Fact Check: Mytel တာဝါတိုင်စောင့်တင့်ကားကို CDF က ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(Chinland Denfence Force- CDF)က Mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စစ်တပ်တင့်ကားကို ပစ်ခတ်မှုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုဟာ ၃၁ စက္ကန့် ရှည်လျားပြီး သံဖရိန်နဲ့တိုင်တစ်ခုအလွန်က တင့်ကားတစ်စီးကို ဒုံကျည်တစ်စင်းလာရောက်ထိမှန်ပြီးနောက် ပေါက်ကွဲမီးလောင်သွားတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်က အီရတ်စစ်တပ်တင့်ကားတစ်စီးတိုက်ခိုက်ခံရမှုဗွီဒီယိုဖြစ်တာ တွေ့ရ ပါတယ်။   “မင်းတပ်မြို့အတွက်ဂလဲ့စား mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စကစ တင့်ကားကို CDF က ဆော်ထည့် လိုက်တာ အားရစရာ”လို့ရေးသားပြီး “ဟန်သဲ သူ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: စမ်းချောင်းက PDF ခေါင်းဆောင်ဖမ်းမိတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

စမ်းချောင်းမှ ဖမ်းမိတဲ့ PDF  ခေါင်းဆောင်အဖြစ် အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီပေါ်နေတဲ့ အင်္ကျီအနီဘောင်းဘီ အဖြူဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး ဓာတ်ပုံကိုဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။   “ရန်ကုန်တိုင်းသေဒကြီး စမ်းချောင်းမှဖမ်းမိတဲ့ PDF ခေါင်းဆောင်ပါဗျ သူ့ရဲ့ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာ တွေက်ိုလည်း ရှိုးလိုက်ပါအုံးတစ်ချက်လောက်”လို့ရေးသားပြီး “မြေလတ်သား”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက်  Google မှာဓာတ်ပုံရှာနည်အသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့မှုပုံစံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ အောက်ပါအတိုင်း အင်တာနက်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  ရှာဖွေတွေ့ရှိတဲ့ ရလာဒ်တွေထဲက အစောဆုံးပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံကို ဆန်းစစ်ကြည့်ရာမှာ “Pahina ni […]

Continue Reading

Fact Check: Glory of The Special Forces ဇာတ်လမ်းတွဲက မြင်ကွင်းဗွီဒီယိုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအဖြစ်မျှဝေ

စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ လူမဆန်တဲ့ ပစ်ခတ်မှုလို့ရေးသားပြီး ဗွီဒီယိုဖိုင်တစ်ဖိုင်ကို ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ၁၅ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ လူနေအိမ်တွေ‌ ပေါ်မှာ ကောင်းကင်ကလာတဲ့ လက်နက်ကြီးထိမှန်ပေါက်ကွဲနေတဲ့မြင်ကွင်းတွေပါဝင်ပါတယ်။ ဒီဗွီဒီယိုပျံ့နှံ့လာချိန်ဟာ မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက လုံလဲရ်(Lungler) ကျေးရွာကို စက်တင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက စစ်တပ်က တိုက်လေယာဉ်အသုံးပြု ပစ်ခတ်တိုက်ခိုက်မှု နဲ့လည်း တိုက်ဆိုင်နေပါတယ်။  သို့သော်လည်း ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီယိုဖိုင်ဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။   “စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းကပြစ်ခတ်မှု စစ်ကောင်စီရဲ့လူမဆန်စွာပြည်သူတေနှိပ်စက်တဲ့ ဗီဒီယိုဖိုင်”လို့ရေးသားပြီး “Tin Myint Aung”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်း […]

Continue Reading

Fact Check: ကိုဗစ်ပျောက်ဖို့ ဘုန်ကြီးပြုတ်ရေလုပ်နေတာလား-မဟုတ်ပါ

မီးထိုးထားတဲ့ ဒယ်အိုးတစ်အိုးပေါ်မှာ ဘုန်းကြီးတစ်ပါးထိုင်နေဓာတ်ပုံတစ်ပုံနဲ့အတူ ကိုဗစ်-၁၉ ပျောက်ဖို့အတွက် ဘုန်းကြီးပြုတ်ရည်သောက်ဖို့အတွက် ဘုန်းကြီးကို အတင်းဝိုင်းထမ်းခေါ်လာပြီး ဒယ်အိုးနဲ့ ပြုတ်နေပုံအဖြစ် ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  ဒီလိုမျှဝေမှုဟာ ဟာသသဘောဖြစ်သော်လည်း နားလည်မှုလွဲစေနိုင်တာတွေ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် ကိုဗစ်-၁၉နဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “မိုက်ရိုင်းလိုက်ကြတဲ့ တောသားတွေကွာ…😡 ဘယ်ကောင်မြှောက်ပေးလိုက်လည်းမသိဘူး ကိုဗစ်ပျောက်ချင်ရင် ဘုန်းကြီးပြုတ်သောက်ရတယ်ဆိုပီး….သူဟာသူ နေမကောင်းလို့လှဲနေတဲ့ ရွာဦးကျောင်းက ဆရာတော်ကို အတင်းဝိုင်းထမ်းခေါ်လာပီး လူပုံအလယ် မိုးပြဲဒယ်ထဲထည့်ပြုတ်နေကြတာ… ဆရာတော်ခမျာ လက်အုပ်ခလေးချီပီးတောင်းပန်ရှာပါသေးတယ်… ဒါပေမယ့် တောသားတွေက မရတော့ဘူး ကိုဗစ်ပျောက် ချင်တယ်..ဘုန်းကြီးပြုတ်သောက်မယ်ဆိုတာချည်းဘဲ…😡😡”စသည်ဖြင့် ရေးသားပြီး “Mee Nge”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link […]

Continue Reading

Fact Check: ဒလန်တွေစီးလာတဲ့ ဘက်စ်ကားကို PDF တွေ RPG နဲ့ထုတယ်ဆိုတဲ့ သတင်းမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဒလံတွေစီးလားတဲ့ ဘက်စ်ကားကို ပခုံးထမ်းလောင်ချာ(RPG)နဲ့ မိုင် ၁၀၀ အကွာကနေ ထုလိုက်တဲ့ ဓာတ်ပုံဆိုပြီးတော့ မီးလောင်နေတဲ့အစိမ်း‌ရောင်ဘက်စကားတစ်စီးဓာတ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ဆီရီးယားနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။  “PDF လူငယ်လေးတွေ အရမ်းကိုစစ်ရေးစွမ်းရည်တွေတက်လာပြီဗျ စကစ ရဲ့ ဒလန်တွေ စီးလာ တဲ့ကားကို မိုင် 100 အကွာ ကနေ RPGနဲ့ လှမ်းထု လိုက်တာ မြင်တဲ့အတိုင်း မွင်းခါးတွေဖြစ်ကုန်ပြီး #အရေးတော်ပုံအောင်ရမည် #Savemyanmar”လို့ ရေးသားပြီး “Kyaw Win Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက  အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: ရန်ကုန်မှာ ယနေ့ပေါက်ကွဲမှုဓာတ်ပုံလား- မဟုတ်ပါ

ဂုံးတံတားအောက်ကနေ မီးခိုးတွေ ထွက်နေတဲ့ ဓာတ်ပုံတစ်ခုကို ရန်ကုန်မှာ ယနေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ မတ်လအတွင်းဓာတ်ပုံဟောင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “Wow Wow အဖွင့်လှပြီ ရွှေရန်ကုန်ရေ👏👏👏👏#Unl👦Sep 7”လို့ ရေးသားထားပြီး ဂုံတံတား အောက်ကနေ မီးခိုးတွေ ထွက်နေတဲ့ ဓာတ်ပုံလည်းပါဝင်ပါတယ်။ “U Ngel Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ရေးသားထားတဲ့ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ၁ သောင်း ၆ ထောင်ကျော်က ၃နာရီအတွင်း ပြန်လည်မျှဝေခဲ့ကြပါ တယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက်  Yandex မှာဓာတ်ပုံကို ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို […]

Continue Reading

Fact Check: NUGက ပိုက်ဆံထုတ်မယ်ဆိုတာ မဟုတ်ပါ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုင်ငံတကာ အဆင့်မီ တန်ဖိုးမြင့် ငွေကြေးတစ်ရပ် ထုတ်ဝေရန် စီစဉ်နေတယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။  ဒီပို့စ်ဟာ ဖေ့စ်ဘွတ်သုံးစွဲသူတွေကို နားလည်မှုလွဲစေနိုင်တာ တွေ့ရပါတယ်။ NUG ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဒီသတင်းဟာ မှားယွင်းကြောင်း မဇ္ဈိမမီဒီယာကို ဖြေကြားထားတာတွေ့ ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ “NUG money ထုတ်ဝေတော့မည်”လို့ ခေါင်းစဉ်တပ်ထားပြီး ငွေစက္ကူထုတ်လုပ်မှုမှာ ဒေါက်တာဇော်ဝေစိုးက ဉက္ကဌအဖြစ် တာဝန် ယူမှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ ငွေစက္ကူမှာ အနီရောင် တောက်ပသော ကြိုးအလယ်တွင် နွေဦးတော်လှန်ရေးစာသား လုံခြုံရေးကြိုးပါဝင်မှာဖြစ်ပြီး ရေစာ(Water Mark) နေရာတွင် လက်သုံးချောင်းသင်္ကေတနှင့် CDM အမှတ်အသားအား ဂုဏ်ပြုထည့်သွင်း သွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာသုံး၍ ကမ္ဘာမကြေဘူး သီချင်းအား ကြိုးပြားတွင် လျှပ်စစ်သံလိုက် […]

Continue Reading

Fact Check: PDF တွေနဲ့ပူးပေါင်းဖို့ ယုန်လေး လက်နက်ဝယ်စုနေသလား- မဟုတ်ပါ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ပူးပေါင်းဖို့ အဆိုတော်နဲ့ ဒါရိုက်တာ ယုန်လေးက လက်နက်ဝယ်စုနေ တယ်ဆိုပြီးတော့ ဗွီဒီယိုဖိုင် တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ယုန်လေးက “–”စသည်ဖြင့် ပြောကြားခဲ့တာတွေ့ရပါတယ်။ သို့သော် ဒီဗွီဒီယိုဖိုင်ဟာ ၂၀၁၉ ခုနှစ်က ယုန်လေးရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှု ဗွီဒီယို ဖြစ်တာ တွေ့ရပါတယ်။ “PDFလူငယ်များနဲ့ ပူးပေါင်းရန် လက်နက်များစုဆောင်းနေသည့် ယုန်လေး  ကိုယုန်လေးကို အထင်မသေးကြပါနဲ့လို့ ငါမပြောခဲ့ဘူးလား  :))”လို့ရေးသားပြီး “Thet Paing Oo” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။တူညီတဲ့ ဗွီဒီယိုဖိုင်ကို အလားတူရေးသား မျှဝေထားတာ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဒီလိုပြောကြားချက်ကို အသံဖိုင်အနေနဲ့ ဒီနေရာနဲ့ဒီနေရာမှာလည်း […]

Continue Reading

Fact Check: တက္ကသိုလ်ဝင်တန်းလျှောက်လွှာတွေ စက်တင်ဘာ ၂၁ ရက်စတင်ရမယ် ဆိုတာ မဟုတ်ပါ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူတွေအနေနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ဖြေဆိုခွင့်လျှောက်လွှာ တင်ရမယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီလိုမျှဝေထားတဲ့အ ေကြာင်းအရာဟာ မှားယွင်းေကြာင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ “၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများအားလုံး၂၁. ၉. ၂၀၂၁ မှ စ၍ဖြေဆိုခွင့်ဖောင်များတင်ရမှာ ဖြစ်ပါတယ်”လို့ ရေးသားပြီး “For Education”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ြသဂုတ် ၃၀ ရက်က မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၈ ထောင် ၃ ရာရှိ ပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ်သူေတွဟာ စက်တင်ဘာ ၂၁ ရက်က […]

Continue Reading

Fact Check: ဒီပုံတွေက ပြည်ပကလှူတဲ့ လက်နက်တွေလား- မှားယွင်းနေသည်

လက်နက်တွေနဲ့ ကျည်အိမ်တွေအများအပြားပါဝင်တဲ့ ဓာတ်ပုံတွေကို မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပြည်ပက လှူတဲ့ လက်နက်တွေလို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။  သို့သော် ဓာတ်ပုံအချို့ဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့  မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။ “ပြည်ပမှအလှူရှင်များ ရောက်ပါပြီ”လို့ရေးသားပြီး “ကချင်မြေ Global Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link ဒီပို့စ်ပါဓာတ်ပုံတွေကိုပဲ “ရဲနိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း “ဟျောင့်! (စောက်ပု) မီးကျိုးမောင်းပျက်တွေမဟုတ်ဘူးနော် အသစ်စက်စက်တွေကွ 😁😁😁”လို့ရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အခန်းကျယ်တစ်ခုမှာ သေနတ်တွေ တန်းစီထားတဲ့ ဓာတ်ပုံကို […]

Continue Reading