Fact Check: ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးမှု သတင်းတု

ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးခဲ့တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုတစ်ခု News In Burmese အမည်နဲ့ ယူကျူ့ချန်နယ်က ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ “News In Burmese”အမည်နဲ့ ယူကျူ့ချန်နယ်မှာ မျှဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “21 June 2023, ရွှေတီဂုံစေတီ RPGနဲ့ထုခံရလို့ ပွဲဆူကုန်ပြီ။” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖြန့်ဝေနေတဲ့ News in Burmese ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ‌ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo Myanmar အနေနဲ့ ဒီယူကျူ့ချန်နယ်က ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို […]

Continue Reading

Fact Check: ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်ချိန် ဗုံးပေါက်လို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံးတဲ့ သတင်းတု

ဇွန်လ (၁) ရက်နေ့ ကျောင်းဖွင်းချိန် ရန်ကုန်နဲ့ မန္တလေးမှာ ဗုံးပေါက်ကွဲလို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံး တယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်ကောင်စီ လက်အောက်ကကျောင်းဖွင့်ချိန်ကို အကြောင်းပြုပြီး လူစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်လွဲတပ်ပြီး မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို မျှဝေနေခြင်းဖြစ်တယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ အခုလို ဗုံးပေါက်ကွဲမှုကြောင့် ဆရာ၊ဆရာမ ၃၀ ဦးသေဆုံးတဲ့ သတင်းမပါဝင်ပါဘူး။ သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး ထို့အပြင် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဇွန် […]

Continue Reading

Fact Check: မုန်တိုင်းကြီးဝင်လာပြီ ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု

မုန်တိုင်းကြီးဝင်လာပြီ ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မုန်တိုင်းကြီးသတင်း၊ ဘေးလွတ်ရာကိုအမြန်ပြောင်းရွေ့ပေးကြပါ။” တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် အင်အားအလွန့်အလွန်ပြင်းတဲ့ ဖျက်အားပြင်း မိုခါဆိုက်ကလုန်းမုန်တိုင်း မေ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်မှုအပြီး နောက်ထပ် ဘင်္ဂလာပင်လယ်အော်မှာ မုန်တိုင်းသတိပေးချက် တစ်စုံတစ်ရာမရှိပါဘူး။ ပြည်တွင်းနဲ့ နိုင်ငံတကာမိုးလေဝသ အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်လည်းမရှိပါဘူး။ အခုလို မုန်းတိုင်းဝင်လာလို့ ဘေးလွတ်ရာကို အမြန်ပြောင်းရွှေ့ကြဖို့တိုက်တွန်းထားတဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတာကလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက “နေ့စဉ်မိုးလေဝသသတင်း”ကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလ(၂၉)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်ကို ဖတ်ကြားနေခြင်းဖြစ်ပြီး […]

Continue Reading

Fact Check: ကမ်းခြေကို လှိုင်းရိုက်နေတဲ့ ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို တိုက်ဖွန်းမုန်တိုင်း ဟိုင်ယန်ဝင်‌ရောက်စဉ်က ပုံဖြစ်တယ်

အမျိုးအစား ၅ မုန်တိုင်းအဆင့်ရှိ ဖျက်အားပြင်း မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက တဆင့် မြန်မာနိုင်ငံကုန်တွင်းပိုင်းကို မေ ၁၄ ရက်မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာမှာ ဒီမုန်တိုင်းသတင်းနဲ့အတူ သတင်းဓာတ်ပုံ အမှားအချို့လည်း ပျံ့နှံ့ခဲ့တာ Fact Crescendo Myanmar က သတိပြုမိပါတယ်။  ဒီမုန်တိုင်းကြောင့် စစ်တွေတမြို့လုံးနီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လောလောဆယ် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်မှုအသေးစိတ်ကို မသိရသေးပါဘူး။ အောက်ဖော်ပြပါ ဓာတ်ပုံကတော့ မုန်တိုင်းနဲ့အတူဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ဓာတ်ပုံတစ်ပုံဖြစ်တယ်။ ဓာတ်ပုံနဲ့အတူဖော်ပြထားတဲ့ စာသားတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။  “ဒီအတိုင်းသာဆို စစ်တွေ တစ်မြို့လုံး နီးပါး ရေဖုံးတော့မယ် “မိုခါ” မုန်တိုင်းက စစ်တွေ နဲ့ မိုင် ၃၀ အကွာမှာ ရောက်နေပြီ ဆက်သွယ်ရေး စနစ်တွေ ပြတ်တောက်သွားပါပြီ။ MPT Telenor အော်ရီဒူး […]

