Fact Check: ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်နဲ့ အမေရိကန်သမ္မတနဲ့တွေ့ဆုံတဲ့သတင်းတု ဖြန့်ဝေ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ မြန်မာအိမ်စောင့်အစိုးရဝန်ကြီးချုပ် ဦးမင်းအောင်လှိုင် အွန်လိုင်းကနေတွေ့ဆုံခဲ့ တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အမေရိကန်သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။  “အိမ်ဖြူတော်၏ ဖိတ်ကြားချက်အရ ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ၊ အမေရီကန်စံတော်ချိန် ည ၁၁:၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတ ဂျိုးဘိုင်ဒန် တို့ဟာ Video conference စနစ်ဖြင့် တစ်နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။  အဆိုပါ တွေ့ဆုံဆွေးနွေးမူ့တွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေနေအား အဓိကထား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမူ့များအား စီစစ်တွေ့ရှိခဲ့ရတာကြောင့် တပ်မတော်မှ မလွဲမရှောင်သာ၍ အာဏာထိန်းလိုက်ရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက် သွင်းဖို့ အားလုံးပါဝင်တဲ့ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက မကွေးတိုင်းက ကင်းမမီးလောင်မှုဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ကင်းမရွာမှာ လူငယ်တွေက မီးရှို့ခဲ့တဲ့ ဗွီဒီယိုဖိုင်ဆိုပြီးတော့ လူမှုကွန်ယက် မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဝါးထရံနဲ့ သစ်သားပုံတစ်ခုအပေါ်မှာ မိုလိုတော့ဗ်ကို လှမ်းပစ်လိုက်ပြီး မီးရှို့တဲ့ဖြစ်စဉ်နဲ့ အဝေးတစ်နေရာကနေ သေနတ်ပစ်သံအချို့ကြားရပြီးနောက် ထွက်ပြေးကြတဲ့ ပုံတွေ ပါဝင် ပါတယ်။ မကွေးတိုင်းပေါက်မြို့နယ် ကင်းမရွာမှာ ဇွန် ၁၅ ရက်ကစစ်တပ်ရောက်လာပြီးနောက် မီးရှို့ခံရတဲ့ သတင်းကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေရပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ပေါက်မြို့နယ်က မီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ မုဒုံမြို့နယ်က ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ “ကင်းမရွာကို ဘယ်သူရှို့လည်း ထမိန်ခြုံထဲက ခေါင်းထွက်ကြည့်ကြ”စသည်ဖြင့် ရေးသားပြီး“Htet Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပို့စ်ကိုပြန်လည်မျှဝေမှု ၁ ထောင်ရှိပါတယ်။ ကင်းမရွာဖြစ်စဉ်အဖြစ် မျှဝေထားတာကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: NUG က ေဒါက်တာဝါကာအူဒင်ဆီေရးတယ်ဆိုတဲ့ စာအတု

