Fact Check: ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အရာရှိ ၅၉ ဦး ရာထူးမှ နုတ်ထွက်မှုသတင်းတု
ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အရာရှိ ၅၉ ဦး ရာထူးမှ နုတ်ထွက်မှုသတင်းတုပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့နဲ့စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ “ဗိုလ်ချုပ်ကြီး ဦးရာပြည့်နဲ့ အရာရှိ (၅၉)ဦး ရာထူးမှ နုတ်ထွက်ကုန်ပြီ(ထူးပြီဟေ့) MWD သတင်းအတည်ပြု ကြေညာပြီ/ရှုံးမဲမဲဖြစ်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။ ဒီလိုပဲ အခုဗွီဒီယိုထဲမှာပါသလို စစ်တပ်ပိုင် MWD သတင်းဌာနကနေပြီးတော့ […]
Continue Reading