
ရခိုင်ပြည်နယ် မောင်းတောတိုက်ပွဲ (မိုင်တိုင်မှတ် ၃၅ )မှ သိမ်းဆည်းရမိသော စစ်ကောင်စီဘက်မှ လက်နက်ခဲ ယမ်းများဟုဆိုကာ လက်နက်ခဲယမ်းပုံ၊ စီတန်းထောင်ထားတဲ့ လက်နက်ပုံတွေနဲ့ တပ်မ ၃၃ တံဆိပ်နဲ့ စစ်ကောင်စီဝတ်စုံတွေကို ရိုက်ယူထားတဲ့ ဓာတ်ပုံ ၃ ပုံဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု့ရှိခဲ့ပါတယ်။
တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဩဂုတ်လ ၂၈ရက် နေ့က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်စဉ်ကပုံများဖြစ်ပါတယ်။
” ၉.၉.၂၀၂၂ မောင်တော(မိုင်တိုင်မှတ်၃၅) တိုက်ပွဲတွင်သိမ်းဆည်းရမိသော စကစလက်နှက်ခဲယမ်းများ စကစဖက်မှ၃၀ထက်မနည်းကျဆုံးပြီး အရှင်၃ကောင်ဖမ်းမိ” ဆိုပြီး ဓာတ်ပုံဟောင်းကို အသုံးပြုပြီး “ 𝐓𝐇𝐀𝐍 𝐓𝐖𝐀𝐍 𝐒𝐎𝐄 – 𝐏𝐑𝐀𝐘 𝐓𝐖𝐀𝐍 “ဆိုတဲ့အကောင့်အမည်နဲ့ ဖြန့်ဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အလားတူ တူညီတဲ့ရေးသားမှုမျိုးနဲ့ ဖြန့်ဝေနေတဲ့ ပို့စ်တွေကို ဒီနေရာ ၊ ဒီေနရာ ၊ ဒီေနရာ မှာကြည့်ပါ။
အချက်အလက်စိစစ်ချက်
Google မှာ ဓာတ်ပုံရှာနည်းကို အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဩဂုတ်လအတွင်းက စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဖြစ်ပွားတဲ့ ဖြစ်စဥ်ကပုံ ဖြစ်ပါတယ်။ ဒီသတင်းကို မဇ္စျိမသတင်းဌာနက ဖော်ပြထားတာကို တွေ့ရပါတယ်။

မူရင်းလင်ခ့် –Mizzima Burmese| Archive link
ထိုပြင် “ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့”၏ တင်ပြထားသည့်ပို့စ်တွင်လည်း “23-8-2022ရက်နေ့ မနက်၉နာရီခွဲခန့် ကန့်ဘလူ-ကျွန်းလှ-ကောလင်း(၃)မြို့နယ်အစပ်ရှိ အောင်ချမ်းသာရွာအနီး ဖြစ်ပွါးခဲ့သောတိုက်ပွဲမှ စခများ သေဆုံးနေတဲ့ပုံနှင့် သိမ်းဆည်းရမိတဲ့ လက်နက်ပုံတွေပါ။လိုင်းအခက်အခဲကြောင့် စောင့်နေတာ ကြာသွားတယ်။ ဒါတောင် ပုဇင်းလာလို့ အကုန်မရိုက်ခဲ့ရဘူးနော်။ဘယ်ဟာက မိဿလင်လဲ၊ချင်းလဲဆိုတာ မြင်နိုင် ကြပါစေဗျာ” လို့ ဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြခဲ့တာကိုလည်း ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဒီဓာတ်ပုံတွေအသုံးပြုထားတဲ့ ဖြစ်စဉ်ဟာ ဩဂုတ်လ ၂၈ရက်နေ့က စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်က ပုံတွေ ဖြစ်ပါတယ်။

Title:Fact Check: စစ်ကိုင်းကျွန်းလှတိုက်ပွဲက ဓာတ်ပုံတွေကို ရခိုင်ပြည်နယ် မောင်းတော တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေအဖြစ်ပျံ့နှံ့
Fact Check By: Zun ZeeResult: Misleading