အာရကန်ရိုဟင်ဂျာအဖွဲ့(ARU)က  အ ေထွ ေထွ ညွှန်ကြားေရးမှူးပါေမာက္ခ ေဒါက်တာဝါကာအူဒင် ဆီကို အမျိုးသားညီညွှတ်ေရးအစိုး(NUG)က အ ေပးအယူလုပ်တဲ့ စာတစ်ေစာင်အဖြစ် ဓာတ်ပုံပို့စ်ကို ေဖ့စ်ဘွတ် အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ စာထဲမှာ NUG က သူတို့ကိုေထာက်ခံဖို့ ရိုဟင်ဂျာေတွနဲ့ အ ေပးအယူလုပ်တဲ့အ ေနနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာပြည်ဖန်တီးေပးမယ်လို့ ေရးသားထားတာဖြစ်ပြီး ပြည်ေထာင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ေရးထားထားပါတယ်။ သို့ေသာ်လည်း စာဟာအတုဖြစ်တယ်လို့ ARU နဲ့ NUG က ငြင်းဆိုထားတာေတွ့ရပါတယ်။   “NUG ကမန်းဝင်းခိုင်သန်းကဝါကာအူဒင်ထံပေးပို့ခဲ့တဲ့စာဟာပေါက်ကြားလာခဲ့ပါပြီ… ဘင်္ဂလီတွေအတွက်ရခိုင်ဒေသကိုအမိမြေအဖြစ်သတ်မှတ်ပေးမည့်အကြောင်း…ဒီအတွက်ဘင်္ဂလီအဖွဲ့တွေကအထူးသဖြင့်ဝါကာအူဒင်ရဲ့အဖွဲ့တွေက NUG ကိုပံ့ပိုးပေးဖို့နဲ့ US နဲ့EU နိုင်ငံတွေကNUG ကိုမြန်မာပြည်ရဲ့တရားဝင်အစိုးရအဖြစ်ထောက်ခံပေးဖို့….#အာဏာရလာရင်ရခိုင်ဒေသမှာတစ်နှစ်အတွင်းဘင်္ဂလီတွေအတွက်နယ်မြေအဖြစ်သတ်မှတ်ပေးမှာဖြစ်တဲ့အကြောင်းတွေ…. အာဏာရဖို့အတွက်ကိုယ့်ပိုင်နက်နယ်မြေကိုတောင်ရောင်းစားတဲ့….လွတ်လပ်ရေးဆုံးရှူံးအောင်လုပ်နေတဲ့….တိုင်းပြည်ကိုလက် ညှိူးထိုးရောင်းစားနေတဲ့…NUG ဆိုတာ….သူတို့ရဲ့သွားလေသူခေါင်းဆောင်အတိုင်းပါပဲလား.”(မူရင်းအ ေရးအသား)လို့ေရးသားပြီး “Ricky Tan”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ေမ ၈ ရက်မှာမျှဝေထားရာမှာ […]

Continue Reading

Fact Check: သေနတ်ကျည်ထိမှန်ကျဆုံးခဲ့သည့် ဆေးကျောင်းသား ကိုခန့်ညားဟိန်းကို ဒေါက်တာဇော်ဝေစိုးရဲ့ သားအဖြစ်ဖော်ပြနေ

တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်က တာမွေရဲစခန်းရှေ့မှာ မတ်လ ၁၄ ရက်နေ့က ကျဆုံးသွားတဲ့ ဆေး (၁) ကျောင်းသား မောင်ခန့်ညားဟိန်းဟာ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနဲ့ သားအဖတော်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူအကြားမျှဝေနေတာတွေ့ရပါတယ်။ သို့သော်လည်း ဆန္ဒပြရင်း ကျဆုံးခဲ့တဲ့ကိုခန့်ညားဟိန်းရဲ့ ဖခင်ဟာ ဉီးသိန်းဇော်ဖြစ်တာတွေ့ရပါတယ်။  “online ပေါ်က သီချင်းကောင်းများ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ဆရာဇော်ဝေစိုးသားအသတ်ခံလိုက်ရပြီ လူကို ခွေးကိုက်ခြင်း တခု”လို့ ရေးသားပြီး မတ်လ ၁၅ ရက်နေ့က ရေးသားမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ  မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb  link |  Archive link အချက်အလက်စိစစ်ချက် ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်ဟာ ဒေါက်တာဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: မြန်မာရေတပ်က သင်္ဘောတစ်စီးကို ရေမြှုပ်ပစ်တဲ့ပုံလား-မဟုတ်ပါ

ဖေဖော်ဝါရီ ၈ ရက်မှာ မြန်မာရေတပ်က မသင်္ကာစရာသင်္ဘောအုပ်စုကို ပစ်ဖောက်မြှုပ်ပစ်လိုက်တယ်ဆိုပြီးတော့ သင်္ဘောအပျက်အစီးပုံတစ်ခုနှင့်တကွမျှဝေနေတာတွေ့ရပါတယ်။   “#တပ်မတော်(ရေ)ကတော့ဆော်လိုက်ပြန်ပြီ 8-3-21 ယနေ့ နံနက် ၁၁ း ၄၅ ချိန်ခန့် – မြန်မာ အိန္ဒိယ ရေလက်ခြား ၄၅ ကီလိုမီတာ ခန့် မသင်ကာစရာ သင်္ဘောအုပ်စု တွေ့ရှိရသဖြင့် – သိသိခြင်း ကင်းထောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန် ဘယ်ကဘယ်လိုရောက်လားမှန်းမသိတဲ့  စတက် ဒုံးကျည်တစ်စင်း ၎င်းသင်္ဘောပေါ်သို့ ကျ ရောက်ပေါက်ကွဲသွားခဲ့ပြီး သင်္ဘောနစ်မြုတ်သွားကြောင်း သိရ… မြန်မာ့တပ်မတော်ကတော့အနော်ပစ်ဖူးနော်လို့ပြောလိုက်တယ်”လို့ ရေးသားထားတဲ့ပို့စ်ကို “ThaeChit”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီစွာရေးသားထားတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  […]

