Fact Check: PDF နဲ့ NUG တံဆိပ်ဒရုန်းယာဉ်လား-မဟုတ်ပါ

Altered လူမှုရေး

NUGနဲ့ PDF တံဆိပ်ဒရုန်းယာဉ်တွေဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါ တယ်။

သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာတွေ့ရပါတယ်။

“မအလရယ် ဘာတတ်နိုင်သေးလဲ ခုတော့ဒရုန်းတောင်မှ၊NUG&PDFစာလုံးတွေပါတဲ့ဒရုန်းတဲ့သေချာလဲကြည့်အုံးနော်

တို့စိုးရကိုလေလိုင်းကစိုးရတဲ့၊

ရူ့စားတော်မူပါလော့

အဘဘောမတစ်သိုက်နဲ့

မအလအပေါင်းပါတွေမကြာခင်

ခများတို့အုပ်စုပြေးပေါက်မရှိတော့ဘူးခု

ကတည်းက ပြေးပေါက်ရှာထားတော့နော်

အကောင်းပြောတာ

နောက်နေတာဟုတ်ဘူး နော် သိဖို့ 😄😄😄”လို့ရေးသားပြီး “Ko Htun” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

Tineye မှာပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ တူညီတဲ့ ဓာတ်ပုံကို  ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က The Verge မီဒီယာမှဖော်ပြတဲ့ဆောင်းပါးတစ်ပုဒ်မှာ သုံးစွဲထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – The VergeArchive link

နောက်ထပ် ဓာတ်ပုံတစ်ပုံကိုလည်း Digital Photography Review ဝက်ဘ်ဆိုက်မှာ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၂ ရက်က “ဒရုန်းအကြောင်းမိတ်ဆက်ခြင်း အပိုင်း (၂)-  ပထဆုံးအကြိမ် ဒရုန်းကို ဘယ်လိုရွေးချယ်မလဲ”လို့ ဘာသာပြန်ဆိုနိုင်တဲ့ ဆောင်းပါးတစ်ပုဒ်မှာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Digital Photography ReviewArchive link

NUG၊ PDF စကားလုံးပါတဲ့ ဒရုန်းပုံနဲ့ The Verge နဲ့  Digital Photography Review ကဓာတ်ပုံတွေကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်းက ဒရုန်းအကြောင်းရေးသားထားတဲ့ ဆောင်းပါးပါ ဓာတ်ပုံတွေကို NUG PDF စကားလုံးတွေနဲ့ ပြုပြင်ဖန်တီးထားခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: PDF နဲ့ NUG တံဆိပ်ဒရုန်းယာဉ်လား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Altered


Leave a Reply

Your email address will not be published.