မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာပိုင်နက်အတွင်းဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်လေတပ်ကရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး ဘင်္ဂလားဒေ့ရှ်တပ်သား ၄ဦးသေဆုံးတယ်တဲ့ပို့စ်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုတွေကြား ပျံ့နှံ့နေတာတွေရပါတယ်။

ဒီလိုရေးသာနေတဲ့ပို့စ်မှာ ပျက်ဆီးနေတဲ့ရဟတ်ယာဉ်ကိုယ်ထည်အပိုင်းအစတွေအနီးမှာ စစ်သည်တချို့ လုံခြုံရေးယူနေပုံ ကြည်ရှု့စစ်ဆေးနေပုံနဲ့အတူ ပုံအညွှန်းကို “ဒီနေ့ ဘကုန်းတပ်က ရဟတ်ယာဉ်တစ်စီး မြန်မာပိုင်နယ်စပ်အနား ခိုးကြောင်ခိုးဝှက်ကပ်လာတာ မြန်မာဘက်ကသိတော့ အတင်းပြန်မောင်းပြေးတာ TV tower နဲ့ငြိမိပြီးပျက်ကျပါလေရော... (၄)ကောင် မိုးမျှော်သွား သတဲ့.....”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းပို့စ်ကိုတော့ အောက်ကပါလင့်ခ်မှာလေ့လာကြည့်ရှု့နိုင်ပါတယ်။

မူရင်းလင့်ခ် - FB Link | Archive Link

အချက်အလက်စိစစ်ချက်

ဒီလိုရေးမျှဝေနေကြတဲ့ပို့စ်နဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေအပြင် နိုင်ငံတကာမီဒီယာတွေမှာပါ ဒီသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။ ဒါ့ကြောင့်ဒီပို့စ်မှာအသုံပြုထားတဲ့ပုံတွေကို Google ပုံရှာနည်းနဲ့ရှာဖွေရာမှာတော့ ဒီပုံတွေဟာ “bdnews24.com” ဆိုတဲ့ဝဘ်ဆိုဒ်မှာ ၂၀၁၃ခုနစ်၊ ဇူလိုင်လ ၃ရက်နေ့က “Army helicopter crashes”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်ရဟက်ယာဉ်တစ်စီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ “Dhamrai”ဒေသမှာ ပျက်ကျတဲ့ဆိုတဲ့အကြောင်း ရေးသားထားတဲ့သတင်းက သတင်းဓာတ်ပုံဖြစ်တာကိုတွေ့ရပါတယ်။ အထက်ပါပို့စ်မှာ ရေးသားသလိုမျိုး မြန်မာနယ်စပ်မှာမဟုတ်သလို စစ်သည် ၄ဦးကျဆုံးတယ်ဆိုတာလည်း မဟုတ်ပဲ အရာရှိနှစ်ဦး ဒဏ်ရာရတယ်လို့ပဲ “bdnews24.com”ရဲ့သတင်းမှာဖော်ပြထားတာကိုတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင် ပါတယ်။

မူရင်းလင့်ခ် - bdnews24 Link | Archive Link

အောက်ပါအတိုင်းပုံတွေကို နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။ ဘယ်ဘက်အခြမ်းက ပုံနှစ်ပုံကတော့ လက်ရှိအဖြစ်အပျက်အဖြစ်လိုသလိုရေးသားထားတဲ့ပုံဖြစ်ပြီး ညာဘက်အခြမ်းကပုံတွေကတော့ မူရင်းသတင်းကပုံတွေ ဖြစ်ပါတယ်။

ဒါ့အပြင်ဘင်္ဂလာဒေ့ရှ်နိုင်ငံအခြေစိုက် Fact Crescendoရဲ့ အချက်အလက်စိစစ်ရေးအဖွဲ့ကလည်း အခုရက်ပိုင်း အတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ရဟတ်ယာဉ်ပျက်ကျတဲ့ဖြစ်စဉ်မျိုးမရှိကြောင်း အတည်ပြုပါတယ်။ အထက်ပါ ပို့စ်မှာပါဝင်တဲ့ TV towerနဲ့ငြိပြီး ပျက်ကျရာက စစ်သည် ၄ဦး သေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းဖြစ်စဉ်ကတော့ ၂၀၀၂ ခုနစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀အကွာက ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်အနီးမှာ လေ့ကျင့်ပျံသန်းရင်းပျက်ကျခဲ့ကာ အရာရှိ ၄ဦး ကျဆုံးခဲ့တာ ဖြစ်တဲ့အကြောင်း ”dawn.com”ဆိုတဲ့ ဝဘ်ဆိုဒ်မှာ ၂၀၀၂ခုနစ် အောက်တိုဘာ ၂၁နေ့ ရက်စွဲနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီသတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

မူရင်းလင့်ခ် - DAWN Link | Archive Link

အလားတူသတင်းကို အိန္ဒိယအခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ “Zee News”က ရေးသားထားတာကိုလည်း ဒီနေရာမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါသေးတယ်။

အထက်ပါပို့စ်ကို မြန်မာနိုင်ငံရှိ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုသူတွေကြား ပြန်လည်မျှဝေသူတွေနဲ့ ပြန်လည်ကူးယူဖော်ပြသူတွေအများစုဟာ “globaldefensecorp”ဆိုတဲ့ ဝဘ်ဆိုဒ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က “Bangladesh Air Guard’s Helicopter crashed into Television Tower, 4 Killed”ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ သတင်းကို ပြန်လည်ကိုးကားမျှဝေနေတာကိုတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင့်ခ် - globaldefensecorp Link | Archive Link

“globaldefensecorp”ဝဘ်ဆိုဒ်ရဲ့ အထက်ပါဖော်ပြချက်ဟာ ၂၀၀၂ခုနစ်က ဖြစ်ခဲ့တဲ့သတင်းနဲ့ ၂၀၁၃ခုနစ်က ဖြစ်ခဲ့တဲ့ သတင်းဓာတ်ပုံကို တွဲသုံးထားပြီး လက်တလောဖြစ်သယောင် ဖော်ပြနေတာပဲဖြစ်ပါတယ်။ဒီဝဘ်ဆိုဒ်ကို ဝင်ရောက်လေ့လာရာမှာတော့ ဝဘ်ဆိုဒ်ထောင်တာ တစ်နှစ်ကျော်ကာလ ရက်ပေါင်း ၄၅၅ရက်သာရှိသေးတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ဒီလိုဝဘ်ဆိုဒ်မျိုးက သတင်းကို ပြန်လည်မျှဝေမယ်ဆိုရင်တော့ သတင်းအမှန် ဟုတ် မဟုတ်ကို လူမှုကွန်ယက်အသုံးပြုသူတွေအနေနဲ့ သတိထားသင့်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာပိုင်နက်အတွင်းဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်လေတပ်က ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး ဘင်္ဂလားဒေ့ရှ်တပ်သား ၄ ဦး သေဆုံးခဲ့တယ်တဲ့ သတင်းဟာ ၂၀၀၂ ခုနှစ်က သတင်းတစ်ခုဖြစ်ပြီး ဓာတ်ပုံ သတင်းဖော်ပြချက်ဖြစ်တာကိုတွေ့ရပါတယ်။

Avatar

Title:၂၀၀၂ ခုနှစ်က မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်ရဟတ်ယာဉ် ပျက်ကျ သတင်းကို လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်မျှဝေနေ

Fact Check By: Lynn Yu

Result: Misleading