Continue Reading

Fact Check: မန်ယူကစားသမား ဝိန်းရူးနီးက CDM ပါဝင်ဖို့ပြောနေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

မန်ချက်စတာယူနိုက်တက်အသင်းက ဘောလုံး ကစားသမားဟောင်း ဝိန်းရွန်းနီးဟာ CDM မှာပါဝင်ပြီး အာဏာရှင်ကို တော်လှန်ဖို့ အားပေးနေပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ကမျှဝေထားပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ဓာတ်ပုံပြုပြင်နည်းနဲ့ပြုပြင်ထားခြင်းဖြစ်ပြီး မူရင်းဓာတ်ပုံဟာ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပရိတ်သတ် ၁၀ သန်းပြည့်အထိမ်းအမှတ်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။  “မန်ယူ အသင်းကစားသမားဟောင်း ရွန်းနီး တောင်မှ CDM ပါဝင်ဖို့ အာဏာရှင်တွေကို တော်လှန်ဖို့ အားပေးနေပြီ Crd. ”လို့ရေးသားပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံရှာဖွေရေးဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Tineye မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီပုံဟာ မန်ချက်စတာ ယူနိုက်တက်(မန်ယူ)အသင်း တိုက်စစ်မှူးဝိန်းရူးနီဟာ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိတ် ၁၀ သန်းပြည့် အထိမ်းအမှတ်အနေနဲ့ […]

Continue Reading

Fact Check: တပ်ထောက်ခံသူတွေက အကြမ်းဖက်မှုကို တပ်ထောက်ခံသူ အကြမ်းဖက်ခံရမှုအဖြစ်မျှဝေ

ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦး တပ်ထောက်ခံပွဲလာသူတွေရဲ့ အကြမ်းဖက်ခံရတာကို တပ်ထောက်ခံပွဲ လာသူတစ်ဦးအကြမ်းဖက်ခံရမှုအဖြစ်မျှဝေထားတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “တပ်မ​တော်​ထောက်ခံပွဲလာသူတဦးကို နီပိန်းလူမိုက်တစုမှဓါးနဲ့ထိုးတဲ့VIDEOပါ”လို့ရေးသားပြီး “စိမ်းနီမှာ ငါ့အဖြေက”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link  ဒီဖြစ်စဉ်ကို အခြားသော ရှု့ထောင့်က ရိုက်ကူးထားတဲ့ ဗွီဒီယိုကို “ယနေ့ ရန်ကုန် တပ်မတော်ထောက်ခံပွဲ တပ်မတော်ထောက်ခံသူတစ်ဦး ဓားထိုးခံရသော ရုပ်သံဖိုင် ထွက်ပေါ်လာ ၂၅. ဖေဖော်ဝါရီလ. ၂၀၂၁ #ပြည်သူ့ပုံရိပ်မီဒီယာ #အကြမ်းဖက်ခံရ”လို့ ရေးသားပြီး ” ပြည်သူ့ပုံရိပ်မီဒီယာ” အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာက မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် “စိမ်းနီမှာ ငါ့အဖြေက”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက တင်းထားတဲ့ ဗွီဒီယိုကို သတင်းဌာနတစ်ခုဖြစ်တဲ့ RFA Burmese က ” တပ်ထောက်ခံသူတွေ […]

Continue Reading

Fact Check: ဆန္ဒပြတာမအောင်မြင်ဘဲ အသေခံမယ့်သူတွေလိုအပ်လို့ NLD ထုတ်ပြန်ဆိုတဲ့ ရုံးစာအတု

