Fact Check: မြိတ်ရဲစခန်းနှုတ်ထွက်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် မျှဝေနေတဲ့ သတင်းမှား

မြိတ်မြို့မှာရဲစခန်းတစ်ခုလုံး နှုတ်ထွက်တယ်လို့ရေးသားပြီး ရဲအရာရှိနဲ့ ရဲတပ်သားအချို့ပုံများနှင့်အတူ ရေးသားမျှဝေထားတဲ့ပို့စ်ကို  လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းသလို ဓာတ်ပုံတွေဟာလည်း မတ်လကတည်းက အင်တာနက်မှာပျံ့နှံ့ လျက်ရှိပြီး အခြားသော ရဲစခန်းတွေက စစ်အုပ်ချုပ်ရေးကို ဖိဆန်မှုလုပ်ခဲ့တဲ့ ရဲအရာရှိနဲ့ ရဲတပ်သားအချို့ရဲ့ ပုံဖြစ်ပါတယ်။  “မြိတ် ရဲစခန်းတခုလုံး  တာဝန်မှ နှုတ်ထွက်.👮 အမြင်မှန်ရသူများ အသက်ရှည်၏”လို့ ရေးသားပြီး“KoKo Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာ ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၅ ထောင် ၉ ရာ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အခြားလွတ်လပ်သော သတင်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က Line Walker ရိုက်ကူးရေးပုံရိပ်ကို ဆူးလေမှာ ပစ်ခတ် မှုဖြစ်ပုံအဖြစ်မျှဝေနေ

ဆူးလေမှာ ပစ်ခတ်မှုဖြစ်ပွားတယ်လို့ရေးသားပြီး ကားတွေတိမ်းမှောက်လျှက် လမ်းမထက်မှာ ဖရိုဖရဲ ဖြစ်နေတဲ့ ဓာတ်ပုံ ၄ ပုံကို  လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံတွေမှာ ရန်ကုန်မြို့လယ် ဆူးလေလမ်းမှာ အဖြူရောင်ကား တစ်စီး လမ်းမထက်မှာ တိမ်းမှောက်နေပုံ၊ အမည်းရောင်ကား တစ်စီး လမ်းဘေး ပလက်ဖောင်းမှာ ပက်လက်လန်နေပုံတွေနဲ့အတူ လမ်းမထက်မှာ ဖရိုဖရဲဖြစ်နေတဲ့ပုံ၊ လူတွေဝိုင်းအုံကြည့်နေတဲ့ပုံတွေပါဝင်ပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာ Line Walker 2 အမည်ရ ဇာတ်ကားရဲ့ ဇာတ်လမ်း ရိုက်ကူးရေးက ပုံတွေဖြစ်ပါတယ်။  “01-06-2021 ယနေ့ နေ့လည် 12:00 လောက်က ဆူးလေ မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား”လို့ ရေးသားပြီး“Søe Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၉၇၀ […]

Continue Reading

Fact Check: မန္တလေးဆန္ဒပြခေါင်းဆောင် ကိုတေဇာဆန်း ပစ်သတ်ခံရလို့ သတင်းတု သတင်းမှားဖြန့်

မန္တလေးဆန္ဒပြခေါင်းဆောင်ကိုတေဇာဆန်းကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်တယ်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ တကယ်တော့ ဒီသတင်းဟာ မှားယွင်းပါတယ်။  “အခုလေးတင်ဖြစ်သွားတာ ကိုတေဇဆန်း ကောင်းရာ ဘဝ ရောက်ပါစေဗျာ”လို့ ရေးသားပြီး ကိုတေဇာဆန်းကို ဖမ်းဆီးပြီး ပစ်သတ်လိုက်တယ်လို့လည်း “News218Media”အမည်နဲ့ ဘလော့စာမျက်နှာက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မေ ၂၉ ရက်က ကိုတေဇာဆန်းကိုဖမ်းဆီးပြီး ပစ်သတ်ခံရတယ်လို့ ရေးသားထားပေမဲ့ မန္တလေးက သပိတ် စစ်ကြောင်းဦးဆောင်သူ ကိုတေဇာဆန်းဟာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မေ ၃၀ ရက်အထိ မန္တလေးမှာ ပုံမှန်သပိတ်စစ်ကြောင်းတွေ ထွက်နေဆဲဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ […]

Continue Reading

Fact Check: ဒီဗွီဒီယိုတွေက Gen Z တွေ သင်တန်းဆင်းပုံမဟုတ်ပါ

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြခဲ့တဲ့ လူငယ်တွေရဲ့ စစ်သင်တန်းဆင်းပွဲအဖြစ် ပျောက်ကျား စစ်ဝတ်စုံနဲ့ စီးတန်းလမ်းလျှောက်၊ လက်မှတ်ပေးအပ်မှုမြင်ကွင်းတွေပါတဲ့ ဗွီဒီယိုတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ လူငယ်စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လူငယ်တွေဟာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီမှာ စစ်သင်တန်းတွေ တက်ရောက်နေချိန်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့အကြောင်းအရာတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ သင်တန်းတွေနဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။  “GZ လေးတွေရဲပထမအသုတ် စစ်သင်တန်းဆင်းပွဲ GZ လေးတွေက ပြုံးလို ပျော်လို့စလိုနောက်လိုပေါ့” လို့ရေးသားပြီး “P&W Songs”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်နက်ကိုင် ပျောက်ကျားဝတ်စုံနဲ့ စစ်သားတွေ အမျိုးသမီးများက ကြိုဆိုေနဟန်ရိုက်ကူထားတဲ့ ဗွီဒီယိုကို မေ ၁၀ ရက်ကမျှဝေခဲ့ရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှ ဝေသူ ၂ သောင်း ၃ ထောင်ရှိခဲ့ပြီး […]

Continue Reading

Fact Check: ဂျိုးဖြူရေပိုက်လိုင်းပေါက်တာကို ဆန္ဒပြသူတွေဖောက်တာဆိုပြီး ပြန်လည်ဖြန့်ဝေ

ဆန္ဒပြသူတွေက ဂျိုးဖြူရေပိုက်လိုင်းဖောက်လိုက်တာလို့ ရေးသားပြီးပိုက်လိုင်းတစ်ခုနံဘေးမှာ ရေလျှံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ တစ်လကျော်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး ရေပေးဝေရေးဌာနက ထုတ်ပြန်ချက်မှာ ပိုက်လိုင်းပေါက်တယ်လို့သာဖော်ပြထားပြီး ဆန္ဒပြသူတွေ က လုပ်ဆောင် တယ်ဆိုတဲ့ ဖော်ပြချက်မျိုးမတွေ့ရပါဘူး။  “#ဂျိုးဖြူရေပိုက်လိုင်းကွဲသွားတယ်… ဒါဟာ ဆန္ဒပြတာမဟုတ်တောပါဘူး…  ဖျက်ဆီးနေလို့ခေါ်ပါတယ်…”စသည်ဖြင့်ရေးသားပြီး “ခန့်သူရ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Water Resources and Water Supply Authority, YCDC အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဧပြီ ၇ ရက်က “ရန်ကုန်ရေချစ်သူများသို့”စသည်ဖြင့် အစချီရေးသားပြီး ဓာတ်ပုံ ၁၀ […]

Continue Reading

Fact Check: ဓာတ်ပုံဟောင်းများကို အသုံးပြုပြီး မင်းတပ်မြို့အခြေအနေအဖြစ်မျှဝေနေ

စစ်တပ်က စစ်ဆင်ရေးလုပ်ပြီးနောက် ဆိုးရွားလာတဲ့အခြေအနေအဖြစ် တဲအိမ်တွေမီးလောင်နေပြီး တောင်ကုန်း တွေပြာကျနေတဲ့ ဓာတ်ပုံတွေနဲ့အတူ ဖေ့စ်ဘွတ်ပို့စ်မှာ ပြန်လည်မျှဝေလျှက်ရှိပါတယ်။ မင်းတပ်မှာ မေ ၁၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လူ့အခွင့်အရေး အခြေအနေဆိုးရွားခဲ့ပြီး အမျိုးသားညီညွှတ်ရေး အစိုးရအပါအဝင် အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက စစ်အုပ်စုကို ထုတ်ပြန်ရှုတ်ချခဲ့ရပါတယ်။ သို့သော်ဓာတ်ပုံတွေဟာ ချင်းပြည်နယ်မင်းတပ်မြို့နဲ့သက်ဆိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ နှစ်များအတွင်း ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပျက်ခဲ့တဲအဖြစ်အပျက်များဖြစ်ပါတယ်။  “မင်းတပ်မြို့ပါတော်တော်ကိုအခြေအနေဆိုးနေပါပီ upပေးကြပါ please”လို့ရေးသားပြီး “Thar Chit”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက  မေ ၁၈ ရက်ကမျှဝေထားပါတယ်။အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ကရင်ပြည်နယ်မှာ စစ်တပ်က ထိုးစစ်ဆင်ပြီးနောက် မီးလောင်ကျွမ်းမှုအများအဖြစ် မတ်လ ၃၀ ရက်က […]

Continue Reading

Fact Check: ကယားမှာပစ်ချခံရတဲ့ ရဟတ်ယာဉ်အဖြစ် မျှဝေနေတဲ့ သတင်းမှား

ကယားမှာ ရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုအဖြစ် ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ကယားမှာ တင့်ကား ၂ စီးကို ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်(KPDF)က ဖျက်ဆီးခဲ့ပြီး နောက်မှာ အခုလို ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ရေးသားမျှဝေ နေတာ ဖြစ်ပါတယ်။ ကယားပြည်နယ် ဒီမောဆိုမှာ တင့်ကား ၂ စီးကို KPDFက ဖျက်ဆီးခဲ့တဲ့ သတင်းကို Khit Thit Media ရဲ့ ဒီလင့်ခ်မှာတွေ့ရပါတယ်။ သို့သော် ယခုရက်ပိုင်းအတွင်း ကယားဘက်မှာ ရဟတ်ယာဉ်ပစ်ခံရတယ်ဆိုတဲ့ သတင်းမျိုး လွတ်လပ်သော မီဒီယာတွေမှာ ရေးသားဖော်ပြချက် မတွေ့ရပါဘူး။ ဓာတ်ပုံဟာလည်း ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။  “ယို့..ယို့..ယိုး ကယားပြည်နယ်လေးက မနေ့က tink ကားနှစ်စီး ဒီနေ့..helicopter တစ်စီး လေးစားပြီလေ 👌👌👌 […]

Continue Reading

Fact Check: မြန်မာမှာ သတ္တုတူးတဲ့ ဝမ်ပေါင်ကုမ္ပဏီ တရုတ်မှာ မီးလောင်ဆိုတဲ့ သတင်းမှား

တရုတ်မှာ ဝမ်ပေါင်(Wanbao)ကုမ္ပဏီပိုင်စက်ရုံမီးလောင်တာ ၂ ရက်ဆိုက်တိုက်ရှိပြီလို့ရေးသားပြီး မီးလောင် နေတဲ့ ရေနံဓာတုစက်ရုံတစ်ခုကို မီးသတ်ကားတွေ မီးငြှိမ်းသတ်နေပုံနဲ့အတူ မျှဝေထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဝမ်ပေါင်ကုမ္ပဏီဟာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများမှာ သတ္တုတူးဖော်တဲ့ အငြင်းပွားဖွယ်ရာတရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါ တယ်။ သို့သော် ဓာတ်ပုံတွေဟာ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီး မီးလောင်တဲ့စက်ရုံဟာလည်း ဝမ်ပေါင်ကုမ္ပဏီပိုင်တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။  “လရောင် တော” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “လက်ပံတောင်းမှာ သံဃာတော်တွေကို ဓာတုပစ္စည်းမီးလောင်ဗုံးနဲ့ပစ် လယ်တီသိမ်တော်ကို ဖျက်စီးခဲ့တဲ့အကျိုးကျေးဇူး တရုတ်ပြည်က ဝမ်ပေါင်ကုမ္ပဏီရဲ့ ဓာတုစက်ရုံမီးလောင်တာ နှစ်ရက်ရှိပြီတဲ့ မပြီးသေးဘူးတဲ့”စသည့်ဖြင့် ရေးသားမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ တင့်ကားတွေလား-မဟုတ်ပါ

ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ တိုက်ခိုက်ခံရတဲ့ တင့်ကားတွေလို့ ရေးသားပြီး ကွင်ပြင်တစ်ခုမှာ တင့်ကားတစ်စီး မီးလောင်နေတဲ့ဓာတ်ပုံနဲ့ နောက်ထပ်တင့်ကားတစ်စီး လမ်းဘေးထိုးကျနေတဲ့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့ေသာ်လည်း ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  “ဒီမော့ဆို PDF လက်ချက်ကြောင့်မီးလောင်ပျက်ဆီး သွားသော..အိုဟောင်းနေသောတင့်ကားများ”လို့ေရးသားပြီး “Ro Kyaw Zan Htet”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီမောဆိုမှာ တင့်ကား ၂ စီး ပြည်သူ့ကာကွယ်ရေးတပ်က ဖျက်စီးနိုင်ခဲ့တဲ့ သတင်းကို ခေတ်သစ်သတင်းဌာနရဲ့ […]

Continue Reading

Fact Check: ဒီပုံက မော်လိုက်မှာ စစ်ကားတစ်စီးထိုးကျမှု ဓာတ်ပုံလား-မဟုတ်ပါ

မော်လိုက်မှာ စစ်တပ်ကကားချောက်ထဲကျ စစ်သားအများအပြားသေဆုံးတယ်လို့ရေးသားထားပြီး စစ်ကားတစ်စီး တိမ်းမှောက်နေပုံဓာတ်ပုံနဲ့အတူ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာမှာ ဒီပို့စ်ကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ြသစတေးလျနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်းက စစ်ကားတစ်စီးတိမ်းမှောက်ခဲ့တဲ့ ပုံဖြစ်ပါတယ်။  “အကြိမ်ကြိမ် အလေးပြုပါ၏။ ။  စစ်ခွေး ၆၅ ကောင်ကို အသက်နှင့်ရင်း၍ ဇီဝိန်ချွေကာ သတ္တိသွေး ရဲရဲနီခဲ့သည် မော်လိုက် (ကို) အောင်ဆန်းအား အလေးပြု ဦးညွှတ်ပါ၏။ ကျန်ရစ်သူ ဇနီးနှင့်မိသားစုကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ကြစေလိုပါ၏။”လို့ရေးသားပြီး “Nay Linn Aung”အမည်နဲ့အကောင့်ကမျှဝေထားတာတွေ့ရပါတယ်။ အလားတူရေးသားထားပြီး ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading