Fact Check: စစ်ပွဲကာလအတွင်းမှာ ရုရှားနဲ့ ယူကရိန်းကချစ်သူ ၂ ဦးချစ်နေပုံလား-မဟုတ်ပါ

စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားက ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းဆိုပြီးတော့ အပြာနဲ့အဝါစပ်အလံခြုံထားတဲ့ အမျိုးသား ကောင်လေးနဲ့ ဖြူ၊ပြာ၊နီစပ်ကြားအလံခြုံထားတဲ့ကောင်မလေးတစ်တို့ ရင်ချင်းအပ်နေတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။  ဖြူ၊ပြာ၊နီစက်ကြားအလံဟာ ရုရှားနိုင်ငံအလံဖြစ်ပြီး အပြာ၊အဝါစပ်အလံဟာ ယူကရိန်နိုင်ငံအလံဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်စပြီး ဒီဓာတ်ပုံပျံ့နှံ့လာတာဖြစ်ပါတယ်။ “နှစ်နိုင်ငံကြား စစ်ဖြစ်နေပေမယ့် မင်းဟာ ငါ့ရဲ့ အချစ်ဆုံးပါပဲ” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဓာတ်ပုံကို ပြန်လည်မျှဝေမှု ၁၅၀ ဝန်းကျင်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ယူကရိန်းကို လက်နက်ပို့တဲ့ ရထားကို ရိုက်ကူးထားတာလား- မဟုတ်ပါ

စစ်တပ်သုံးကားနဲ့ သံချပ်ကာတွေ တင်ဆောင်ခုတ်မောင်းလာတဲ့ ရထားတစ်စင်းကို ယူကရိန်းကို လက်နက်တွေ တင်ပို့တဲ့ ဗွီဒီယိုမြင်ကွင်းလို့ ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ ယူကရိန်းကို EU အပါအဝင် ဒီမိုကရေစီမဟာမိတ်တွေက လက်နက်ပံ့ပိုးမယ်ဆိုတဲ့ သတင်းတွေ(ဒီနေရာ၊ဒီနေရာ)နဲ့အတူ ဒီဗွီဒီယိုဟာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ကနေဒါနိုင်ငံက ဗွီဒီယိုတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ “Lethal ware Support Ukraine သို့ပို့ဆောင်မူ  မြင်ကွင်း။” စသည်ဖြင့် ရေးသားပြီး “Mahar Khine”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက မတ် ၃  အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အင်္ဂလိပ်ဘာသာနဲ့ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲက ရထားခေါင်းတွဲမှာ […]

Continue Reading

Fact Check: ယူကရိန်းနိုင်ငံသားတွေ မြန်မာနိုင်ငံအတွက်ပါ ဆန္ဒပြပေးနေတာလား-မဟုတ်ပါ

ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရပြီး စစ်ဖြစ်နေပေမဲ့ ယူကရိန်းနိုင်ငံသားတွေဟာ မြန်မာနိုင်ငံအတွက်လည်း ဆန္ဒပြ ပေးနေတယ်ဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိ ပါတယ်။  အမွေးပွ အနွေးထည်အင်္ကျီဝတ်အမျိုးသားက ယူကရိန်းနဲ့ မြန်မာစပ်ထားတဲ့ သရုပ်ဖော်ကတ်တစ်ခုကို ကိုင်ဆောင် ထားတဲ့ ဓာတ်ပုံ၊ယူကရိန်းကို ကယ်တင်ပါ၊ မြန်မာကိုကယ်တင်ပါလို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသား ထားတဲ့ ဓာတ်ပုံတွေအပါအဝင် ဓာတ်ပုံ ၃ ပုံနဲ့အတူ  “A Lawn Thin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၂၈ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။  “မြန်မာနိုင်ငံ အတွက် ပြန်လည်စိုးရိမ်ပေးတဲ့ ယူကရိန်းနိုင်ငံကို ကျေးဇူးအများကြီးတင်ပါတယ်🇲🇲🤝🇺🇦 Велике спасибі Україні за те, що висловлює занепокоєння […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီး တပ်သားတွေ မဟုတ်ပါ

ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီးတပ်သားတွေလို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ် မှာပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ လေထီးခုန်နေသူအများအပြားကို ရိုက်ကူးထားဟန်ရှိပြီး လေယာဉ်တစ်စီး ပျံသန်းသွားတဲ့မြင်ကွင်းလည်းပါဝင်ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့လျက်ဗွီဒီယိုဖြစ်တာတွေ့ရပြီး လက်ရှိ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်မှုနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ “ ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော  ရုရှားလေထီးတပ်သားများ Video Crd”လို့ ရေးသားပြီး “Harry – Forex Business Consultant”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော် ဝါရီ ၂၅ ရက်က ဒီဗွီဒီယိုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၂၀၀ ဝန်းကျင်ရှိတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီစွာရေးသားမျှဝေထားပြီး […]