၂၂.၂.၂၀၂၁(၂ ငါးလုံး)အထွေထွေသပိတ်မအောင်မြင်လို့ နောက်ထပ် အသေခံမယ်လုပ်မယ့်သူတွေ ဆက်သွယ် ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ထုတ်ပြန်ချက်အဖြစ် ဖေ့စ်ဘွတ်မှာ မျှဝေနေတာ တွေ့ရပါတယ်။  သို့သော်လည်း ဒီစာဟာ အတုပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ၂၂.၂.၂၀၂၁ မှာ အထွေထွေသပိတ်ပေါ်ပေါက်လာမယ်လို့ မျှော်မှန်းခဲ့ပေမဲ့ လူထုအားလုံးမပါဝင်ခဲ့လို့ မအောင်မမြင်ဖြစ်ခဲ့တဲ့နောက် အသေခံရဲသူများနဲ့ ဆက်လက်တိုက်ပွဲဝင် မှာဖြစ်တဲ့အတွက် ၂၇.၂.၂၀၂၁ နောက်ဆုံးထားစာရင်းပေးကြဖို့ စသည်ဖြင့် ရေးသားထားပါတယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံခဲ့တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် အခုလိုထုတ်ပြန်ချက်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ National League For Democracy မှာမတွေ့ရပါဘူး။ ဒီစာဟာအတုဖြစ်ကြောင်း NLD […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ ဝါဒဖြန့်သတင်းတု

လေယာဉ်လက်မှတ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ နာရေးအခမ်းအနားတစ်ခု၊ ခေါင်းလောင်းထိုးနေဟန်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အစစ်နဲ့အတုသံသယရှိဖွယ်အကြောင်းအရာများဆိုပြီးတော့ ရေးသားမျှဝေထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။   ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ အငယ်ဆုံးသားဖြစ်သူ မူးယစ်ဆေးမှုနဲ့ အဖမ်းခံရပြီး သေဒဏ်ကျခံဖို့ရှိပြီးနောက် သေဒဏ်က နေ လွတ်မြောက်ဖို့ အမေရိကန်ထောက်လှမ်းရေး(CIA)နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပေးအယူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အခြားသူတစ်ဦးက ဟန်ဆောင်ထားခြင်းဖြစ်တယ်လို့ ရေးသားထားပြီး ဒေါ်အောင်ဆန်း စုကြည်ကွယ်လွန်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ကြောင်း စသည်ဖြင့်ရေးသားထားပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီးဖြစ်တဲ့ဓာတ်ပုံတွေဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ မသက်ဆိုင်တဲ့ ပုံတွေလည်းပါဝင်ပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေး သားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ဒီရေးသားမျှဝေချက်တွေထဲက ကောက်နုတ်ချက်အနေနဲ့ဖော်ပြရရင် “၂၀၁၇ က ဒေါ်စု သားအငယ်ကောင် […]

Continue Reading

Fact Check: နေပြည်တော်က တပ်ထောက်ခံပွဲပုံကို အခြားသောမြို့နယ်တွေ မှာလုပ်တဲ့ပွဲအဖြစ်ဖော်ပြ

ကန့်ဘလူမြို့ရဲ့ သောင်းနဲ့ချီတဲ့ တပ်မတော်ထောက်ခံသူများလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေထားရာ ဒီပို့စ်ကို ထောင်ဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  တကယ်တော့ ဒီဓာတ်ပုံဟာနေပြည်တော် တပ်ထောက်ခံပွဲပုံတွေဖြစ်ပါတယ်။ “ထင်မှတ် မထားရအောင် များပြားလားတဲ့ ကန့်ဘလူမြို့ရဲ့ သောင်း နဲ့ချီတဲ့ တပ်မတော်ထောက်ခံသူများ ၏ ပုံရိပ်တချို့”လို့ ရေးသားပြီး “Ko Zaw Min”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၁၂ ရက်မှာမျှဝေထား ရာမှာ ပြန်လည်မျှဝေသူ ၂ ထောင်ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံဟာ ဖေဖော်ဝါရီ ၄ ရက်က နေပြည်တော်မှာ တပ်မတော်ထောက်ခံပွဲအဖြစ်ဖော်ပြထားပါတယ်။ Mizzima သတင်းဌာနက တွစ်တာစာမျက်နှာမှာ “ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး […]

Continue Reading