Fact Check: စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင်ဆိုတဲ့ သတင်းတု
စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တာမှာ အောင်မြင်မှုရခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျု့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီလို တွေ့ဆုံမှုနဲ့ ညှိနှိုင်းအောင်မြင်မှုရရှိခဲ့ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုတယ်လို့လည်း ဆိုပါတယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသား ကောက်နုတ် ချက် ဖြစ်တယ်။ “Breaking News ဗိုလ်ချုပ်ဇော်မင်းထွန်းအတည်ပြု စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင် မနက်ဖြန် (၉)နာရီမှ (၁၁)နာရီအထိဒေါ်စုမိန့်ခွန်းပြောမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တယ်ဆိုတဲ့အကြောင်း သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖြစ်စေ ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။ “MS Story (Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]
Continue Reading