Continue Reading

Fact Check: ရန်ကုန်ကို မုန်တိုင်းစတိုက်နေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ဆိုက်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ခြေရှိတဲ့ သတင်းဟာ ဒီရက်ပိုင်းအတွင်းမှာ ရေပန်းစား နေပါတယ်။ ဒီလိုခြေအနေမှာ ရန်ကုန်မှာ မုန်တိုင်းဝင်နေပြီဆိုတဲ့ ဗွီဒီယို ယူကျူ့မှာဖြန့်ဝေထားတာမှာ ဝင်ရောက်ကြည့်ရှူ့မှု များပြားလျက်ရှိပါတယ်။   “ရန်ကုန်ဆိပ်ကမ်း စတိုက်နေပြီး အိမ်တွေပါကျွတ်ထွက်ကုန်ပြီ (ဘေးကင်းကြပါစေ)”လို့ရေးသားထားပြီး ဗွီဒီယိုထဲမှာ လေပြင်းတိုက်နေတဲ့ ရုပ်သံဖိုင်တစ်ခုလည်းပါဝင်ပါတယ်။  ကြည့်ရှူ့မှုများပြားနေတဲ့  ယူကျူ့ မှာတင်ထားတဲ့ ဗွီဒီယိုရဲ့ စရင်ရှော့ဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link ဒီရုပ်သံဖိုင်မှာလေပြင်းတိုက်ခိုက်မှုကြောင့် အိမ်တွေပေါ်ကဖြတ်ပြီး အမှိုက်သရိုက်နဲ့ သဲ၊ဖုန်တွေ လွင့်နေတဲ့မြင်ကွင်းလည်းပါဝင်ပါတယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပြီး ၂၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၈ သိန်းကျော်ရှိပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ ရုပ်သံမြင်ကွင်းဟာ ၂၀၂၃ ခုနှစ် ဧပြီ […]

Continue Reading

Fact Check: သင်္ကြန်မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကွယ်လွန်တဲ့သတင်းပေါက်ကြား ဆိုတဲ့ သတင်းတု

သင်္ကြန်မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်သေဆုံးသွားခဲ့တဲ့ သတင်းပေါက်ကြားလာတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို မျှဝေနေခြင်းဖြစ်ပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်ဖြစ်တယ်။ “Page 191”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “သင်္ကြန်ပြီးမတရားဝင်ကြေညာမဲ့အမေစုသတင်း”လို့ရေးသားမျှဝေထားပြီး ဗွီဒီယိုထဲမှာတော့ ‌ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဓာတ်ပုံတို့နဲ့အတူ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ”လို့ရေးသားထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံစာသားထဲမှာတော့ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ”လို့ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ ဧပြီ ၄ ရက်က မြန်မာနောင်း သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို ဖုံးကွယ်ခဲ့ကြောင်း ဒေါ်စန္ဒာမင်း ဝန်ခံ”ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။   ဘီဘီစီ […]

Continue Reading

Fact Check: ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ ဂျပန်ထုတ်နာရီဝယ်ဖို့ တန်းစီစောင့် ဆိုင်းရင်း လူတွေမူးလဲကျတာလား -မဟုတ်ပါ

