Fact Check: ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် အပြီးသတ်အမိန့်ချ နစက ဉက္ကဌကိုဖမ်းဆီးဆိုတဲ့ သတင်းတု

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာနိုင်ငံကို အပြီးသတ် အမိန့်ချလိုက်ပြီလို့ဆိုထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြစ်ပါတယ်။ “TepPon News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၃ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။ “ICJ အပြီးသတ် အမိန့်ချလိုက်ပြီ”လို့ရေးသားထားသလို ဖြန့်ဝေနေတဲ့ ဗွီဒီယိုမှာလည်း “ (၁၃) ရက်နေ့ ICJ အပြီးသတ် အမိန့်ချပြီ နစက ဉက္ကဌပါသွားပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့မှုတွေအတွက် အာဂျင်တီးနားမှာ တရားစွဲဆိုမှုကို အာဂျင်တီးနားတရားရုံး က ၂၀၂၁ […]

Continue Reading

Fact Check: မက်ဆီရဲ့ တံတောင်ဆစ်မှာ ၂၄ ပစ္စည်းပဌာန်းထိုးထားတာလား-မဟုတ်ပါ

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေအကြား လွှမ်းမိုးမှုအရှိဆုံးပွဲတစ်ပွဲသလို ကမ္ဘာ့ဖလားကို ကိုင်မြှောက် ခွင့်ရချိန်ဟာ  ဘောလုံးသမားတွေအတွက်လည်း ဂုဏ်ယူရဆုံးအခိုက်အတန်တစ်ခုဖြစ်တယ်။ ယခုနှစ် အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူနိုင်လိုက်တဲ့  မက်ဆီ(Messi)ဟာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနဲ့ အအောင်မြင် ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ထားတဲ့ မက်ဆီရဲ့ တံတောင်ဆစ်မှာ ဗုဒ္ဓဘာသာရဲ့ အဘိဓမ္မာကိုဖော်ညွှန်းတဲ့ ၂၄ ပစ္စည်းပဌာန်းပုံစံထိုးထားတဲ့အတွက် အခုလိုအနိုင်ရသွားလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်ဖြစ်တာတွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ပို့စ်ပါ စာသားကောက်နှုတ်ချက်ပဲဖြစ်ပါတယ်။ “တံတောင်ဆစ်မှာ 24 items(၂၄ ပစ္စည်း) ပုံစံ Tattooထိုးလို့ World Cup ရသွားတဲ့ Messi……. ဒါတောင် အသေးစိတ် တွေ မထည့်ရသေးပါဘူးတဲ့” […]

Continue Reading

Fact Check: ကာတာအသင်း ကမ္ဘာ့ဖလားကစောစောစီးစီးထွက်ခဲ့ရလို့ ကာတာဘုရင် စိတ်ပျက် လက်ပျက်ထိုင်နေတဲ့ပုံလား-မဟုတ်ပါ

ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ပေမဲ့ ကာတာအသင်းဟာ အုပ်စုအဆင့်က နေပဲထွက်ခဲ့ရပြီးနောက် ကာတာဘုရင်ဟာ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကွင်းထဲမှာ ထိုင်နေပုံ အဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သရော်ထားတဲ့ပို့စ်သာဖြစ်ပါတယ်။ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဆော်ဒီအာရေးဗီးယားကလပ် Al-Nassr အသင်းမန်နေဂျာရဲ့ ဓာတ်ပုံဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ သော်လည်း အုပ်စုမှ အစောဆုံး ထွက်ခဲ့ ရပြိးနောက် ကာတာဘုရင် အခြေအနေ”လို့ ရေးသားပြီး “Soccer 88 Sports News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၃၀ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၇၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းရှုံးထွက်အဆင့်တက်သွားလို့ ကာတာ သန့်ရှင်းရေးတွေ အောင်ပွဲခံနေပုံလား-မဟုတ်ပါ

ကမ္ဘာ့ဖလားမှာ ဂျပန်နောက်တဆင့်တက်အပြီး ကာတာသန့်ရှင်းရေးသမားတွေ  အောင်ပွဲခံနေပုံအဖြစ် ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သရော်ထားတဲ့ ဓာတ်ပုံဖြစ်ပါ တယ်။ ဂျပန်က ဖလားဗိုလ်စွဲမယ်လို့ရေးပန်းစားနေတဲ့နာမည်ကြီးအသင်းတွေကို အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းအပြီးမှာ ဒီသရော်စာထွက်လာခြင်းဖြစ်တယ်။ တကယ်တော့ ဓာတ်ပုံဟာအမေရိကန်အာကာသ အေဂျင်စီ(NASA)က ဝန်ထမ်းတွေ ၂၀၁၂ ခုနှစ်က အင်္ဂါဂြိုလ်ပေါ်က အာကာသယာဉ်အောင်စွာချိတ်ဆက်နိုင်အပြီး ပျော်ရွှင်စွာ အောင်ပွဲခံနေကြပုံဖြစ်ပါတယ်။ “ကာတာ သန့်ရှင်းသမားများ ဂျပန်နောက်တစ်ဆင့်တက်၍ပျော်ရွှင်နေကြပုံ”လို့ ရေးသားပြီး “SBD Sports” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ဒီပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ အချို့က သရော်ထားတဲ့ ဓာတ်ပုံ အဖြစ်သဘောပေါက်ကြပေမဲ့လည်း ဒီဓာတ်ပုံရဲ့အစကို မသိကြတာလည်းတွေ့ရပါတယ်။ တူညီတဲ့ ရေးသား မျှဝေမှုတွေကို ဒီနေရာ၊ […]

Continue Reading

Fact Check: FIFA World Cup 2022 ဖွင့်ပွဲဓာတ်ပုံလား-မဟုတ်ပါ

FIFA World Cup 2022 ဖွင့်ပွဲမှာ ကုရ်အာန်ကျမ်းရွတ်ဖွင့်လှစ်ခဲ့တယ်လို့ဆိုထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။တကယ်တော့ ဓာတ်ပုံဟာ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက်အသုံးပြုမယ့် ဘောလုံးကွင်းတစ်ကွင်းကို ၂၀၂၁အတွင်းက ကွင်းဖွင့်ပွဲလုပ်ခဲ့ရာမှာ ကုရ်အာန်ကျမ်းရွတ်ဖတ်မှု သာဖြစ်ပါတယ်။ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ကုရ်အာန်ရွတ်ဖတ်ခဲ့တယ်ဆိုတဲ့အထောက် အထားမရှိပါဘူး။ “FIFA World Cup 2022ပွဲစဥ်အား ကုရ်အာန်ကျမ်းတော်မြတ်ဖြင့်ဖွင့်လှစ်ခဲ့သည့်ကြည်နူးဖွယ်မြင်ကွင်း🥰❤️ #SoeThuya #သာသနာ့အသိပညာ”လို့ ရေးသားပြီး “Soe Thu Ya” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ကမ္ဘာ့ဖလားဖွင့်ပွဲနေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ ဒီလိုသတင်းမှားစတင်ပျံ့နှံ့ခဲ့တာတွေ့ရပြီး အချက်အလက်စိစစ်တဲ့အဖွဲ့ အစည်းအသီးသီးက အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။  […]

Continue Reading

Fact Check: တရုတ်က လမ်းကြော ၄၈ လမ်းပါတဲ့ Toll Gate လား -မဟုတ်ပါ

တရုတ်နိုင်ငံက ၄၈ လမ်းသွား Toll Gate အဝင်အဝေးပြေးလမ်းမကြီးလို့ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံထဲက Toll Gate ဟာ  ၂၅ လမ်းပါ တိုးဂိတ်ဖြစ်ပါတယ်။ “တရုတ်နိုင်ငံ က ၄၈ လမ်းသွားToll Gate အဝင်အဝေးပြေးလမ်းမကြီး”လို့ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုကကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာဓာတ်ပုံကိုရှာကြည့်ရာမှာ ဒီဓာတ်ပုံကို လမ်း ၅၀ ပါတဲ့ တရုတ်နိုင်ငံကအမြန်လမ်းဆိုတဲ့ ပုံစံမျိုးနဲ့ အခြားသော ဘာသာစကားအသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့ဖူးတာတွေ့ရပါတယ်။ တစ်ချို့သော မီဒီယာတွေမှာ လည်း ဒီဓာတ်ပုံကို လမ်းပေါင်း ၅၀ ပါတဲ့ အမြန်လမ်းဆိုပြီးတော့လည်း ရေးသားကြတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဘရာဇီးက အမျိုးသမီးသီးသန့်နေထိုင်တဲ့ရွာဆိုတာမဟုတ်ပါ

ဘရာဇီးနိုင်ငံ Nolva Do Cordeiro ဆိုတဲ့ ရွာမှာ ယောင်္ကျားမယူချင်လို့ အိမ်ကထွက်လာတဲ့ မိန်းကလေးတွေသာ နေထိုင်တယ်ဆိုတဲ့အကြောင်းအရာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲနေတဲ့ သတင်းမှားတစ်ခုဖြစ်တာ တွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “ဘရားဇီးနိုင်ငံ Nolva Do Cordeiro ကျေးရွာလေးဟာ ယောင်္ကျားလေးတွေကို စိတ်ကုန်ပြီးလက်မထပ်ချင်တဲ့ မိန်းကလေးတွေ လာရောက် နေထိုင်ကြတဲ့ ရွာလေးဖြစ်ကြောင်း၊ ကျေးရွာလေးတစ်ခုလုံးမှာ မိန်းကလေးတွေသာ ရှိပြီး ယောကျာ်းတစ်ဦးမှ မရှိကြောင်း၊ ကျေးရွာရှိ မိန်းကလေးတွေ အားလုံးဟာ အပျိုကြီးတွေသာ ဖြစ်ပြီး ယောကျာ်းတွေကို စိတ်ကုန်လို့ သီးသန့်နေထိုင်ချင်သူတွေ ဖြစ်ကြောင်းနဲ့ မိန်းကလေးတွေဟာ စိုက်ပျိုးရေး လုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ကိုင်ပြီး မည်သူကိုမှ အားကိုးခြင်း မရှိဘဲ နေထိုင်နေတာ ဖြစ်ကြောင်း”လို့ ရေးသားပြီး “Kyaw […]

Continue Reading

Fact Check: ထိုင်ဝမ်က ၁၀၁ ထပ်အဆောက်အဦးလှုပ်ရမ်းနေတဲ့ ဗွီဒီယိုဟာ တကယ် မဟုတ်ပါ

ထိုင်ဝမ်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ အထပ် ၁၀၁ ထပ်ရှိတဲ့ Taipei 101 ဟာ စက်တင်ဘာ ၁၈ ရက်ငလျင်ကြောင့် လှုပ်ရမ်းနေတဲ့ပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ဒီဂျစ်တယ်နည်းလမ်းနဲ့ပြုပြင်ထားတဲ့ ဗွီဒီယိုသာဖြစ်ပြီး တကယ်မဟုတ်ဘူးလို့ ကုမ္ပဏီဘက်က တုံ့ပြန်ခဲ့ တာတွေ့ရပါတယ်။  Taipei 101 အဆောက်အဦးဟာ ၂၀၀၉ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ “ဒီနေ့ ငလျင်ကြောင့်ထိုင်ပေ (၁၀၁)ထပ်ကြီး ယိမ်းက နေတာ”လို့ ရေးသားပြီး “Tin MoeAye” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ကျွန်းနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ဟာ […]

Continue Reading

Fact Check: အမေရိကန်လွှတ်တော်အမတ် Ted Cruz ကို အဆိုတော် Harry Styles ဖက်နမ်းနေတာလား- မဟုတ်ပါ

အများမြင်ကွင်းမှာ အမျိုးသားနှစ်ယောက်နမ်းရှုံ့နေတဲ့ဓာတ်ပုံတစ်နဲ့အတူ အဆိုတော်နဲ့ သရုပ်ဆောင် ဟာရီစတိုင်း (Harry Styles) ကအမေရိကန်အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ်(Ted Cruz)ကို ဖက်နမ်းတဲ့ပုံဆိုပြီး ပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ်ဟာ တက်ဒ်ခရုဇ် ဟာ မကြာသေးခင်က လိင်တူချစ်သူတွေကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီပို့စ်ဟာ သရော်ထားတဲ့ပို့စ်တစ်ခုသာ ဖြစ်ပြီး ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်မှာ ဟာရီစတိုင်းက သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား ရုံတင်ပြသတဲ့ ရုပ်ရှင် ပွဲတော်တစ်ခုမှာ သူနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် နစ်ခ်ခရိုလ်(Nick Kroll)ကို အနမ်းပေးနေတဲ့ပုံပဲဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: အီတလီမှာ ကျောက်ခဲမိုးရွာနေတာလား-မဟုတ်ပါ

အီတလီနိုင်ငံမှာ ကျောက်ခဲမိုးရွာသွန်းမှုအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါ တယ်။ ကျောက်ခဲလို့ယူဆရတဲ့ အရာတွေကားတွေပေါ်တဗြုန်းဗြုန်းနဲ့ကြွေကျလာတာကို ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ တကယ်တော့ ရိုမေနီးယားနိုင်မှာ ၂၀၁၉ ခုနှစ်က မိုးသီးကြွေကျနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “မကြားဘူးတဲ့ ကပ်ဘေးပဲ အီတလီနိုင်ငံ၌  ဗုဒ္ဓဟူးနေ့ကကျောက်ခဲလုံးမိုးများရွာချနေစဉ်”လို့ ရေးသားပြီး “Zaw Myo Lwin” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချို့သောပို့စ်တွေ မှာ ဒီလိုဖြစ်ပျက်တာဟာ ဘာသာရေးကြောင့်ဆိုပြီးတော့လည်း ရေးသားနေကြတာတွေ့ရပါတယ်။ အချက်အ လက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ အဓိကျတဲ့စကားလုံးအသုံးပြုရှာဖွေကြည့်ရာမှာ ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ထဲမှာအမြောက်အများ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ၂၀၁၉ […]

Continue Reading