Fact Check: ပုံစံ ၁၉ မှာ လက်မှတ်မထိုးသူတွေ နောက်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မပြုတော့ဘူးဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့မဲစားရင်းပုံစံ ၁၉မှာ လက်မှတ်မထိုးတဲ့ကိုယ်စားလှယ်လောင်းတွေကို နောက်ကျင်းပမဲ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ဘူးဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။

ဒီလိုရေးသားနေတဲ့ပို့စ်မှာ “ကြားရာအရပ်ကနေ အမြန်ဆုံးလက်မှတ်လာထိုးကြပါ 😊”လို့ ခေါင်းစဉ်နဲ့ 

“UEC ပြတ်သားပြီ ပြည်ထောင်စုလွှတ်တော် ၃၉၉ နေရာဖြင့် NLD အနိုင်ရကြောင်း UEC ထုတ်ပြန်။ အနိုင်ရပါတီ အစိုးရဖွဲ့ခွင့်ရှိပြီ။ ပုံစံ( ၁၉ )လက်မှတ်မထိုးသော အမတ်လောင်းများ နောက်တစ်ကြိမ် အမတ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ပါ။ UEC”လို့ ရေးသားနေကြတာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ ဒီလိုမျိုးပို့စ်တွေကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာကို တွေ့ရပါတယ်။

မူရင်းလင်ခ့် – FB Link  |  Archive Link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားနေတဲ့ပို့စ်နဲ့ပတ်သက်ပြီး တရားဝင်မီဒီယာတွေမှာ ဒီလိုသတင်းမျိုး ဖော်ပြထားတာမတွေ့ရပါဘူး။ နိုဝင်ဘာလ ၁၁ရက်နေ့မှာပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UECက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲဗွီဒီယိုဖိုင်ရဲ ၄၉မိနစ်နဲ့ ၄၃စက္ကန့်မှာတကြိမ်၊ ၁နာရီ၊ ၂၁မိနစ်မှာတကြိမ် ပုံစံ ၁၉မှာ လက်မှတ်မထိုးတဲ့ ကိုယ်စားလှယ်လောင်းတွေကို နောက်ပိုင်းမှာ Blacklistသွင်းတာမျိုးတွေ ရှိလာနိုင်လားဆိုတဲ့ မေးမြန်းချက်ကို ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က “လက်မှတ်မထိုးရင် မထိုးသူရဲ့ တာဝန်သာဖြစ်တယ်၊ ဥပဒေမှာလည်း ဒီအတိုင်းပဲပြဌာန်းထားတယ်၊ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ”လို့ ပြန်လည်ဖြေကြားသွားပြီး ပုံစံ ၁၉မှာ လက်မှတ်မထိုးသူတွေကို အရေးယူတာ၊ နောက်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မပြုတာတွေ စသဖြင့် လုပ်ဆောင်သွားမယ်ဆိုတာမျိုး ထည့်သွင်းပြောဆိုခဲ့တာမျိုးမတွေ့ရပါဘူး။ အောက်ပါလင့်ခ်မှာ သတင်းစာရှင်းလင်းပွဲ ဗွီဒီယိုဖိုင်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

ဒါ့အပြင် ပုံစံ ၁၉မှာလက်မှတ်မထိုးတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဥပဒေအရဘယ်လိုအခြေနေတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး  ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ ငြမ်းမီဒီယာ (The Nyang Media)က ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကိုဆက်သွယ်မေးမြန်းချက်မှာလည်း ဦးခင်မောင်မြင့်က ပုံစံ ၁၉မှာ လက်မှတ်မထိုးရင် မထိုးသူရဲ့တာဝန်သာဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ ရွေးကောက်ပွဲမဲရလဒ်တွေအပေါ်မှာ မလျှော်မကန်တဲ့နည်းနဲ့ သြဇာလွှမ်းမိုးဖို့ကြိုးစားတယ် ဒါမှမဟုတ် လိမ်လည် လှည့်ဖျားရင် လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၇အရ ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ် ၁ သိန်းအထိ ချမှတ်နိုင်တယ်ဆိုတဲ့အကြောင်း ဖြေကြားထားတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

မူရင်းလင်ခ့် – Web Link  |  Archive Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ပုံစံ ၁၉မှာ လက်မှတ်မထိုးတဲ့ကိုယ်စားလှယ်လောင်းတွေကို နောက်ကျင်းပမဲ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ဘူးဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

Avatar

Title:ပုံစံ ၁၉ မှာ လက်မှတ်မထိုးသူတွေ နောက်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မပြုတော့ဘူးဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *