Fact Check: သံဃာတွေဆန္ဒပြနေတဲ့ ဒီပုံက လက်ရှိစစ်အာဏာသိမ်း ဆန္ဒမှုက မဟုတ်ပါ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံအနှံ့မှာ ဆန္ဒပြမှုတွေဖြစ်ပေါ်လျက်ရှိပြီး မန္တလေးမှာ ဖေဖော် ဝါရီ ၁၀ ရက်က သံဃာတော်တွေ ဆန္ဒပြခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ သံဃာတွေဆန္ဒပြမှုအဖြစ်  လူမှုကွန်ယက်မှာ မျှဝေလာတာတွေ့ရပြီး နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “10/2/2021”လို့ ရေးသားပြီး “Min Min Kayw ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၁၀ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုကို လက်တလောဆန္ဒပြမှုနဲ့ ဖေဖော်ဝါရီ ၁၀ ရက်က မန္တလေးမှ သံဃာတွေ ဆန္ဒပြတာကို တွေ့ရပါတယ်။ ဒီလင့်ခ်မှာလည်းကြည့်နိုင်ပါတယ်။ ရန်ကုန်မှာ […]

Continue Reading

Fact Check: အမြန်လမ်းကိုပိတ်ထားလိုက်ပြီဆိုတာမဟုတ်ပါ

အမြန်လမ်းကိုပိတ်ထားလိုက်ပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပြီး အမြန်လမ်းကို ပိတ်ထားတာမျိုးမရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတွေက မီဒီယာတွေကို ဖြေကြားထာပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး အမြန်လမ်းရဲတပ်ဖွဲ့ရုံးကတာဝန်ရှိသူတွေပြောချက်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ပိတ်ထားတဲ့ သတင်းမမှန်ကြောင်း ဖော်ပြထားပါတယ်။ အလဲဗင်းနဲ့ ဒီဗွီဘီစတဲ့ မီဒီယာတွေက သတင်းမှာ မဟုတ်မမှန်ဘူးလို့ရေးသားထားပါ။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ဖတ်ရှူ့နိုင်ပါတယ်။ “ပဲခူးတိုင်း ဖြူးမြို့နယ် အမြန်လမ်း ၁၁၅ မိုင်မှာ ပိတ်ဆို့စစ်ဆေးမှု့တွေ […]

Continue Reading

Fact Check: လပွတ္တာက လူစင်စစ်ကနေ ခွေးဖြစ်သွားတဲ့မခင်လှရဲ့ ဖြစ်ရပ်မှန်ဆိုတာ မမှန်ပါ

လပွတ္တာမှာ လူစင်စစ်က ခွေးဘဝကူးသွားခဲ့မခင်လှဖြစ်ရပ်မှန်လို့ ရေးသားလျှက် မျှဝေထားတဲ့အကြောင်းအရာကို ဘလော့ဂ်စာမျက်နှာများ၊ ယူကျူး(youtube)နဲ့ဖေ့စ်ဘွတ်စတဲ့ ပလက်ဖောင်းတွေမှာပျံနှံ့လျက်ရှိပြီး ေထာင်ေပါင်းများစွာက ပြန်လည်မျှေဝေနတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်ဝန်းကျင် ၂၀၀၂ ခုနှစ်ဝန်းကျင်က လပွတ္တာမှာ မခင်လှဆိုတဲ့ မိန်းမပျိုလေးဟာ မိခင်ကို ရိုင်းရိုင်းပြပြနဲ့ ခွေးနဲ့နှိုင်းပြောမိတာကြောင့် ခွေးဖြစ်သွားတဲ့ ဖြစ်ရပ်မှန်လို့ ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲရဲ့နောက်ခံစကားပြောသူက  လပွတ္တာမှာဖြစ်သွားတဲ့ တကယ့်ဖြစ်ရပ် မှန်ဖြစ်ပြီး အသက်က ၁၆-၁၇ အရွယ်မခင်လှဆိုတဲ့ အမျိုးသမီးငယ်ရဲ့ မိဘကိုစော်ကားမိတဲ့ အတွက် လူစင်စစ်ကနေ ချက်ချင်းခွေးဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လို့လည်း ပြောဆိုထားပါတယ်။မခင်လှဟာ မိခင်ဖြစ်သူ ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ခွေးမကြီးလို့ ပြောရင်း တက်သွားပြီးနောက်မှာ သတိပြန်ရလာချိန်မှာ လူစင်စစ် ကနေ ခွေးလိုနေ၊ ခွေးလိုစား၊လေးဘက်ထောက်သွားတော့တယ်လို့ လည်းပြောပါတယ်။ ဒီဖြစ်စဉ်ကို တစ်မြို့လုံး တစ်နယ်လုံး […]

Continue Reading

Fact Check: အာရပ်စော်ဘွားများပြည်ထောင်စုရောက် ဟိန္ဒူသာသနာပြုအဖွဲ့ပုံ ကို ဆော်ဒီအာရေးဗီယားက သံဃာတွေအဖြစ်မျှဝေ

ဆော်ဒီအာရေးဗီးယားမှာ သံဃာတွေကို အရိုအသေပေးပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည် မျှဝေထားတွေ့ရပါတယ်။ မြန်မာနိုင်ငံက ဘာသာကို မစောင့်ရှောက်ပေမဲ့ အစ္စလာမ်ဘာသာတရားကို ပြင်းပြင်းထန်ထန်ကျင့်သုံးတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဘုန်းတော်ကြီးတွေကို အရိုအသေပေးနေတယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ဆော်ဒီအာရေးဗီးယားကမဟုတ်ဘဲ အာရပ်စော်ဘွားများပြည်ထောင်စု က ဓာတ်ပုံတွေဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ “Satsang Tour of UAE, Oman and Bahrain”လို့ရေးသားထားတဲ့ baps.org က မျှဝေထားတာတွေ့ရပါတယ်။ အိန္ဒိယအခြေစိုက် ဟိန္ဒူသာသနာပြုအဖွဲ့က အာရပ်စော်ဘွားများပြည်ထောင်စုမှ သာသနာပြုခရီးသွားစဉ်က ပုံဖြစ်တယ်လို့ရေးသားပြီး မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Baps.org […]

Continue Reading

Fact Check: မိုးကုတ်မှာ ပြည်တန်ပတ္တမြားတစ်လုံး ပေါ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

မိုးကုတ်မြို့မှာ ပတ္တမြားငမောက်တလုံးတွေ့ရှိပြီး ဒါဟာလက်ရှိအစိုးရရဲ့ ဘုန်းကံကြောင့်ပေါ်ထွက်လာတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာတော့”ဒီတစ်ခါ ငမောက်ပတ္တမြား မြန်မာပြည်က ဘုရင်မ အတွက်ပဲ ”လို့ ခေါင်းစဉ်တပ်ထားပြီး “မိုးကုတ်မြေမှ နောက်ထပ်ပတ္တမြားငမောက် ထွက်ပေါ်ဘုန်းကံကြီးမားပြီး တရားစောင့်တဲ့၊ မင်းကောင်းမင်းမြတ်တွေလက်ထက်မှာ မြေအောက်ထဲက အဖိုးတန်တဲ့ကျောက်မျက်ရတနာတွေ မြေပေါ် ပေါ်ထွက်လာရတယ်လို့ ယုံကြည်စကား ရှိကြပါတယ်။ အခုလည်း မိုးကုတ်မြေကနေ အလွန်တစ်ရာမှ အဖိုးထိုက်တန်မယ့် ပတ္တမြားကြီးတစ်လုံး ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ကာရက် ၉၀ကျော်တဲ့ပတ္တမြားကြီးတစ်ပွင့်ကို မိုးကုတ်မှာ တူးဖော်ရရှိလို့ သက်ဆိုင်ရာဆီအပ်နှံလိုက်ပါပြီ … တဲ့။ မြန်မာ့သမိုင်းမှာ နာမည်ကျော် ပတ္တမြားငမောက်ကြီးဟာ မိုးကုတ်မြေက ထွက်ခဲ့တာပါ။ အခု…အေမစု လက်ထက်မှာ တွေ့ရှိတဲ့ ပတ္တမြားကြီးကရော နောက်ထပ်ပတ္တမြားငမောက်လို့ ပြောရလေမလား? ပတ္တမြားငမောက်အကြောင်း ဖတ်ဖူးခဲ့သလောက် ရတီ ၉၀ကျော်ပဲရှိတယ်ဆိုတော့ ၈၂ကာရက္နီးပါးပဲရှိနေပါတယ်။ အခုက […]

Continue Reading

Fact Check: သံဖြူဇရပ် မိန်ဗလာတောင်က ရတနာသိုက်က ရှာဖွေတွေ့ရှိတဲ့ ရတနာတွေလား- မဟုတ်ပါ

သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်က ဂျပန်ရတနာသိုက်တွေ့ရှိတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ သံဖြူဇရပ် မိန်ဗလာတောင်မှာ တွေ့ရတဲ့ ရတနာသိုက်က ရွှေချောင်းတွေ အဖြစ်ဓာတ်ပုံ ၆ ပုံနှင့်အတူ လှိုင်ခေါင်းထဲ ဝင်ရောက်နေပုံနဲ့ ကုမ္ပဏီတစ်ခုက ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ တူရကီနဲ့ ဖိလစ်ပိုင်နိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး မျှဝေထားတာတွေ့ရပြီး သံဖြူဇရပ်မှာ အခုလိုရွှေချောင်းတွေ တွေ့ရ တယ်ဆိုတာ မဟုတ်ဘူးလို့ သံဖြူဇရပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က Fact Crescendo Myanmar ကိုအတည်ပြုပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သံဖြူဇရပ် […]

Continue Reading

Fact Check: ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားလေယာဉ်ပျက် ကျမှု မှတ်တမ်းကို အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုအဖြစ်မျှဝေနေ

လေယာဉ်စီးခရီသည်တစ်ဦးက လေယာဉ်ရေထဲပျက်ကျစဉ်မှာ ရိုက်ထားတဲ့ ဗွီဒီယိုတစ်ခုကို အင်ဒိုနီးရှား လေယာဉ် ပျက်မှုအဖြစ်လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ၂ မိနစ်နဲ့ ၃၀ စက္ကန့်ရှည်လျားတဲ့  ဒီဗွီဒီယိုမှာ လေယာဉ်ရေထဲပျက်ကျသွားတာကို လေယာဉ်ပေါ်မှာ လိုက်ပါလာ တဲ့သူက မှတ်တမ်းရိုက်ကူးထားထားတာလည်းပါဝင်ပြီး လေယာဉ်ပေါ်ပါလာသူ အသက်ရှင်ကျန်ရစ်သူ က ပြန်ပြောနေတဲ့ အပိုင်းလည်းပါဝင်ပါတယ်။  ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ ဒီဗွီဒီယိုဟာ တကယ်တမ်း အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုမှတ်တမ်းမဟုတ်ဘဲ ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားခရီးသည်တင်လေယာဉ်ပျက်ကျစဉ်က ဗွီဒီယိုသာဖြစ်ပါတယ်။ “အင်ဒိုနီးရှား လေယာဥ်မှူးရေထဲကိုအညင်သာဆုံးဆင်းတာပဲ လေယဥ်ပေါ်ပါခရီးသည်ရိုက်ထားတဲ့ video file လူသားချင်းစာနာသနားမိပါတယ် M. T. A. Crd”လို့ ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ မြန်မာနိုင်ငံမှာတွေ့ရတဲ့ “ငေါင်း”ပုံအဖြစ်မျှဝေနေတဲ့ပုံအမှား

မြန်မာနိုင်ငံ ကရင်ပြည်နယ်မှာ တွေ့ရတဲ့ “ငေါင်း”လို့ခေါ်တဲ့ သတ္တဝါအဖြစ် လူတစ်ယောက်ရွှံ့နွံလူးထားဟန်နှင့် သဏ္ဌာန်တူ ဓာတ်ပုံအချို့နှင့်အတူ ဖေ့စ်ဘွတ်နဲ့ ယူကျူချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ  ရေညှိနဲ့ရွှံ့နွံအသုံးပြုပြီး ပြင်သစ်အနုပညာရှင် တစ်ဦးဖန်တီးထားတဲ့ အနုပညာ လက်ရာတွေဖြစ်ပါတယ်။  “ကရင်ပြည်နယ်မှာ​တွေ့လိုက်ရတဲ့ မျိုးသုန်း​ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ “​ငေါင်း”လို့ရေးသားပြီး “Today MM”အမည်နဲ့ ယူကျူချန်နယ်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  |  Archive link ထို့အပြင် “ဒီကနေ့ပဲ ကမ်မ္ဘောဒီးယား Page တစ်ခုကနေ ပြန့်လာတာခပ်ဆန်းဆန်းလူလိုလိုသရဲလိုလိုနဲ့ သတ္တဝါတစ်ကောင်ပုံကို တော်တော်များများက ဘာကောင်းလဲသိချင်ကြပြီး၊ တစ်ချို့ကတော့ သစ်သားကိုထွင်း ထုထားတာလို့ဆိုကြပါတယ်။ တကယ်တော့ဒီသတ္တဝါဟာ မျိုးတုန်းလုနီးပါး ပျောက်ကွယ်နေသော ငေါင်းဆိုတော့ သတ္တဝါသာဖြစ်ပါတယ်။ ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး၊ ယခုအခါမှာတော့ မရှိသလောက်ကိုရှားသွားပြီဖြစ်ပါတယ်။ လူတော်တော်များများက […]

Continue Reading

Fact Check: ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်ဆိုတာ မဟုတ်ပါ

ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိရတယ်လို့ ဇန်နဝါရီ ၁၀ ရက်မွန်းလွဲပိုင်းမှာ လူမှုကွန်အသုံးပြု သူများအကြား စတင်ပျံ့နှံ့လာခဲ့တဲ့ ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်လို့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ရွှေမဟာနွယ် သွေးနှင့်ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်အကောင့်ကနေ အတည်မပြုနိုင်တဲ့ သတင်းစတင်ဖြန့်ဝေပြီး နောက်မှာ အခုလို ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိတ်အသစ်တွေ့တယ်ဆိုပြီးတော့ ထပ်မံပြန့်နှံ့လျက်ရှိတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများအကြားပျံ့နှံ့ခဲ့သောပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ဒီနေရာ၊ ဒီနေရာ ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ “ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီတိုင်းတွင် စတင်တွေ့ရှိပါပြီလို့သိရပါတယ်.. အလွန်ကူးစက်မြန်ပါတယ်.. သတိထားကြပါ GSL ”လို့ရေးသားပြီး “Aung Naing Htwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၁၀ ရက်နေ့လည်ပိုင်းမှာ ထပ်မံ မျှဝေခဲ့ပါတယ်။ မူရင်းလင်ခ့် –  Fb link […]

Continue Reading

Fact Check: လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျနိုင်လား- မဟုတ်ပါ

တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ကျင်းပဖို့အတွက် ကိုယ်စားလှယ်တွေကို  နှိုးဆော် ခေါ်ယူနေချိန် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျ နိုင်တယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ မျှဝေနေတာ တွေ့ ရပါတယ်။ လွှတ်တော်နာယက က လွှတ်တော်ခေါ်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်လာမတက်ရင် ထောင်ကျခံရမယ်လို့ရေးသားမျှဝေနေတာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်ကမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အစိုးရဖွဲ့နိုင်တဲ့အရေ အတွက်ထက် ကျော်လွန်ပြီး အနိုင်ရထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ(USDP) က ၃၃ နေရာသာအရွေး ချယ်ခံထားရပါတယ်။ သို့သော်လည်း လွှတ်တော်မတက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ထောင်ဒဏ်ချ မှတ်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်မျိုး Fact Crescendo Myanmar အနေနဲ့ မတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading