Fact Check: ဟား၅ကောင်အလင်းဝင်သွားပြီဆိုတဲ့ သတင်းမှား

ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပြီး  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ “ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြန်ပြီ။ကြည့်ကြပါအုံးဟာ။စိတ်ဓာတ်တွေကျနေပြီ”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်နဲ့ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုထဲမှာ ဟား ၅ ကောင် အလင်းဝင်သွားပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တစ်ခုဖြစ်တဲ့ “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကသတင်းမှားဖြန့်ဝေနေတာကို ဟား ၅ ကောင်အဖွဲ့ဝင် တိုးကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် အကောင့်ကနေ ဒီဇင်ဘာ ၂၃ ရက်က တုန့်ပြန်ခဲ့တာကို ဖော်ပြထားခြင်းပါတယ်။ လူရွှင်တော်ကလည်း တိုင်းကျော် ၂၀၂၃ ခုနှစ်၊ […]

Continue Reading

Fact Check: စစ်တပ်ခန့်သမ္မတဦးမြင့်ဆွေ ရာထူးမှနုတ်ထွက်ဆိုတဲ့သတင်းခေါင်းစဉ်တု

စစ်တပ်ခန့် သမ္မတ ဦးမြင့်ဆွေ ရာထူးကနုတ်ထွက်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိရာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ “၁ရက်နေ့ထခုန်လို့ရပြီ။ စကစသမ္မတမြင့်ဆွေနှုတ်ထွက်။၂၈နာရီအတွင်းအားလုံးပြောင်းလဲတော့မယ်”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှ ဝေထားရာမှာ ဒီပို့စ်ကို မျှဝေမှုပေါင်း ၁၁၀၀ ကျော်၊ ကြည့်ရှု့မှုပေါင်း ၅ သိန်း ၇ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုရအောင် လှည့်စားထားတဲ့ သတင်းခေါင်းစဉ်အတုနဲ့ ဗွီဒီယို သာဖြစ်ပါတယ်။ ၁၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုပါအကြောင်းအရာဟာ တကယ်တော့ ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ […]

Continue Reading

Fact Check: NUG နဲ့ စကစ အာဏာလွှဲပြောင်းသဘောတူစာချုပ်လက်မှတ်ထိုးတဲ့ သတင်းမှား

NUG နဲ့ စကစ အာဏာလွှဲစာချုပ်လက်မှတ်ထိုးလိုက်ပြီလို့ MRTVကနေကြေညာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ အောက်ပါ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပုံစံပို့စ်ရဲ မြင်ကွင်း screenshot ဖြစ်ပါတယ်။ “အာဏာလွှဲစာချုပ်MRTVကနေကြေငြာပြီ။အချိန်၃မိနစ်ပေးနားထောင်ကြည့်”လို့ရေးထားသားပြီး ဗွီဒီယိုထဲမှာလည်း “NUG နဲ့ နစက သဘောတူလက်မှတ်ထိုးပြီ ၂၅ ရက် MRTV သတင်းမှာကြေငြာပြီ အာဏာလွှဲစာချုပ် ဝမ်းသာလိုက်တာ”စသည်ဖြင့်ရေးသားရာ ဒီဗွီဒီယိုပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ ရာဂဏန်းကမျှဝေခဲ့ကြပြီး ကြည့်ရှူ့မှုပေါင်း ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီပို့စ်ဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြာ ထင်ယောင်ထင်မှားဖြစ်စေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်တပ်က အာဏာပြန်လွှဲပြီ၊ စစ်တပ်နဲ့ NUG သဘောတူညီမှုရပြီ စတဲ့အကြောင်းအရာတွေဟာ မကြာခဏ ဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ […]

Continue Reading

Fact Check: ဗမာအိမ်နဲ့ ရှမ်းအိမ်တွေ မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြောတဲ့သတင်းမှား

