Fact Check: ၆ လသက်တမ်းမတိုးတော့ဘဲ ရာသက်ပန် အနားယူတော့မယ်လို့ စစ်ခေါင်း‌ဆောင် ကြေညာတဲ့ သတင်းတု 

ဇန်နဝါရီ ၃၁ ရက်မှာ အနားယူတော့မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ လာမယ့် ဇန်ဝါရီ ၃၁ ရက်မှာ ၆ သက်တမ်းကုန်ပြီး အနားယူတော့မယ်လို့ ကြေညာတာကြောင့် တကမ္ဘာလုံးက ကခုန်နေကြပြီလို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုထားပါတယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဖြန့်ဝေအပြီး ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၃၀၀၀၀ ကျော်ရှိတယ်။ “လာမယ့် ၃၁ ရက်နေ့ ၆ လတိုးသက်တမ်းကုန်ပြီဖြစ်လို့ ပလ္လင်ပေါ်က ဆင်းတော့မယ်တဲ့ ရာသက်ပန် အနားယူတော့မည်ဟု မအလ ကြေညာ တကမ္ဘာလုံး ကခုန်နေကြကုန်ပြီ” မူရင်းလင်ခ့် – […]

Continue Reading

Fact Check: လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်က နေအိမ် ကို ပြန်ရောက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “(၄)ရက်နေ့ လွတ်လပ်ရေးနေ့အောင်ပြီ အမေစုလွတ်ငြိမ်းခွင့်ရပြီဟေ့ ခြံအမှတ်(၅၄)နေအိမ်ကို ပြန်ပို့ပေးလိုက်ပြီ ရန်ကုန်ခေတ်သစ် တရားဝင်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဇန်နဝါရီ ၄ ရက်မှာ စစ်ခေါင်းဆောင်က အကျဉ်းသား ၉၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားအချို့ပါဝင်လာပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ သို့သော်လည်း ‌ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် လျော့‌ပေါ့ပေးတဲ့ ကြေညာချက်သို့မဟုတ် […]

Continue Reading

Fact Check: ရန်ကုန်မှာ စက်သုံးဆီဆိုင်တဆိုင် တန်းစီစနစ်နဲ့ရောင်းချစဉ် ဗုံးခွဲတိုက်ခိုက် ခံရပြီး အများအပြားသေဆုံးတဲ့ သတင်းတု

ရန်ကုန်မြို့မှာ တန်းစီစနစ်နဲ့ ရောင်းနေတဲ့ ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြည်သူအများအပြားသေဆုံးတယ်လို့ဆို တဲ့ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ရုပ်ကတ်ပါစာသားကိုလည်း ကြည့်ပါ။ “(၂၆)ရက် အရေးပေါ်သတင်း ရန်ကုန်မြို့တွင်တန်းစီစနစ်ဖြင့် ရောင်းနေတဲ့ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရ ပြည်သူအများအပြားသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တန်းစီနေစဉ် ဆီဆိုင်တဆိုင် ဗုံးခွဲတိုက်ခိုက်ခံရလို့ အများအပြားသေဆုံးတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်း အမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကိုပဲ ပြန်လည် ကူးယူဖော်ပြပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဆွေးနွေးဖို့ ကမ်းလှမ်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က ဆွေးနွေးဖို့ ကမ်းလှမ်းပြီး ချမှတ်ထားတဲ့ ပြစ်မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားတွေသာဖြစ်တယ်။ အောက်ပါကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုပါစာသားကောက်နုတ်ချက်နဲ့ ဖြန့်ဝေထားပုံကို စခရင်ရှော့ရယူထားခြင်းဖြစ်တယ်။  “ဒေါ်စုရဲ့အမှုအားလုံးရုပ်သိမ်းပြီး ရာသက်ပန်လွှတ်ပြီ မင်းအောင်လှိုင် ဆွေးနွေးနေရပြီ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှလည်း ဒီလိုပြောဆိုဖော်ပြချက်မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင်က ကမ်းလှမ်းသယောင် ဖြန့်ဝေနေတဲ့  Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း […]

Continue Reading

Fact Check: မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးတမိသားစုလုံးသေဆုံးပြီး လေယာဉ် အစီး ၂၀ ပျက်စီးဆိုတဲ့ သတင်းတု 

မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးမိသားစုသေဆုံးခဲ့ပြီး လေယာဉ်အစီး ၂၀ ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ ထိခိုက်သေဆုံးမှုအချို့ရှိပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကို တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မန္တလေးတိုင်း စစ်ဌာနချုပ် ဒုံး(၆)လုံးနဲ့ ပစ်ခပ်ခံရမှုမှာ တိုင်းမှူးတစ်မိသားစုလုံး ထိပြီး သေဆုံးတဲ့ လေယဉ်အစီး(၂၀)ပြာကျ၊ သွေးချောင်းစီးခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် မန္တလေးနန်းတော်ထဲမှာ ရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြို့ပြပြောက်ကျားစစ်ဆင်ရေးအနေနဲ့ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ခဲ့တဲ့ အဖွဲ့က ထုတ်ပြန်ခဲ့ပြီး  […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ သီတဂူဆရာတော်တောင်းဆိုလိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာဟာ သတင်းမှားသာဖြစ်တယ်။ သတင်းမီဒီယာ အချို့မှာဖော်ပြပါရှိပြီး သတင်းတွေကို ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “သီတဂူ ပြောရင် အားလုံးဖြစ်တယ် ဒေါ်စုနဲ့ သမ္မတကို လွှတ်ဖို့ ဿီတဂူပြော ခေတ်သစ်ကြေငြာပြီ” (မူရင်းအရေးအသား)။ ဗွီဒီယိုအစမှာ ပြသတဲ့ ဒီစာသားပါတဲ့ ရုပ်သေဓာတ်ပုံမှာ ရန်ကုန်ခေတ်သစ်မီဒီယာ အစီအစဉ်တင်ဆက်သူက သတင်းကြေညာနေတဲ့ ဓာတ်ပုံနဲ့တကွမျှဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ အခု ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာလည်း သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်း ဖြစ်တယ်။ ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: အဖွဲ့ ၂၁ ဖွဲ့ပေါင်းပြီး နေပြည်တော်ကို သိမ်းမယ်လို့ KNU ဥက္ကဌကြေညာတဲ့ သတင်းတု

လက်နက်ကိုင် ၂၁ ဖွဲ့ ပူးပေါင်းပြီး နေပြည်တော်ကို အပြီးဝင်သိမ်းမယ်လို့ KNU ဥက္ကဌကြေညာလိုက်ပြီနောက် နေပြည်တော်က စစ်ဗိုလ်ချုပ်တွေနုတ်ထွက်ကုန်တယ်လို့ဆိုလိုထားတဲ့  ဗွီဒီယိုတခု ယူကျူ့မှာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လက်နက်ကိုင်(၂၁)ဖွဲ့ ပူးပေါင်းပြီး နေပြည်တော်ကို အပြီးဝင်သိမ်းမည်ဟု KNUဥက္ကဌကြေညာ စစ်ဗိုလ်ချုပ် ၉၆ ဦးချက်ချင်းနုတ်ထွက်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တော့ ဒီဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ လူထုနွေဦးသတင်းစာမျက်နှာဖော်ပြခဲ့တဲ့ “စစ်ပွဲများလာပါက လူထုတစ်ရပ်လုံး၏ အနာဂတ် အကျိုးစီးပွားအတွက်ဟုနားလည်ရန် KNU ဥက္ကဋ္ဌ အသိပေး”ဆိုတဲ့ အကြောင်းအရာကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီသတင်းထဲမှာ KNU  ဥက္ကဌက  စစ်ကောင်စီပြုတ်ကျရေးအတွက် စစ်ပွဲတွေ […]

Continue Reading

Fact Check: ရှေ့တန်းကတပ်မှူးတွေ အရေးကြုံရင် လက်နက်ချဖို့ ဒု-ချုပ်စိုးဝင်း အမိန့်ပေးတဲ့ သတင်းတု

ရှေ့တန်းကတပ်မှူးတွေ အရေးကြုံရင် လက်နက်ချဖို့ ဒု-ချုပ်စိုးဝင်း အမိန့်ပေးအပြီးမှာ တပ် ၉၉ တပ်ရင်းမှူး အပါဝင်အားလုံးအညံ့ခံတယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာ တွေ့ရတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထာတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ရှေ့တန်း တပ်မှူးတွေအရေးကြုံရင် လက်နက်ချဖို့ ဒုချုပ် စိုးဝင်း အမိန့်ပေးအပြီး တပ် ၉၉ တပ်ရင်းမှူးအပါဝင်အာလုံး အညံ့ခံ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းဖော်ပြချက်တွေကို နားလည် မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ချိတာတွေ့ရပါတယ်။ တကယ်တော့ ဗွီဒီယိုဟာ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ ယူကျူ့ချန်နယ်မှာ နိုဝင်ဘာ ၁၁ ရက်မှာဖော်ပြခဲတဲ့ “Khit Thit သတင်းဌာန၏ […]

Continue Reading

Fact Check: ကလေးလေဆိပ်ကို PDF နဲ့ CDF စီးနင်းမှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဆိုတဲ့ သတင်းခေါင်းစဉ်မှား

ကလေးမြို့လေဆိပ်ကို PDF နဲ့ CDF စီးနင်းတိုက်ခိုက်မှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီး ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ယခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ထို့အပြင် ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုပါသတင်းဟာ The 74 Media က နိုဝင်ဘာ ၂၁ ရက်မှာ ဖော်ပြခဲ့တဲ့ “ကလေးမြို့ လေဆိပ် ဒရုန်းနှင့်ဗုံးချတိုက်ခိုက်ခံရပြီး လေယာဉ် […]

Continue Reading

Fact Check: လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ကို ကရင်နီလွတ်မြောက်ရေး တပ်တွေက သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းမှား

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ကို ကရင်နီလွတ်မြောက်ရေး တပ်တွေက သတ်ဖြတ်လိုက်တယ်ဆိုတဲ့ ပို့စ် တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ကျွန်မ သိလိုက်ပါပြီ .. အိပ်မက်တွေကလည်း မကောင်းဘူး .. ကျွန်မတို့ရဲ့ ပါမောက္ခချုပ် Dr. အောင်ခင်မြင့် ဆုံးသွားပါပြီ။ ကယားအဖွဲ့က ရက်ရက်စက်စက် သတ်လိုက်တာပါ။ (Online မှာ ပျံ့နေတဲ့ ပုံတွေပါ) ဆရာရဲ့ မိသားစုတွေထိ ရောက်အောင်သွားပြီး ကောင်းမှုလုပ်ပေးပါ့မယ်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ကရင်နီဒေသမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုတွေက “၁၁၁၁”စစ်ဆင်ရေးအဖြစ်  […]

Continue Reading