Fact Check: စစ်ကိုင်းကျွန်းလှတိုက်ပွဲက ဓာတ်ပုံတွေကို ရခိုင်ပြည်နယ် မောင်းတော တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေအဖြစ်ပျံ့နှံ့
ရခိုင်ပြည်နယ် မောင်းတောတိုက်ပွဲ (မိုင်တိုင်မှတ် ၃၅ )မှ သိမ်းဆည်းရမိသော စစ်ကောင်စီဘက်မှ လက်နက်ခဲ ယမ်းများဟုဆိုကာ လက်နက်ခဲယမ်းပုံ၊ စီတန်းထောင်ထားတဲ့ လက်နက်ပုံတွေနဲ့ တပ်မ ၃၃ တံဆိပ်နဲ့ စစ်ကောင်စီဝတ်စုံတွေကို ရိုက်ယူထားတဲ့ ဓာတ်ပုံ ၃ ပုံဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု့ရှိခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဩဂုတ်လ ၂၈ရက် နေ့က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်စဉ်ကပုံများဖြစ်ပါတယ်။ ” ၉.၉.၂၀၂၂ မောင်တော(မိုင်တိုင်မှတ်၃၅) တိုက်ပွဲတွင်သိမ်းဆည်းရမိသော စကစလက်နှက်ခဲယမ်းများ စကစဖက်မှ၃၀ထက်မနည်းကျဆုံးပြီး အရှင်၃ကောင်ဖမ်းမိ” ဆိုပြီး ဓာတ်ပုံဟောင်းကို အသုံးပြုပြီး “ 𝐓𝐇𝐀𝐍 𝐓𝐖𝐀𝐍 𝐒𝐎𝐄 – 𝐏𝐑𝐀𝐘 𝐓𝐖𝐀𝐍 “ဆိုတဲ့အကောင့်အမည်နဲ့ ဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive […]
Continue Reading