ကချင်လွတ် မြောက်ရေး တပ်မတော် ( KIA )အဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ဗမာအိမ်နဲ့ ရှမ်းအိမ်တွေကို မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်က  ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “KIA သူပုန်တို့ရဲ့ မီးရှို့အကျင့်”လို့ခေါင်းစဉ်တပ်ရေသားထားတဲ့ ဒီပို့စ်တွေမှာ “KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှို့နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။  သူတို့မီးရှို့ရတဲ့ရည်ရွယ်ချက်က စစ်ကြောင်းတွေ လိုက်မလာနိုင်ဖို့ရယ်၊ ဗမာ/ရှမ်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရယ်၊ KIA စခန်းတွေကို ထိုးစစ်မဆင်နိုင်ဖို့ရယ်ပါ။”စသည်ဖြင့် ရေးသားပြီး “Delta News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  ထို့အပြင် ဗိုလ်ချုပ်ဂွမ်မော်ဓာတ်ပုံနဲ့ အတူ “မင်းတို့ မြဲမြဲမှတ်ထားရမှာက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ခံမချပါနဲ့။ ထွက်ပြေးကြ။ ပြီးရင် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် လွတ်ပြီး နေအိမ်ပြန်ရောက် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

စစ်ကောင်စီ က မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်သို့ ပြန်ရောက်နေပြီလို့ ခေတ်သစ်သတင်းဌာနက အတည်ပြု ကြေညာခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်း‌ခေါင်းစဉ်တုအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်သတင်းကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ အမေစုနဲ့သမ္မတကြီးလွတ်ပြီးနေအိမ်ပြန်ရောက်နေပြီလို့ ခေတ်သစ်အတည်ပြုကြေညာ”လို့ရေးသားပြီး “ Thearith Ñøçh ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်ပြန်ရောက်နေပြီဆိုတဲ့ […]

Continue Reading

Fact Check: သမ္မတဘိုင်ဒန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာလွှဲပေးမယ်လို့ တောင်းပန်တဲ့သတင်းတု

အမေရိကန်သမ္မတဘိုင်ဒန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာလွှဲပေးမယ်လို့ တောင်းပန်စာပို့ တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “ဘိုင်ဒန်ကိုမအလတောင်းပန်စာပို့။အာဏာလွှဲဖို့၁၀၀%သေချာသွားပြီ”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု က ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၂၀၀ ကျော်ရှိပါ တယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ အတွေးအမြင်ပို့စ်တစ်ခုကို ပြန်လည်ဖတ်ကြား နေခြင်း ဖြစ်တယ်။ နိုင်ငံသားအကျဉ်းသားတွေလွှတ်ပေးဖို့အပါအဝင် မြန်မာအ‌ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်အပြီးမှာ သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာတော်လှန်‌ရေးအဖွဲ့တွေကို ထောက်ပံ့ကူညီရေးပါဝင်တဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေး အက်ဥပဒေ(NDAA)ကို လက်မှတ်ထိုးလိုက်တဲ့အ‌ပေါ် တိုက်ဆိုင်မှုမဟုတ်ကြောင်း ဒီဆောင်းပါမှာ ရေးသားထားတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးရဲ့ […]

Continue Reading

Fact Check: အောင်ဆန်းစုကြည်ကွယ်လွန် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်သေတာကို ပြည်သူတွေ ဆူကုန်မှာစိုးလို့ စစ်တပ်ကထုတ်မပြောခဲ့ပေမဲ့ Khit Thit သတင်းဌာနက ည ၆ နာရီ မှာ သဂြိုလ်လိုက်တယ်လို့ပြောမှသိရတယ်လို့ဆို ဗွီဒီယို သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်းတုဖြန့်ချိမှုဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူမကိုထောက်ခံသူတွေက အမေစု၊ အမေလို့ တင်စားခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ဆိုပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာလည်း  သတင်းအတုတွေ ပျံနှံခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထပ်မံဖြန့်ဝေလာတာဖြစ်ပါတယ်။ “ပြည်သူဆူကုန်မှာစိုးလို့အမေသေတာအခုမှသိရတယ် ၆နာရီတိတိမှာသဂြိုလ်လိုက်ပြီတဲ့။”လို့ရေးသားပြီး“B BO”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထား ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေရာမှာ ၄ မိနစ်ကျော်ရှည်လျားတဲ့ […]

Continue Reading

Fact Check: စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေဆိုတဲ့ ဝါဒဖြန့်သတင်းမှား

စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ  ထင်ရှားတဲ့အကြောင်းအရင်း တွေလို့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဝါဒဖြန့်သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ပျံ့နှံ့လျှက်ရှိတဲ့ ဗွီဒီယိုထဲမှာ စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ  ထင်ရှားတဲ့အကြောင်းအရင်း ၅ ချက်ဆိုပြီးတော့ ထုတ်နှုတ်ဖော်ပြထားပြီး အဓိကအားဖြင့်တော့ ကချင်လူမျိုးတွေ မဟုတ်ဘဲ ဗမာလူမျိုးတွေဖြစ်နေတာကြောင့် ဗမာရွာတွေကို မီးရှိုနေ့ရခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ အောက်ပါပို့စ်ကတော့ ဒီပြောဆိုချက်ပါတဲ့ ဗွီဒီယိုကို ဖြန့်ဝေနေပုံကို တွေ့ရှိရတဲ့ screenshot  ဖြစ်ပါတယ်။ “ဘာကြောင့် စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေတာလဲ? အကြောင်းရင်းများစွာရှိပါတယ် 2 min စာ video လေးကို အစဆုံးနားထောင်ကြည့်လိုက်ပါ အဖြေပေါ်ပါလိမ့်မယ်”လို့ ရေးသားပြီး “Ko Hla Shwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  […]

Continue Reading

Fact Check: နိုင်ငံတကာဖိအားကြောင့် အာဏာလွှဲလိုက်ပြီလို့ NUG ကိုယ်တိုင်ပဲ ထုတ်ပြန်ဆိုတဲ့ သတင်းတု

နိုင်ငံတကာဖိအားတွေမခံနိုင်တော့လို့ စစ်တပ်က အာဏာလွှဲလိုက်ပြီး NUG ကိုယ်တိုင်ပဲ ထုတ်ပြန်လိုက် တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ယနေ့ဖြန့်ဝေလာပါတယ်။ သတင်းတုဖြစ်ပါတယ်။ “December 24, တနိုင်ငံလုံအောင်ပွဲခံလို့ရပြီ”လို့ ရေးသားပြီး “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ “ညနေပိုင်းထူးရှယ်သတင်း နိုင်ငံတကာဖိအားမခံနိုင်လို့ အခုပဲအာဏာလွှဲလိုက်ပြီတဲ့ NUG ကိုယ်တိုင်အခုပဲထုတ်ပြန်”စသည်ဖြင့်လည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်သေဓာတ်ပုံက စာသားမှာလည်း ရေးသားထားပြီး NUG သမ္မတ ဓာတ်ပုံနှင့်အတူတကွက်ဖော်ပြထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “နိုင်ငံတကာဖိအားတွေမခံနိုင်တော့လို့ အာဏာလွှဲလိုက်ပြီး NUG ကိုယ်တိုင်အခုပဲထုတ်ပြန်”လို့ ဗွီဒီယို ဖိုင်ထဲမှာရေးသထားပေမဲ့ ဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဒီအကြောင်းအရာတစ်စုံတရာမပါဝင်ပါဘူး။ ဗွီဒီယိုတစ်ခုလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်၊ပျူစောထီးတွေအကြား နိုင်ငံတဝှမ်းတိုက်ပွဲဖြစ်ပွားမှုတွေ သတင်းတွေ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်ပေးဖို့ တရုတ်သမ္မတတောင်းဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆိုလိုက်တယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “အမေစုကိုလွှတ်ပြီး NLD ကိုအာဏာပြန်လွှဲပေးရန် တရုတ်သမ္မတ တောင်းဆို”လို့ လည်း ပို့စ်စာသားမှာရေးသားထားသလို ဒီယိုအစမှာလည်း တရုတ်သမ္မတ “အမေစုကိုလွှတ်ပြီး NLD ကိုအာဏာ ပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆို” စသည့်ဖြင့်ရေးသားထားပါတယ်။ ထို့အပြင် “NUG ကိုတရားဝင်အစိုးရ တင်မြှောက်ပွဲ မနက် ၉ နာရီမှာ အာဆီယံလုပ်မယ်လို့ကြေညာ”လို့လည်းရေးသား ထားပါတယ်။ “Thearith Ñøçh”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading