Fact Check: တော်လှန်ရေးအင်အားစု၃သိန်းနဲ့နေပြည်တော်ဝင်သိမ်းနေလို့ ရွှေ့ပြောင်းပါဆိုတဲ့ သတင်းမှား

စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေက အင်အား ၃ သိန်း နဲ့ ဝင်သိမ်းနေတဲ့အတွက် နေပြည်တော်က ပြည်သူတွေ နာရီဝက်အတွင်း ပြေးကြပါလို့ နားလည်ရတဲ့သတင်းတုသတင်းမှား  ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုတွေအကြားဖြန့်ဝေနေပါတယ်။ “မနေ့ကပဲစစ်ကြေငြာ။ခုပဲအင်အား၃သိန်းနဲ့ဝင်သိမ်းနေလို့နေပြည်တော်ကပြည်သူများနာရီဝက်အတွင်းပြောင်းရွှေ.ပါ”လို့ ရေးသားပြီး “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုကိုလေ့လာကြည့်ရာမှာလည်း ၂ မိနစ်ကျော်စာရှိတဲ့ဗွီဒီယိုထဲမှာ အင်အား ၃ သိန်းနဲ့  နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့အကြောင်းအရာ တစ်စုံတစ်ရာမပါဝင်ပါဘူး။ ဓာတ်ပုံထဲမှာ နိုင်ငံခြားသတင်း ဌာနတစ်ခုက အစီအစဉ်တင်ဆက်သူတစ်ဦးဓာတ်ပုံကို အသုံးပြုထားပြီး ဗွီဒီယို အသံဖိုင်မှာ […]

Continue Reading

Fact Check: KNU က ထိုင်းရဲကို ဗုံးခွဲတိုက်ခိုက်လို့ ဒုက္ခသည်စခန်းများ မထားရန် ထိုင်းပြည်သူတွေတောင်းဆိုတဲ့သတင်းမှား

ထိုင်းနိုင်ငံမှာ  လမ်းဘေးဗုံးပေါက်ကွဲပြီး ရဲအရာရှိတစ်ဦးသေဆုံးမှုကြောင့် ကရင် အမျိုးသားအစည်းအရုံး (KNU)နဲ့ဆက်နွယ်နေသည့် ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူများက တောင်းဆိုနေတယ်ဆိုပြီး  ရေးသားဖြန့်ဝေနေတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ခွဲထွက်အဖွဲ့က  ၂၀၁၉ ခုနှစ်အတွင်းမှာ ဗုံးခွဲတိုက်ခိုက်မှုက ဓာတ်ပုံကဖြစ်ပါတယ်။  “ထိုင်းဝန်ကြီးချုပ်ပရာယွတ်အာဏာပြန်ရ လျင်ရခြင်း အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန် ************************************** 30-9-2022 ထိုင်းနိုင်ငံ လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲအရာရှိတဦးသေဆုံးခဲ့မှု အပေါ်  ဆက်စပ်မှု အဖြစ်  ပြဿနာဖြစ်ပွားရာ    KNU ဆက်နွယ် သော     ဒုက္ခသည်စခန်းများ မထားရန် ထိုင်း ပြည်သူများတောင်းဆိုချက်အရ.  KNU ဒုက္ခ သည်စခန်းတွေကို ထိုင်းစစ်တပ်မှဝင်ရောက် စီးနင်းရှာဖွေနေသည် ၊ လတ်တလောပိတ်ဆို့မှုအရ ထိုင်း/မြန်မာနယ်စပ်   တလျောက်  ထိုင်းစစ်တပ် […]

