Fact Check: လေဖြတ်တာကို လက်ထိပ်အပ်နဲ့ဖောက်ပြီး ကုသနိုင်သလား- မဟုတ်ပါ
လေဖြတ်လူနာကို လက်ထိပ်မှာ အပ်နဲ့ သွေးထွက်အောင်ဖောက်ပေးပြီး အိမ်မှာပဲ ကုသနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ရုတ်တရက် လေဖြတ်သွားတဲ့ လူနာကိုတွေ့ရင် ဒီနည်းလေးအတိုင်း ကယ်ဆယ်ပေးလို့ရတာမို့ သေချာဖတ်ရှုပြီး မှတ်သားထားကြပါနော်။လူတစ်ယောက် ရုတ်တရက်လေဖြတ်သွားပြီဆိုရင် ဦးနှောက်သွေးကြောတွေ တဖြည်းဖြည်းပြန့်ကားသွားတတ်ပြီး အရေးပေါ်ကုသပေးဖို့ လိုအပ်ပါတယ်။ အောက်ပါနည်းလမ်းလေးတွေက လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ် ပေးနိုင်ပါတယ်။ လေဖြတ်သွားတဲ့လူနာက ဘယ်နေရာမှာပဲရှိနေပါစေ လုံးဝနေရာမရွှေ့ပေး ပါနဲ့။ သင်သူ့ကို နေရာရွှေ့လိုက်မယ်ဆိုရင် ဦးနှောက်ထဲ သွေးယိုစိမ့်မှုဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ်။ အိမ်မှာ အေးထိုးအပ်ရှိရင် ပိုကောင်း ပါတယ်။ […]
Continue Reading
