ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ သတင်းမှား
ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Bo Aung Din အမည်နဲ့အကောင့်က “မှု့ခင်းနှင့်သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ “ရောဂါကာကွယ်ဆေးကို ရှာတွေ့ပါပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးပြီ”ဆိုပြီး ရေးသားမျှဝေထားပါတယ်။ Nay Min Khant အမည်နဲ့အကောင့်ကလည်း “သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ အလားတူမျှဝေထားပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link လင့်ခ်ကိုထောက်ပြီးတော့ဖတ်မယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာလင့်ခ်တွေ၊ ကံစမ်းမဲပေါက်ပြီးစတဲ့လင့်ခ်တွေဆီကို မျှားခေါ်နေသလိုခံစားရတဲ့ကြော်ညာတွေအလိုအလျှောက်ဝင်လာတဲ့ myanmartips ဆိုတဲ့ဝက်ဆိုဒ်ဆီကို ရောက်ရှိသွားပြီး အောက်ပါအတိုင်းရေးသားထားတာတွေ့ရပါတယ်။ “BPI (အင်းစိန်)၊ ဒီဆေးစက်ရုံက စက်မှု(၁)အောက်မှာရှိတဲ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံပါ။ ဆေး quality နဲ့အာနိသင် က အခုနိုင်ငံခြားကဝင်နေတဲ့ဆေးတေအားလုံးထက်သာပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဆေးစက်ရုံတစ်ခုရှ်တာ တကယ်ကိုတန်ဖိုးရှိပါတယ်။ အခုပြောချင်တာက […]
Continue Reading