Continue Reading

Fact Check: USDP ဉက္ကဌ ဦးခင်ရီ သေနတ်နဲ့ပစ်သတ်ခံရဆိုတဲ့ သတင်းတု သတင်းမှား

မကြာသေးခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို့ရေးပါတီ(USDP)ဉက္ကသစ်ဖြစ်လာတဲ့ ဦးခင်ရီ အောက်တိုဘာ ၁ ရက်ကလုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်မှာဖြန့်ဝေလျက်ရှိတယ်။ ခေါင်းစဉ်အတု အမှားနဲ့ ထင်ယောင်ထင်မှားဖြစ်အောင်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “ဦးခင်ရီ အလောင်းပေါ်ပြီ”လို့ ရေးသားပြီး “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ဗွီဒီယိုထဲက ရုပ်သေဓာတ်ပုံထဲမှာလည်း လည်း “မအလ ပေါက်ကွဲနေပြီ ၁ ရက်နေ့ ဦးခင်ရီ ခေါင်းဒဲ့ချိန်ပစ်သတ်ခံရ အရေးပေါ်ကြေညာချက် ထုတ်ပြန်”စသည်ဖြင့် ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို youtube ရဲ့ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာကို စိစစ်ကြည့်ရာမှာ စစ်တပ်ခန့် လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး နေရာကနေ အနားပေးခံရပြီးနောက် သူ့ကို စစ်တပ်ခေါင်းဆောင်က တာဝန်ပေးသယောင်လုပ်ပြီး USDP ဉက္ကဌ နေရာကို […]

Continue Reading

Fact Check: ဖရူဆိုမှာ ပြည်သူပိုင်နွားတွေကို ကရင်နီအကြမ်းဖက်အုပ်စုက ခိုးယူ သတ်ဖြတ်ဆိုတဲ့ သတင်းမှား

ဖရူဆိုမြို့နယ်မှာ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ်ယူ ဆောင်နေတယ်ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ “Sept 25 “ဖရူဆိုမြို့နယ်၌ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ် ယူဆောင်နေဟုဆို” ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၌ တောင်သူလုပ်ကိုင် စားသောက်နေသည့် ပြည်သူများ၏ နွားများကို ကရင်နီ အကြမ်းဖက်အုပ်စု (KNDF) က အတင်းအဓမ္မ သတ်ဖြတ်ယူဆောင်နေကြပြီး ဟန့်တားသော ရွာသူရွာသားများကို မသေရုံတမယ် ရိုက်နှက်မှုများ ပြုလုပ်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။ “ကျွန်တော်တို့မှာ ဒီနွားလေးတွေနဲ့ လုပ်စားနေရတာပါ။ အဲဒါကို သူတို့အဖွဲ့အတွက် ဟင်းစားမရှိရင်လည်း သူတို့ကြိုက်တဲ့နွားကို သတ်ပြီးယူတတ်ကြတယ်။ တစ်ခါတစ်လေ ဆက်ကြေးတောင်းတဲ့အခါ ပေးစရာ မရှိရင်လည်း နွားကို သေနတ်နဲ့ပစ်သတ်ပြီး ယူသွားကြပါတယ်။ ဒါလေးပဲရှိတာမို့လို့ မယူပါနဲ့လို့ ပြောပြန်တော့လည်း […]

Continue Reading

Fact Check: NUG အမှတ်တံဆိပ်ကွန်ဒုံးဆိုတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံ

PDF တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ကွန်ဒုံးထုတ်လုပ်ရောင်းချနေတယ်ဆိုတဲ့ ဓာတ်ပုံပို့စ် တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ အမျိုးသားတစ်ဦးက အနီရောင်ကွန်ဒုံး အထုပ်တစ်ထုပ်ကိုင်ထားပြီး ကွန်ဒုံးထုပ်ဖော်မှာ NUG Condom လို့ရေးသားထားတာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ဓာတ်ပုံသာဖြစ်ပါတယ်။  “တော်လှန်ရေးအတွက် တောထဲရောက် တောတွင်းစိတ်ပေါက်ကာ ပဒက်မတွေ နေဆိုမောင်းဆွဲ ညဆိုပေါင်ဖြဲကြသောကြောင့် မွေးဖွားနှုန်းတွေများလာသဖြင့် NUG မှ ကာကွယ်ဖို့အတွက်ရော  တလရ အတွက်ပါ အဖော်များ ထုတ်လုပ်ရောင်းချလျက်ရှိ #banyunt”လို့ ရေးသားပြီး “ကိုအေး ချမ်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်အာဏာရှင် တော်လှန်ရေးလုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အမျိုးသမီးတွေကို တိုက်ခိုက်ဖို့အတွက် […]

Continue Reading

Fact Check: NUG, PDF တွေကို ကုလ လူ့အခွင့်အရေးမဟာမင်းကြီး ရှုတ်ချဆိုတဲ့ သတင်းမှား

NUG နဲ့ PDF တွေရဲ့အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်ဖို့လိုနေတယ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြစ်တင်ပြောဆိုလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ အာဏာသိမ်းအပြီး စစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ယာယီမဟာမင်းကြီး နာဒါ အယ်လ်နာရှစ်က တင်ပြသွား တာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ဖေ့စ်ဘွတ်ပို့စ်ပါ စာသားတွေပဲဖြစ်ပါတယ်။ “ဆိုးဝါးတဲ့NUG,PDFအကြမ်းဖက်မှုတွေကြုံနေတဲ့ မြန်မာနိုင်ငံအခြေအနေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလမဟာမင်းကြီးပြော ~~~ (ဝါရှင်တန်ဒီစီ) ■  မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ NUG,PDF တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကမ္ဘာပျက်သလို ဆိုးရွားတဲ့ အခြေအနေတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ရေရှည်ဖြစ်ထွန်းတဲ့ တိုးတက်မှု အခြေအနေ တွေဆီကို ပြန်ရောက်အောင်လုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ […]

Continue Reading

Fact Check: ရွေးကောက်ပွဲဝင်မယ့်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ NUG က PDF ကိုညွှန်ကြားဆိုတဲ့ သတင်းတုသတင်းမှား

ထွက်ပေါက်မရှိတဲ့ နစက အတွက် ရွေးကောက်ပွဲဟာ တစ်ခုတည်းသော ထွက်ပေါက်မို့ ရွေးကောက်ပွဲမဖြစ်အောင် နိုင်ငံရေး၊စစ်ရေးအပါအဝင် အခြားနည်းလမ်းတွေနဲ့တားဆီးသွားဖို့ NUG က PDF တပ်ဖွဲ့တွေကိုညွှန်ကြားချက် ဆိုတဲ့ စာတစ်စောင်ပျံ့နှံ့လျှက်ရှိပါတယ်။ ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တွေမှာ “NUG မှ PDF တပ်ဖွဲ့များအား လျှို့ဝှက်ညွှန်ကြားခြင်း” လို့ခေါင်းစဉ်တပ်လျှက် USDP၊ NUP နဲ့ PPP တို့ ၏လက်ရှိလှုပ်ရှားနေမှုများ စောင့်ကြည့်ပြီး ပါတီတာဝန်ရှိသူတွေကို စုံစမ်းပြီး စာရင်း ရယူထားရန်မှအစ  ရွေးကောက်ပွဲဟာ နစက အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်လို့ ရွေးကောက်ပွဲ မလုပ်နိုင်ရေး၊ နိုင်ငံရေး၊စစ်ရေးနည်းလမ်း၊အခြားနည်းလမ်းအမျိုးမျိုးနဲ့ တားဆီးဆောင်ရွက်ရန်အပါအဝင် ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော်အမတ်စာရင်း အတိအကျရရှိပါက ရွေးကောက်ခံလွှတ်တော်မတ်၊ မိသားစုဝင် အားလုံး လုပ်ကြံသတ်ဖြတ်ဖို့နဲ့ အခက်အခဲရှိရင် သူတို့နေအိမ်တွေကို လူစုလူဝေးနဲ့ ဖျက်ဆီးမီးရှို့ တာတွေ့လုပ်ဆောင်ဖို့ဆိုပြီးတော့ […]

Continue Reading

Fact Check: စစ်ကိုင်းတိုင်းကို PDF က၉၇ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ သတင်းမှား

 စစ်ကိုင်းတိုင်း‌ဒေသကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )က ရာနှုန်းပြည့်နီးပါး သိမ်းယူထား နိုင်ပြီ ဆိုတဲ့စာသားပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် မြန်မာ့အရေး အထူးအကြံပေး ကောင်စီ အဖွဲ့ (SAC-M )ရဲ့  စစ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NUG နဲ့မဟာမိတ်တွေက ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ဒေသများဟာ ၅၂ ရာခိုင်နှုန်းအထက်ရှိကြောင်း ဖော်ပြထားပါတယ်။ စစ်ကိုင်းဒေသကြီးကို ၉၇ ရာခိုင်နှုန်း ပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့ (PDF ) ကထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ စစ်တမ်းမျိုးကို မတွေ့ရပါဘူး။ “စစ်ကိုင်း PDF 97%သိမ်းပိုက်ပြီ စစ်ကိုင်း၊ပုလဲမြို့ရဲစခန်းကို PDFအဖွဲ့မှ သိမ်းပိုက်၊ ရဲတပ်သား(၁၀၀)ထွက်ပြေး(ရုပ်/သံဖိုင်)”လို့ ရေးသားပြီး “ကီးဘုတ် ဖိုက်တာ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  […]

Continue Reading

Fact Check: စစ်ရေးဖြင့် တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ပြောဆိုချက် NUG ထောက်ခံဆိုတဲ့ သတင်းတုသတင်းမှား

ရခိုင်ပြည်နယ် တောင်ပြိုဘက်ကနေ လက်နက်ကြီးတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံပစ်ခတ်မယ်ဆိုရင် စစ်ရေး အရတုံ့ပြန်ရန်အသင့်ဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ပြောဆိုချက်ကို အပြည့်အဝ ကြိုဆိုထောက်ခံ ကြောင်း NUGထုတ်ပြန်တယ်ဆိုတဲ့ သတင်းတုသတင်းမှားတစ်ခု ပျံ့နှံ့လျှက်ရှိပါတယ်။ NUG အနေနဲ့ ထုတ်ပြန် ပြောဆိုချက်မရှိပါဘူး။  အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ “ဒေါ်စုရဲ့ နှစ်၃၀ ကျော် စီမံကိန်းကြီး အထင်အရှား ရုပ်လုံးပေါ်လာ ပြီ ******************************** ရခိုင်ပြည်နယ်၊ တောင်ပြိုဘက်မှ လက်နက်ကြီးများဘင်္ဂလားဒေ့ရ်ှဘက်သို့ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်ရန် အသင့်ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်၏ ပြောဆိုချက်အား အပြည့်အဝ ကြိုဆိုထောက်ခံပါကြောင်း NUGထုတ်ပြန် နယူးယောက်၊ ၂၀၂၂ စက်တင်ဘာ ၂၄ ရက် (စနေနေ့) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုဘက်မှဘင်္ဂလားဒေ့ရ်ှပိုင်နက်အတွင်းသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်တိုက်ခိုက်ရန်အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ […]

Continue Reading

Fact Check: ဒီပဲယင်း လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေမှာ ကလေးတွေမပါလို့ သတင်းမှားဖြင့် ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာသင်ကျောင်းမှာ KIA နဲ့ PDF ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီနင်းတိုက်ခိုက်မှုမှာ ကျောင်းတက်နေတဲ့ ကလေးငယ် ၇ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီဖြစ်စဉ်ဟာ ပြည်တွင်းမှာ အာဏာသိမ်းစစ်တပ်အပေါ် မကျေနပ်မှုပိုမိုကြီးထွားစေခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ ထုံးစံ အတိုင်းပဲ စစ်တပ်က သူတို့လုပ်ရပ်ဟာ ဘယ်တော့မှ မမှားဘူးဆိုပြီး ဝါဒဖြန့်ချိလွှမ်းမိုးဖို့ကြိုးစားခဲ့ပြီး အခြားသူကို လက်ညှိုးထိုးပြီး တန်ပြန် သတင်းထုတ်လွှင့်မှုတွေဆောင်ရွက်ခဲ့ရာမှာ ဒီဖြစ်ကြောင့် သေဆုံးရသူတွေဟာ လူကြီးတွေသာဖြစ်ပြီး ကလေးတွေ မပါဘူးဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ “မေပျိုဖြူ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးက စက်တင်ဘာ ၂၀ ရက်က မျှဝေထားတဲ့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ စာသား ကောက်နှုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “ဘယ်သူသေသေ ငတေမာဖို့သာ လုပ်နေတဲ့ PDF ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းမှာ ပုန်းခိုနေတဲ့ PDF အကြမ်းဖက်တွေကို […]

Continue Reading