Continue Reading

Fact Check: ၂၀၂၀ ခုနှစ်က ရုရှားမှာအစမ်းလေ့ကျင်ပျံသန်းမှုဗွီဒီယိုကို လက်ရှိ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုအဖြစ်မျှဝေ

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဆိုပြီး လေယာဉ်တွေအုပ်စုဖွဲ့ပျံ့သန်းလာတာကို အဆောက်အဦး တစ်ခုအောက်က မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီဗွီဒီယိုထဲမှာ တိုက်လေယာဉ်အုပ်စုနဲ့ ရဟတ်ယာဉ်တွေ လအုပ်စုဖွဲ့ပျံသန်းလာတာတွေပါဝင်ပြီး အခြားသော ပေါက်ကွဲမှု၊ပစ်ခတ်မှုမြင်ကွင်းတွေလည်းပါဝင်ပါတယ်။ သို့သော် တိုက်လေယာဉ်တွေ အုပ်စုဖွဲ့ပျံသန်းလာတဲ့ ဗွီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “ရုရှားက ယူကရိန်းကိုကျူးကျော်စစ် ထိုးစစ်ဆင်လိုက်တဲ့ ရုပ်သံများကို စုစည်းတင်ပြထား ပါသည်။” စသည်ဖြင့်ရေးသားပြီး “Andrew KC”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေ ထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် နိုင်ငံရဲ့ အစိတ်အပိုင်းအများအပြား ရုရှားလက်အောက်ကျရောက်ခဲ့ပြီး ရုရှားတပ်တွေဟာ မြို့တော် ကိယက်ဗ် (Kyiv)အနီးအထိရောက်ရှိနေပါတယ်။ […]

Continue Reading

Fact Check: ရုရှားကျူးကျော်မှုကို ယူကရိန်းသမ္မတကိုယ်တိုင် စစ်ထွက်တိုက်နေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ရုရှားဟာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုသတင်းဟာ လူမှုကွန်ယက် အသုံးပြုသူများအကြား ရေပန်းစားတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အင်းအားမမျှပေမဲ့ ယူကရိန်းသမ္မတကိုယ်တိုင် ရှေ့တန်းကနေ ခုခံကာကွယ်နေတယ်လို့ ချီးကျူးရေးသားထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်အတွင်းက ယူကရိန်းသမ္မတ ၂၀၂၁ ခုနှစ်ဧပြီလအတွင်းက  စစ်အခြေစိုက် စခန်းတွေကို သွားရောက်လည်ပတ်တုန်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒါကတော့ ယူကရိန်းသမ္မတပါ။ အခုတော့ ရှေ့တန်းမှာ စစ်သည်တွေနဲ့အတူ တွေ့မြင်ရပုံဖြစ်ပါတယ်။ သူဟာ အခုထိ ယူကရိန်းကို စွန့်ခွာထွက်ပြေးသွားခြင်း မရှိသေးပါဘူး။ ယူကရိန်းစစ်တပ်ဟာ ရုရှားထက် အများကြီး အင်အားနည်းပေမယ့် မျှော်မှန်းထားတာထက် ပိုပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီနေ့က အဆိုးဆုံးတိုက်ပွဲကြီးတွေ ဖြစ်လာမယ့်နေ့လို့လဲ ကမ္ဘာက ခန့်မှန်းထားကြပါတယ်။ မြို့တော်ကို […]

Continue Reading

Fact Check: Mr Bean သေဆုံးတဲ့သတင်းက မဟုတ်ပါ

ဟာသမင်းသားကြီး မစ္စတာဘင်း(Mr. Bean) ဟာ နိုဝင်ဘာ ၂၂ရက်က ကွယ်လွန်သွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။  “ဟာသမင်းသားကြီး(၂၂*၁၁*၂၀၂၁)ကွယ်လွန် သွားပါပီ😢”လို့ ရေးသားပြီး “Mg Insein” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကမျှထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မစ္စတာဘင်းရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ Mr Bean မှာယခုစာရေးသားနေချိန်အထိ သူနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေထင်နေတာတွေ့ရပေမဲ့ သူကွယ်လွန်တယ်ဆိုတဲ့ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရပါဘူး။ မစ္စတာဘင်း(Mr. Bean)လို့ လူသိများတဲ့ ဟာသသရုပ်ဆောင်(Rowan Atkinson)သေဆုံးတယ်ဆိုတဲ့ သတင်းဟာ မဟုတ်ဘဲ လုံးဝကျန်းမာပါတယ်လို့လည်း သူ့အရေးကိစ္စတွေကိုစီမံခန့်ခွဲပေးနေတဲ့ […]

Continue Reading

Fact Check: Quad နဲ့ မြန်မာကမ်းစောင့်တပ် ပင်လယ်ပြင်တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါ

အမေရိကန်ရေတပ် လေယာဉ်တင် သင်္ဘော USS carl vinson ဦးဆောင်တဲ့ Quad အဖွဲ့နဲ့ မြန်မာစစ်တပ် ဘင်္ဂ လားပင်လယ်အော်မှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ USS  carl vinson သင်္ဘောကို ဖျက်ဆီးလိုက်နိုင်တယ်လို့ ရေးသား တဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဒီလိုတိုက်ပွဲအတွင်းမှာ ကိုကိုးကျွန်းအခြေစိုက် မြန်မာရေတပ်ကနေ ဒုံးကျဉ် ၂၁ လုံး၊ကမ်းစောင့်တပ်ကလည်း တော်ပီဒို ၃၂ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး မင်္ဂလာဒုံလေတပ်ကနေလည်း SuKhoi-35 တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ ရေးသားထားပါတယ်။ သို့သော် ဒီလို ထိပ်တိုက်ထိတွေမှုအပါအဝင် တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့အထောက်အထားမတွေ့ရပါဘူး။  “Min Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပွဲကတော့စပြီ USS carl […]

Continue Reading

Fact Check: ဘောလိဝုဒ် သရုပ်ဆောင်မင်းသား ရှရွတ်ခန်း လေယာဉ်ပျက်ကျ သေဆုံးဆိုတဲ့ သတင်းမှားပျံ့နှံ့

လေယာဉ်ပျက်ကျမှူကြောင့် ဘောလိဝုဒ် နာမည်ကြီး အိန္ဒိယ ရုပ်ရှင်မင်းသား ရှရွတ်ခန်း(Shah Rukh Khan)နဲ့ အတူ စုစုပေါင်း ခရီးသည် ၁၁၀ သေဆုံးခဲ့ရတယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည် မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အသုဘအခမ်းအနား တစ်ခုမှာ ငိုကြွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဓာတ်ပုံ၊ အိန္ဒိယအလံ ဖုံးအုပ်ထားတဲ့ အသုဘဘေးမှာ ရပ်နေတဲ့ အဖြူရောင်ဝတ် အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ၊ ဘောလိဝုဒ် နာမည်ကြီး မင်းသား ရှရွတ်ခန်းရဲ့ ဓါတ်ပုံနှစ်ပုံပါဝင်ပါတယ်။ သို့သော် ရှရွတ်ခန်းသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုသတင်း တစ်စုံတစ်ရာမတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်အများအတွင်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “Zaw Aung Aung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အိ န္ဒိယ နာမည်ကြီးအနုပညာရှင် ရှရွတ်ခန်း… လည်းကြွေလွင့်ခဲ့ပီကော..ယနေ့ (12:35)တွင် […]

Continue Reading

Fact Check: WWE နပန်းသမား John Cena ကိုဗစ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန် တယ်ဆိုတဲ့ သတင်းမှား

WWE နပန်းသမားဂျွန်ဆီနာ(John Cena)ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုပြီးတော့ လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်များအတွင်း အကြောင်းအရာ အမျိုးမျိုးနဲ့ ပျံ့နှံ့လျက်ရှိခဲ့တဲ့ ပုံဟောင်းတွေဖြစ်ပါတယ်။ “John Cena သည် ပြီးခဲ့သောရက်သတ္တပတ်တည်းက Covid 19ရောဂါ ကူးစက်ခံစားနေခဲ့ရခြင်းဖြစ်သည်။ 11.8.2021 ညနေ ၆နာရီချိန်တွင် NewYork အထွေထွေဆေးရုံကြီး၌ဆေးကုသမှုခံယူရင်းရုတ်တရက် အောက်ဆီ ဂျင်ကျကာ နှလုံးရပ်တံ့သေဆုံးသွားခဲ့သည်။”လို့ရေးသားပြီး “Aung Soe Paing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂ ထောင် ၂ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  […]

Continue Reading