Fact Check: စက်ရုပ်မိန်းမ Elon Musk တီတွင်ထုတ်လုပ်ပြီး ဈေးကွက်ကို ဖြန့်ချိမလား-မဟုတ်ပါ

၂၀၂၃ ခုနှစ် စက်တင်ဘာလထဲမှာ  ၃ နာရီအားသွင်းရုံနဲ့ တစ်လသုံးလို့ရမယ့် စက်ရုပ်ဇနီးသည်ကို စွန့်ဦးတီထွင် လုပ်ငန်းနဲ့ နာမည်ကြီးတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်က ဈေးကွက်ကို ဖြန့်ဝေတော့မယ် ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီစာသားနဲ့ အတူ အီလွန်မက်က အမျိုးသမီးပုံ စက်ရုပ်အချို့နဲ့ အနမ်းပေးနေတဲ့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ “Elon Musk ၏ ကုမ္ပဏီ မှ လိင်ပိုင်းဆိုင် နှင့် အခြားလူသားတွေအတွက်အကျိုးပြုနိင်မယ့်စက်ရုပ် အမျိုးသမီးများကို မကြာခင်စျေးကွက်သို့ရောက်ရှိလာတော့မှာဖြစ်ပါတယ်  စက်ရုပ်များသည် အမြင့် ၅ပေ ၈ လက်မရှိပြီ အလေးချိန် ၁၂၅ ပေါင် လှုပ်ရှားမူအရှိန် တစ်နာရီ ၅ မိုင်နှုန်းထိရှိပါတယ်။”စသဖြင့် ရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ […]

Continue Reading

Fact Check: အိုဘားမားနဲ့တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ် မိုရီရဲ့ အင်္ဂလိပ်လို မှားယွင်း ပြောကြားချက်လား- တကယ်မဟုတ်ပါ

အင်္ဂလိပ်လို မပြောတတ်တဲ့ ဂျပန်ဝန်ကြီးချုပ်မိုရီဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့တွေ့ဆုံစဉ်မှာ မှားမှားယွင်း ယွင်းပြောဆိုခဲ့တဲ့ တကယ်အဖြစ်အပျက်ဆိုပြီးတော့ ဓာတ်ပုံစာသားပို့စ်တစ်ခု ‌ မြန်မာဘာသာနဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ အမှန်တကယ်အဖြစ်အပျက် တစ်ခုမဟုတ်ဘဲ နိုင်ငံရေးဟာသတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုရီဟာ ဝါရှင်တန်ကိုသွား ရောက်ပြီး သမ္မတအိုဘားမားနဲ့မတွေ့ခင်မှာ အင်္ဂလိပ်လို အပြန်အလှန်ပြောဆို နှုတ်ဆက်တဲ့ စကားပြောကို သင်ယူခဲ့ပြီး “Who”နဲ့ “How”မှားယွင်းပြောကြားမိတာကြောင့် ဟာသဖြစ်ခဲ့ရသလို အရှက်တကွဲဖြစ်ခဲ့ရတဲ့ အကြောင်းရေးသားထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ပို့စ်အောက်မှာ ဒီဖြစ်စဉ်တကယ်မဟုတ်ဘဲ ဟာသဖြစ်တဲ့အကြောင်းမှတ်ချက်ပေးကြတာ တွေ့ရပါတယ်။ ပထမဆုံး အမေရိကန်သမ္မတအိုဘားမားနဲ့ ဂျပန်မှာ […]

Continue Reading

Fact Check: အမေရိကန်မှာ ငွေထုတ်မရလို့ ဘဏ်တွေကို ဆန္ဒပြနေပုံလား-မဟုတ်ပါ

အမေရိကန်မှာ ငွေထုတ်မရလို့ ဘဏ်တွေကို ဆန္ဒပြနေတယ်လို့ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့ခဲ့တာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။  အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ပို့စ်ပဲဖြစ်ပါတယ်။ “US မှာတော့ ဘဏ်တွေမှာ ပိုက်ဆံလိုသလောက် ထုတ်မရလို့ ဆန္ဒပြကြပြီ”စသည်ဖြင့်ရေးသားပြီး ဓာတ်ပုံ ၄ ပုံနဲ့အတူဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေရဲ့ နာမည်တွေ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်တွေကမောက်ကမဖြစ်အောင်လုပ်ခဲ့တဲ့ အမေရိကန် အခု တန်ပြန်သက်ရောက်မှုဒဏ်ကိုခံစားနေရ ပြီလို့လည်း ဒီပို့စ်ကဆိုပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ၁၀စုနှစ်တစ်ခုကျော်က ဘဏ္ဏာရေးအကြပ်အတည်း ဖြစ်စဉ်တွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ […]

Continue Reading

Fact Check:‌ အမေရိကန်သမ္မတဟာ ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းမထားပါ

အမေရိကန်ရဲ့အခြေခံဥပဒေမှာ သမ္မတနဲ့ ဒုသမ္မတဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမယ်လို့ ပြဌာန်းထား တယ်လို့ဆိုပြီး  ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်မှာ အမေရိကန်အခြေခံဥပဒေမှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာ ဝင်သာဖြစ်ရမှာဖြစ်သလို သမ္မတအိမ်ဖြူတော်မှာ ခရစ်ယာန်ကလွဲလို့ အခြားဘာသာဝင်တွေ တာဝန်ထမ်းဆောင် ခွင့်မရှိဘူးဆိုပြီး “Saw Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၅၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအချက်အလက်မှား ပျံ့နှံ့ခဲ့ဘူးပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ တကယ်တော့ အမေရိကန်ဖွဲ့စည်းပုံအခြေခဥပဒေတစ်ခုလုံးမှာ “ဘာသာရေး”လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “religion”ဆိုတဲ့ စကားလုံး ၂ လုံးသာပါဝင်တာတွေ့ရပါတယ်။  […]

Continue Reading

Fact Check: ဒီပေါင်မုန့်ချောင်းကိုင်ထားတဲ့ အဘိုးအိုက လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က ဓာတ်ပုံဖြစ်တယ်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနိုင်ငံမှာ ငလျင်မလုပ်ခင် အိမ် ၃ လုံးပိုင်ခဲ့တဲ့ အဖိုးအိုတစ်ဦးဟာ ငလျင်လှုပ်အပြီး စက္ကန့် ၄၀ အတွင်းမှာ အိမ် ၃ လုံးလည်းမရှိတော့သလို စားသောက်စရာမရှိတော့လို့ တခြားသူတွေပေးတဲ့ မုန့်ကို ယူပြီရပ်နေရတဲ့ ဘဝကို ရောက်သွားတယ်လို့ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာဖြန့်ဝေနေကြပါတယ်။ ဓာတ်ပုံထဲမှာ ပျက်စီးနေတဲ့ အဆောက်အဦးတစ်ခုရဲ့ ရှေ့မှာ ပေါင်မုန့်ကြမ်း အချောင်းအချို့ ကိုင်ရပ်ပြီး မျက်စေကို ပွတ်နေတဲ့ အဘိုးအိုတစ်ဦးပါဝင်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီမှာ လှုတ်ခတ်ခဲ့တဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  “6-2-2023.ရက်နေ့ တူရကီနိုင်ငံ မြေငလျင်မလုပ်ခင် စက္ကန့် လေးဆယ်အလိုမှာ အဲဒီ ပုဂ္ဂိုလ်ထံမှာ အိမ် သုံး […]

Continue Reading

Fact Check: တရုတ်မှာ အဆောက်အဦးဖြိုချမှုဗွီဒီယိုကို တူရကီမှာ ငလျင်ကြောင့် ပြိုကျမှုအဖြစ် ဖြန့်ဝေ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနဲ့ဆီးရီးယားမှာ  မြေငလျင်လှုပ်ခတ်တာကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေဆိုပြီးတော့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အက်ကွဲနေတဲ့ လမ်းမတွေ၊ ပြိုကျသွားတဲ့အဆောက်အဦးတစ်လုံး၊ အထပ်မြင့်အဆောက်အဦးတွေ ပြိုကျမှုမြင်ကွင်းစတဲ့ ဗွီဒီယိုအစိတ်အပိုင်းတွေပါဝင်ပြီး စုစုပေါင်း ၂ မိနစ် ၅၀ စက္ကန့်ရှည်လျားပါတယ်။ ဒီပို့စ်ကို တူရကီငလျင်ဖြစ်ပွားပြီးနောက် ၂ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်က မျှဝေထားရာမှာ လက်ရှိအချိန်အထိ ဖေ့စ်ဘွတ်အသုံးပြုသူတွေ ၂၅၀၀၀ က ပြန်လည်မျှဝေထားပြီး ကြည့်ရှု့မှုပေါင်း သန်းချီရှိပါတယ်။  “တူရကီနိုင်ငံနှင့်ဆီးရီးယားတို့တွင် ကမ္ဘာ့အကြီးမားဆုံး မြေငလျင်လှုပ်ခတ်ခြင်း 6•2•2023”စသည်ဖြင့် ရေးသားလျှက် “ဘုရားတရားသံဃာ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link […]

Continue Reading

Fact Check: မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်တဲ့သတင်းမှား

မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်လိုက်ပြီလို့ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တစ်ချို့ကနေ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ထိုင်းနဲ့ ပူးတွဲလေ့ကျင့်မယ် စစ်ရေးလေ့ကျင့်မှုတခုအတွက် အမေရိကန်တပ် သားတွေ ထိုင်းနိုင်ငံစေလွှတ်မှုသတင်းကို နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းခေါင်းစဉ်အသုံးပြုဖြန့် ဝေနေခြင်းဖြစ်ပါတယ်။ “မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်ပြီ”ဆိုတဲ့ခေါင်းစဉ်နဲ့ ဗွီဒီယိုတစ်ခုကို “Real News Myanmar”အမည်နဲ့ ယူကျူ့ချန်နယ်က ဖေဖော်ဝါရီ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီလိုဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာတွေကတော့ “အမေရိကန် တပ်သား ၆,၀၀၀ ကျော် စစ်ရေး လေ့ကျင့်ရန် ဒေသတွင်း […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ၂၀၁၁ ခုနှစ် ဂျပန်ငလျင်က မှတ်တမ်းဗွီဒီယိုဖြစ်တယ်

တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကို ကားပေါ်က မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၁ ခုနှစ် မတ်လအတွင်းက ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်က မှတ်တမ်းဖြစ်ပါတယ်။ တူရကီနဲ့ ဆီးရီးယားမှာ ဖေဖော်ဝါရီ ၆ ရက်က ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့အပြီးမှာ ဖေဖော်ဝါရီ ဒုတိယပတ်အထိ အပျက်အစီးများကြားကနေ သေဆုံးသူပေါင်း ၂၅၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ တစ်သန်းလောက် အတိဒုက္ခရောက်ခဲ့ရပါတယ်။ ဒီလိုအခြေအနေနဲ့အတူ “တူရကီနိုင်ငံမှာ/လှုပ်ခဲ့သော အားပြင်းမြေငလျင်”လို့ ရေးသားပြီး “THaw Ham” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြု သူက ဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားရာ ပြန်လည်မျှဝေမှုပေါင်း ၃၃၀၀ ကျော်ရှိတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ […]

Continue Reading

Fact Check: ငလျင်ကြောင့် တူရကီကမ်းခြေကို ဆူနာမီလှိုင်းတွေဝင်ရောက်လာပုံလား-မဟုတ်ပါ

တူရကီမှာ ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိခိုက်သေဆုံးမှုတွေအများအပြား ရှိတဲ့ သတင်းတွေ ပျံ့နှံ့လာချိန်မှာ တူရကီနိုင်ငံက ကမ်းခြေတစ်ခုကို ဆူနာမီရေလှိုင်းတွေ ဝင်ရောက်လာတဲ့ ဗွီဒီယိုအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ကမ်းခြေတစ်ခုမှာ အပန်းဖြေသူ တွေနဲ့ စည်ကား နေစဉ်မှာပဲ ရေလှိုင်းတွေက ဝင်ရောက်လာခဲ့တာကို ဗွီဒီယို ထဲမှာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၇ ခုနှစ်က တောင်အာဖရိက ဒပ်ဗန်(Durban)ကမ်းခြေကို အသေးစားဆူနာမီလှိုင်းဝင်ရောက်ခဲ့ မှုဖြစ်စဉ် မှတ်တမ်းဖြစ်ပါတယ်။  “ယနေ့ တူရကီ (6.2.2023)”လို့ ရေးသားပြီး “Ba Maung” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို […]

Continue Reading

Fact Check: မက်ဆီပုံနဲ့ပိုက်ဆံကတကယ်လား-မဟုတ်ပါ

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေအကြား လွှမ်းမိုးမှုအရှိဆုံးပွဲတစ်ပွဲဖြစ်ပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရချိန်ဟာ နိုင်ငံတစ်နိုင်ငံ၊ ကစားသမားတစ်ယောက်အနေနဲ့  ဂုဏ်ယူရဆုံးအခိုက် အတန့် တစ်ခုဖြစ်တယ်။ ယခုနှစ် အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူနိုင်လိုက်တဲ့  မက်ဆီ(Messi)ဟာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အာဂျင်တီးနားမှာ မက်ဆီပုံနဲ့ ပီဆို ၁၀၀၀ ပိုက်ဆံရိုက်ထုတ်ဂုဏ်ပြုလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ပျံ့နှံ့လျက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားကောက်နှုတ်ချက်ပဲဖြစ်ပါတယ်။ “ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းကို ငွေစက္ကူထုတ်ပြီး ဂုဏ်ပြု မက်ဆီပုံပါတဲ့ ပီဆို ၁၀၀၀ တန်အပြင် ၂၀၂၂ ကမ္ဘာ့ချန်ပီယံအသင်းသားတွေနဲ့ ငွေစက္ကူကို အာဂျင်တီးနား အစိုးရက တရား၀င်ထုတ်ပြီး ဂုဏ်ပြုလိုက်ပါတယ်။ […]

Continue Reading