ဂျပန်နာရီဝယ်ဖို့ ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ တန်းစီစောင့်ဆိုင်းနေရင်း အချို့ဆိုမူးလဲကျခဲ့ကြတဲ့ အထိဖြစ်ခဲ့တယ်လို့ဆိုပြီး ဓာတ်ပုံအချို့နှင့်အတူ နာရီအ‌ရောင်းကြော်ငြာပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အကြောင်းအရာ အသီးသီးနဲ့ မျှဝေထားတဲ့ ဓာတ်ပုံတွေကို နားလည်မှုလွဲစေအောင် ဖြန့်ချိမှုဖြစ်ပါတယ်။  အောက်ပါစာသားနဲ့ စရင်ရှော့ဓာတ်ပုံကတော့ ဧပြီ ၁၁ ရက်ကဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့ ပို့စ်တစ်ခုက ဖြစ်ပါတယ်။  “ဂျပန်နာရီဝယ်ရန် တန်းစီစောင့်ဆိုင်းနေသောကြောင့် ရန်ကုန်မြို့ရှိ Mall တွင် ဒါဇင်နှင့်ချီသောလူများ 43,633 MMK / 1 လုံး 😵‍( ပေါင်းစည်းဝယ်ယူသည့်အခါ 2 အခမဲ့ 1 : 130,900 MMK ) မနေ့က ဂျပန်နိုင်ငံရဲ့ မျိုးဆက်သစ် 2023 စမတ်နာရီကို 1 […]

Continue Reading

Fact Check: ဒီဓာတ်ပုံပါ ကလေးငယ်တွေဟာ ဒီမော့ဆို စစ်ရှောင်းစခန်းကဖြစ်ပြီး ကန့်ဘလူ ပဇီကြီးရွာကမဟုတ်ပါ

ကန့်ဘလူ ပဇီကြီးရွာက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေး ရုံးဖွင့်ပွဲ အခမ်းအနားတစ်ခုကို မြန်မာစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်နဲ့ အမျိုးသမီးများအပါအဝင် ရာဂဏန်းထက်မနည်း ထိခိုက်သေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ပဇီကြီးရွာကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကလေးငယ်တွေ ထမင်းစားနေစဉ်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။  တကယ်တော့ ဓာတ်ပုံတွေဟာ ကယားပြည်၊ ဒီမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ကလေးငယ်တွေ့ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “ကန့်ဘလူမြို့၊ ပဇီကြီးရွာကအခင်းမဖြစ်ပွားမှီကလေးငယ်များ ထမင်းစားနေကြပုံ😥😥 #credit”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံကို ကြည့်ပါ။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ […]

Continue Reading

Fact Check:  ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန် ဖျက်သိမ်း ကြောင်း ကြေညာဆိုတဲ့ သတင်းတု

ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ ခေတ်သစ်မီဒီယာကသတင်းကို နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာ” ဆိုပြီး ရေးသားထားပြီး “Aung Kyaw” အမည်နဲ့ ဖေ့ဘွတ်စ်အသုံးပြုသူက မျှဝေထားပါတယ်။ အဆိုပါ ပို့စ်ကို ပြန်လည်ဖြန့်ဝေထားမှုပေါင်း တစ်ထောင်နီးပါး ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် […]

Continue Reading

Fact Check: ရန်ကုန် Hirosima မှာ နာရီဝယ်ဖို့ စောင့်နေတဲ့လူတန်းရှည်ကြီးလား-မဟုတ်ပါ

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ Hirosima စတိုးမှာ SMW T500 Series နာရီဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတန်းရှည်ကြီးကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရတယ်လို့ဆိုထားတဲ့ ဓာတ်ပုံနဲ့အတူ နာရီ ကြော်ငြာ တစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အချက်အလက်အတုအယောင်တွေ အသုံးပြုပြီး ကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ပါ ဖော်ပြချက်တစ်ချို့ဖြစ်ပြီး လူတွေတန်းစီနေတဲ့မြင်ကွင်း၊ စမတ်လက်ပတ်နာရီပုံတွေပါဝင် ဓာတ်ပုံ ၄ ပုံလည်းပါဝင်ပါတယ်။  “ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု ပြင်းထန်။ 😵အဓိက အကြောင်းရင်းမှာ T500 SmartWatch ကို လျှော့စျေးဖြင့် ဝယ်ယူရန် ထောင်ပေါင်းများစွာသော လူများသည် HIROSIMA စတိုးသို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။  မနေ့ကဗိုလ်ချုပ်အောင်ဆန်းလမ်းမှဖြတ်သန်းသွားသူမည်သူမဆိုသည်Hirosima🥵စတိုးဆိုင်ရှေ့တွင်ထောင်ပေါင်းများစွာသောလူထောင်ပေါင်းများစွာကိုမြင်တွေ့ရလိမ့်မည်မှာသေချာသည်။ HIROSIMA သည် ဂျပန်နိုင်ငံတွင် အလွန်ကျော်ကြားသော […]

Continue Reading