောမ အနုပညာရှင်တွေ အော်ငိုနေကြပြီ မင်းအောင်လှိုင်နဲ့ သူ့မိန်းမ တက်ရောက်နေလို့ ဗုံးကြဲတာဟု သိရ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် […]

Continue Reading

Fact Check: သောင်ရင်းတောင်းဆိုချက် ၁၀ ချက်ကို စစ်ကောင်စီသဘောတူပြီး နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်ခေါ်တဲ့ သတင်းတု

စစ်ကောင်စီက တော်လှန်ရေးအင်းအားစုတွေရဲ့ တောင်းဆိုချက် ၁၀ ချက်ကို သဘောတူလက်မှတ်ရေး ထိုးလိုက်ပြီးနောက် နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်နေပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “အချက် ၁၀ ချက် သဘောတူလိုက်ပြီ နိုင်ငံတစ်ဝန်းတပ်များအားလုံး နေပြည်တော်ပြန်နေပြီ စစ်ကောင်စီ လက်မှတ်ထိုးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်ကောင်စီက သောင်ရင်းသဘောတူညီချက်နဲ့ ပတ်သက်ပြီး သဘောတူလက်မှတ်ထိုး တယ်ဆိုတာ  ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ‌ဖော်ပြချက်မရှိပါဘူး။  ဒီလိုပဲ နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ကို ပြန်လာနေပြီဆိုတာလည်း သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay […]

Continue Reading

Fact Check: ရန်ကုန်မှာရှိတဲ့ ရခိုင်လူမျိုးအကုန်လုံး သတ်ဖြတ်ဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု

ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ အကုန်ပစ်သတ်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  “အရေးပေါ်သတင်းထူးကြီး လူမျိုးရေကြေငြာပြီ     (၁၃)ရက်နေ့ ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ  အကုန်ပစ်သတ်မည်ဟု မအလ အမိန့်ထုတ်ပြန်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit thit channel”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေတဲ့နေရာကို PDF ဝင်စီးပြီး ကယ်ထုတ်တဲ့ သတင်းတု

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ထားတဲ့ နေရာကို သိရှိပြီးနောက် PDF တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၈ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “မနေ့ညက ဖရဲသီး သတင်းပေးလို့ စစ်ကောင်စီ အမေစုကို ဖွက်ထားတဲ့နေရာ PDF တွေ  အင်အားအလုံးရင်းနဲ့ ဝင်စီးပြီး ကယ်တင်နိုင်ခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ “MCM”အမည်နဲ့ […]

Continue Reading

Fact Check: စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို AA သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို အာရက္ခတပ်တော်(AA)က သေဒဏ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၇ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “ဗိုလ်ချုပ် သူရိန်ထွန်း AA သေဒဏ်ပေး အသက်သွေးကြွေး ပြန်ဆပ်တာလို့ AA ကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ချန်နယ်ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေ အထူးသဖြင့် စာသားနဲ့ သတင်းတင်ဆက်မှုတွေကို ဗွီဒီယိုပုံစံပြောင်းလဲပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ […]

Continue Reading

Fact Check: ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်း တိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မိုးလေဝသ သတင်းမှား

ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်းတိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မိုးလေဝသ သတင်းမှားပို့စ်တခု နိုဝင်ဘာ ၁၈ ရက်က ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဆိုက်ကလုန်းမုန်တိုင်းထက်(၃)ဆပိုပြင်းမည် လူပေါင်း(၉)သန်းသေနိုင်တယ်တဲ့ အခုကြေညာတဲ့မြို့ (၉၃)ခု ချက်ချင်းရှောင်ကြပါ ၁၈/၁၉(၂)ရက်အတွင်းဝင်မည် ပညာရှင် ဦးဝင်းနိုင် အထူးသတိပေးကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: တရုတ်က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို သေဒဏ်ပေးတဲ့ သတင်းတု

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က သေဒဏ်ပေးလိုက် တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၁၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃၀၀၀ ကျော်ရရှိထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မအလနဲ့တရုတ်က MNDAA ခေါင်းဆောင်ကြီး  သေဒဏ် ဖုန်တာရွှင်ကို ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်ပြီ နားထောင်ရင်း မျက်ရည််တောင်ကျတယ်ဗျာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် […]

Continue Reading